နေနဲ့လရဲ့ချစ်ခြင်းအပြိုင် part 14

116 13 0
                                    

ထိုင်ခုံမှာနေရာချပေးပြီးတော့
P'Sandi : အဟင့် ခြေထောက်ကတော်တော်နာနေတယ် N' ရယ် P' ကိုကြည့်ပေးပါအုံး
ထိုအချိန်တွင်
Mean : Saint happy birthday 🎉 အာ ဧည့်သည်ရှိနေတာလား 😁😁
Perth : အာ P'Mean လာတာနဲ့အတော်ပဲ P'Sandi ကခြေထောက်အစစ်လွဲသွားတယ်တဲ့အဲ့ဒါသူ့ခြေထောက်တော်တော်ဖြစ်သွားတယ်ဆိုပြီးစိုးရိမ်နေတယ် P'Mean
တစ်ချက်ကြည့်ပေးရင်း P'Sandi အတွက်စိတ်ငြိမ်ဆေးလေးပါ ဆေးစာလုပ်ပေးလိုက်ပါအုံး
Mean လှမ်းကြည့်လိုက်တော့ သိပြီလေ ဟိုကောင်မလေးကအသည်းအသန် Saint ကိုဆွဲထားတာ ဟိုကောင် Saint ကိုကြည့်တော့လဲ မျက်နှာကကြက်ကြီးလည်လိမ်ထားတဲ့ရုပ်နဲ့ သဘောပေါက်လိုက်ပြီ
Mean : ကြည့်ပေးရမှာပေါ့ဘယ်နားဘာဖြစ်လို့လဲ
အဲ့အချိန်မှာပဲ
Plan : hello Perth
Perth : အာ ဟျောင့် မင်းငါ့ပွဲလာတာလား
Plan : ဟုတ်တာပေါ့ သားကြီးရဲ့ မင်းပွဲတွေငါတစ်ပွဲမှမရောက်ဖြစ်တာ sorry ပါကွာငါ့ဆိုင်ကိစ္စတွေရှုပ်နေလိူ့အခုတော့ အလုပ်တွေအကုန်ပစ်ထားပြီးငါ့ချစ်သူငယ်ချင်းကြီးဆီပြေးလာတာ😁😁
Perth : တော်ပါအပိုတွေ
Plan : ဒါနဲ့ဒီမှာလူတွေများနေတယ်နော် (တိုးတိုးလေးကပ်မေးခြင်း)
Perth : အော် ဟုတ်သားပဲငါမိတ်ဆက်ပေးမယ် ဒါကတော့ P'Saint သူ့ကိုတော့သိတယ်မဟုတ်လား ပြီးတော့ သူက P'Sandi နာမည်ကြီးမင်းသမီးပဲလေ ပြီးတော့သူကတော့ နာမည်ကြီးစိတ်ရောဂါအထူးကုဆရာဝန် P'Mean တဲ့ခုနက P'Sandi ခြေခေါက်သွားပြီးစိတ်တွေမငြိမ်မသက်ဖြစ်နေလို့ P'Mean ကကြည့်ပေးနေတာ အားလူံးပဲဒါကတော့ကျွန်တော့်ငယ်သူငယ်ချင်း Plan တဲ့
Perth မိတ်ဆက်ပေးလိုက်မှပြုံးစိစိနဲ့ရီချင်တာကိုထိန်းထားသောSaint နဲ့ Mean ၊ P'Sandiတစ်‌ေယာက်က‌ေတာ့သူ့ကိုစိတ်ရောဂါသည်လို့သွယ်ဝိုက်သောနည်းနဲ့အပြောခံလိုက်ရလို့ဒေါအကြီးအကျယ်ထွက်ကာ စောင့်အောင့်ပြီးအခန်းအပြင်ထွက်သွားတော့လေသည်။
တံခါးပိတ်သွားအသံနှင့်အတူ Saint နဲ့ Mean ရဲ့ရီသံကျယ်လောင်စွာထွက်လာတော့သည်။
Saint,Mean : ဟားး ဟားးးဟားး
Mean : P'Sandi ကိုသေချာမြင်လိုက်ကြလားပေါက်ကွဲတော့မယ်ဗုံးတစ်လုံးလိုပဲ ဟားးးဟားးဟားးး
Saint : သေချာကြီးကိုတွေ့လိုက်တာပေါ့ကွာဟားးဟားးဟားး
Perth : ရီနေ ရီနေသိလား ဟွန့်
Saint : ဟာ ငယ် စိတ်ဆိုးသွားတာလား စိတ်မဆိုးပါနဲ့ကွာ ကိုကိုဘာမှမလုပ်ဘူးလေ သည်းငယ်ရာ သူကသာကိုကိူ့ ကိုအတင်းလိုက်ကပ်နေတာလေငယ်လဲမြင်ရဲ့သားနဲ့ စိတ်မဆိုးပါနဲ့သည်းငယ်ရယ်နော်
Perth : မဆိုးပါဘူးဗျာ ကျွန်တော်မြင်နေတာပဲကို ကိုကို ကအသည်းအသန်ရီနေတာမပြီးတော့လို့တမင်စလိုက်တာ 😁😁
Saint : ငယ်အရမ်းဆိုးတာပဲကွာကိုကိုကတကယ်စိတ်ဆိုးသွားတယ်ထင်လိုရင်ပူသွားတာပဲ
ဟုပြောကပုခုံးဆွဲဖတ်ကာရင်ခွင်တဲ့ဆွဲသွင်းလိူက်သော Saint တို့အား သူတို့အကြောင်းဘာမှမသိဘဲ သူတို့ရဲ့အခေါ်အဝေါ်အပြုအမူတွေအားအံ့ဩကြီးစွာပြူးကြည့်နေတာကတော့ Mean နဲ့ Plan ရယ်ပါ
Plan : ဟျောင် Perth မင်း မင်း မင်းတို့နှစ်ယောက်က  ငါ့တောင်အသိမပေးဘူးကွာ
စိတ်ကောက်သွားသော plan ရယ်ပါ
Mean : အေးကွာ ဟျောင် saint မင်းကွာနေနိုင်လိုက်တာငါ့တောင်မပြောဘူး
Saint : မဟုတ်ရပါဘူးကွာမင်းလဲအလုပ်ရှုပ်ငါလဲပွဲတွေနဲ့ ငယ်လဲ ပွဲတွေနဲ့ဆိူတော့ငါတို့တောင်အချိန်မနည်းယူပြီးခိုးတွေ့နေရတာမို့လို့မပြောဖြစ်တာပါကွာ
Perth : ဟုတ်ပါတယ်ကွာ စိတ်မဆိုးပါနဲ့ငါ့သူငယ်ချင်းကြီးရာနော်
Plan : အောင်မလေးဗျာရေခဲတုံးမင်းသားကျွန်တော့်သူငယ်ချင်းကြီးဘယ်ကမ္ဘာရောက်သွားတာလဲဟ အခုတော့လဲပြုံးဖြီးနေတာပဲ မင်းနဲ့ခင်လာတောင်နှစ်ပေါင်းမနဲတော့ဘူးမင်းဒီလိူပြုံးတာအခုမှပဲမြင်ဖူးတော့တယ် မင်းပျော်နေရင်ပြီးတာပါပဲကွာ
Perth : ဟီးဟီး 😁😁😁
Mean : ကယ်ဒါဆိုလဲငါတို့ပွဲထဲကပဲစောင့်တော့မယ် ပွဲပြီးရင်တော့ငါတို့လေးယောက်တစ်ဝိုင်းပဲနော်
Saint : အေးပါကွာ
Plan : ကဲဒါဆိုသွားပြီဟျောင်
Perth : ok ကွာ
အားလုံးထွက်သွားတော့ ကိုကိုက အခန်းတံခါးလော့ချလိုက်ကာ
Saint : happy 3 month Anniversary ပါ ကိုကို့သည်းငယ်
Perth : happy birthday ပါကိုကို ရော့မွေးနေ့လက်ဆောင်
ဗူးလေးကိုဖွင့်ကြည့်လိူက်တော့
Saint : ဝါး couple balance လေးပဲ ကျေးဇူးပါသည်းငယ်
Perth : ကိုကိုကြိုက်တယ်ဆိုငယ်‌ေကျနပ်ပါတယ် လာ ငယ်ဝတ်ပေးမယ်

နေနဲ့လရဲ့ချစ်ခြင်းအပြိုင် (Complete)Where stories live. Discover now