နေနဲ့လရဲ့ချစ်ခြင်းအပြိုင် Part 11

121 14 0
                                    

At ခေါင်မိုးထပ်,
စိတ်ပြေအောင်ချော့တစ်လှည့်ခြောက်တစ်လှည့်နဲ့ပြောနေသော်လဲမရ သေချာတာကတော့ဒီကောင်မလေးစိတ်ရောဂါသည်တစ်ယောက်ပဲ ဘယ်လိုပြောပြော "စေးစေးအနားကထွက်သွားစေးစေးအနားမှာမနေနဲ့ သတ်ပစ်မှာ"ဟုပဲပြောနေတော့သည်။ သူတို့နှစ်ယောက်ဘာမှမပတ်သက်ပါဘူးဆိုလဲမရဘူး ထောက်ထားတဲ့ဘောပင်နဲ့ လည်ပင်းကိုဖိထားတာမို့ သွေးတောင်ထွက်နေပြီ
Girl : နင်အခုချက်ချင်း စေးစေးအနားကထွက်သွားမလား နင့်ကိုငါသတ်ရမလားပြော
Perth : ငါထွက်သွားမှာပါ နင်နေပါဆိုရင်တောင်သူ့အနားမှာငါနေလို့မရပါဘူးဟာအခု series နဲ့ပတ်သက်နဲ့ fanmeeting တွေပြီးရင်ငါနိုင်ငံခြားကိုအပြီးထွက်သွားတော့မှာ ပြီးတော့ P'Saint ကငါ့ကိုမချစ်ပါဘူးအဲ့ဒါကြောင့်နင်စိတ်မပူပါနဲ့
Saint : Perth ! ဒီကညီမ သူ့ကိုလွှတ်ပေးလိုက်ပါ
ဘယ်အချိန်ကရောက်နေမှန်းမသိတဲ့ကိုကို့ အသံ "ဟင် ကိုကို လိုက်လာတယ် ငါခုနကပြောတဲ့စကားတွေကြားသွားပြီလားမသိဘူး"
Girl : မလွှတ်ဘူး သူက စေးစေး ကိုငါ့ဆီကခေါ်သွားလိမ့်မယ်မလွှတ်ဘူး သူ့ကိုသတ်မှာ
"ငယ် ငယ့်လည်ပင်းမှာသွေးထွက်နေပြီ ကိုယ့်ကြောင့် ငယ်သာတစ်ခုခုဖြစ်ရင်ကိုယ်သေလိမ့်မယ် "
Saint : သူ့လည်ပင်းမှာသွေးထွက်နေပြီ အကိုတောင်းပန်ပါတယ်လွှတ်ပေးပါ
Girl : မရဘူး
Saint : တောင်းပန်ပါတယ် (ဒူးထောက်လျှာက်)
Perth : P'Saint!
Saint : ဒီလိုဒူးထောက်‌ပြီးတောင်းပန်ပါတယ် သူ့ကိုလွှတ်ပေးပါ သူသာတစ်ခုခုဖြစ်သွားရင် အကိုသေသွားလိမ့်မယ် (မျက်ရည်တွေကျလျှက်) သူ့ကိုဘာမှမလုပ်ပါနဲ့ အကို့ကြောင့်မဟုတ်လား အကို့ ကိုပဲအပြစ်ပေးပါ သူနဲ့ဘာမှမဆိုင်ပါဘူးသူဘာမှမသိပါဘူးအကိုကသာသူ့ကိုတစ်ဖက်သက်ချစ်မိနေတာပါ အကို့ကြောင့်
(ဒူးထောက်လျှက်အောက်ကသံပန်သလင်းကိုလက်သီးဖြင့်အချက်ပေါင်းများစွာထိုးနေတော့သည်။ )
ကောင်မလေးကော Perth. ပါကြောင်ကြည့်နေစဉ် saint နောက်မှပါလာတဲ့  bodyguard တွေက ‌ကောင်မလေးအနောက်ကိုအသာကပ်ကာ ကောင်မလေးကိုဖမ်းချုပ်လိုက်တော့သည်။
Perth တစ်ယောက်လွတ်သွားတာနဲ့ အဆက်မပြတ်လက်သီးဖြင့်ထိုးနေ၍သွေးတွေရဲနေပြီဖြစ်သောလက်သီးပိုင်ရှင်ဆီအပြေးသွားကာ
Perth : ကိုကို ! တော်ပါတော့ တော်ပါတော့ဗျာ တော်ပါတော့
Saint : ငယ် ငယ် သတိထားအုံးလေ ငယ်!
ကိုကို့ လက်ကိုပြေးဆွဲပြီး ကျွန်တော် ဟန်မဆောင်နိုင်တော့တဲ့အဆုံးလောကကြီးနဲ့အဆက်အသွယ်ပျက်သွားတော့သည်။
လူကြီးတွေနဲ့ P'Chen တို့ရောက်လာတော့ဆေးရုံကားခေါ်ကာ Perth ကိုပွေ့ပြီးခေါ်လာလိုက်တော့သည်။ Saint မျက်လုံးထဲဘာမှမမြင်တော့ပါ သွေးထွက်နေတဲ့အနာကိုလဲခေါင်းထဲမရှိသူသိတာတစ်ခုပဲရှိတယ် Perth သာတစ်ခုခုဖြစ်ရင်သူအသက်မရှင်နိုင်တော့ဘူးဆိုတာပဲ
At hospital,
Saint : ဆရာ ငယ်ဘာဖြစ်တာလဲ စိုးရိမ်ရလား
Doctor : မစိုးရတော့ပါဘူးလည်ပင်းကဒဏ်ရာကလဲသိပ်မနက်ပါဘူး စိတ်ပင်ပန်းပြီးအားနည်းသွားလို့သတိလစ်သွားတာပါ ဆရာအားဆေး‌သွင်းပေးထားတယ် မင်းလက်ကိုအရင်ဆေးထည့်လိုက်ပါအုံး nurse!
သူ့ကိုဆေးထည့်ပေးလိုက်ပါအုံး
Saint : ရပါတယ်ဆရာ မထည့်တော့ပါဘူး ကျွန်တော်ငယ်နားကနေဘယ်မှမသွားဘူး ငယ်ဘယ်တော့သတိရမှာလဲဆရာ
Doctor : ခဏနေရင်သတိရမှာပါ ကဲဒါဆို doctor သွားမယ်
Saint : ဟုတ်ကဲ့ကျေးဇူးပါ doctor
Perth ရဲ့လက်ကလေးကိုကိုင်ကာ
Saint : ငယ် ဘာမှမဖြစ်လိုက်ပါနဲ့နော် ငယ်ဒဏ်ရာတစ်ခုရတာ ကိုယ့်ရင်ကိုဓါးနဲ့မွှန်းနေသလိုပဲကွာ သတိရပါတော့ ကိုယ်မခံစားနိုင်လို့ပါကွာ
သူစကားတွေပြောနေစဉ် Perth သတိရလာခဲ့သည်။
Perth : ကိုကို
Saint : ငယ်! ငယ်သတိရလာပြီလား ငယ်ဘယ်နား နာနေသေးလဲဟင် ခေါင်းကောကိုက်သေးလား လည်ပင်းကကောနာသေးလားတစ်ခြားဘယ်နေရာထိခိုက်မိသေးလဲ  doctor ကိုယ် doctor သွားခေါ်လိုက်မယ်
ပြာပြာသလဲထမယ်အလုပ်
Perth : ကိုကို မသွားပါနဲ့ ကျွတော်ဘာမှမဖြစ်တော့ပါဘူးဗျာ ကျွန်တော့်နားမှာနေပါနော်
(လက်ကိုလှမ်းဆွဲလျှက်)
Saint : အင်း အင်း ကိုယ်မသွားတော့ဘူးနော်
Perth : ဒါနဲ့ ကိုကို့ လက်ကိုဆေးမထည့်ရသေးဘူးလား ဘာလို့ဒီအတိုင်းနေနေတာလဲ ပိုးဝင်သွားရင်ဘယ်လိုလုပ်မလဲ
Saint : ကိုယ်ဘာမှမဖြစ်ပါဘူး ငယ်သာသက်သာအောင်နေနော် ကိုယ့်ရဲ့ဖြူလုံးလေးသာတစ်ခုခုဖြစ်သွားရင်ကိုယ်ရင်ကျိုးရချည်ရဲ့အခုလိုကျန်းကျန်းမာမာနဲ့ပြန်သတိရလာပေးတာကျေးဇူးပါ
Perth : ကိုကို ! ကိုကို ကျွန်တော့ကိုမှတ်မိနေတယ် ဘယ်ကတည်းကလဲ ဘာလို့မသိချင်ယောင်ဆောင်နေခဲ့တာလဲ
Saint : ကိုကို့ ဖြူလုံးလေးကိုမှတ်မိတာပေါ့ကွာ
Perth : ဒါနဲ့ကျွန်တော်သတိမလစ်ခင်တုန်းက ကိုကိုပြောတဲ့စကားတွေက တကယ်လား ပြီးတော့ဘာလို့ကျွန်တော့ကိုငယ်လို့ခေါ်တာလဲ
Saint : အင်းးးးးး ဟုတ်တယ် ကိုကို ငယ့်ကိုချစ်တယ် သည်းငယ် ဆိုတာကိုကို့နှလုံးသားထဲဖြစ်ပေါ်လာတဲ့ နာမ်စားလေးတစ်ခုပဲ
Perth : ကိုကို အခုကျွန်တော့်ကို ရည်းစားစကားပြောလိုက်တာလား!
Saint : အင်းဟုတ်တယ် ကိုကိုသည်းငယ်ကိုအရမ်းချစ်တယ် ကိုကိုဖွင့်မပြောတော့ဘူးလို့ဆုံးဖြတ်ထားပင်မဲ့ သည်းငယ်ကိုဆုံးရှုံးရတော့မယ်ဆိုတဲ့အသိကကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေအာဃာတတွေအမုန်း‌ေတွကိုတစ်စစီရိုက်ချိုးသွားခဲ့တယ် ကိုကိုဆက်ပြီးမြိုသိပ်မထားနိုင်တော့ဘူး
Perth : ဒါပင်မဲ့ ကိုကို
Saint : ငယ်ကကော ကိုကို့ကိုပြန်ချစ်နိုင်ရဲ့လား ကိုကိုသိပါတယ် ငယ်က gay တစ်ယောက်မဟုတ်ဘူးဆိုတာ ကိုကို ဒီလိုဖွင့်ပြောမိလို့ကိုကို့ ကိုအထင်သေးသွားပြီလား ကိုကိုလဲ gay တစ်ယောက်မဟုတ်ပါဘူး ငယ်တစ်ယောက်ထဲအတွက်သာဖြစ်ပေါ်လာတဲ့ကိုကို့ ခံစားချက်တွေပါ ငယ့်ဘက်ကလက်မခံနိုင်ဘူးဆိုလဲ ကိုကို ကျေနပ်ပါတယ်
Perth : ကိုကို! နေပါအုံးဗျာ ကျွန်တော့်ကိုလဲစကားပြောခွင့်ပေးပါအုံး ဘယ်သူက ကိုကို့ ကိုလက်မခံနိုင်ဘူးပြောနေလို့လဲ
Saint : ဟန် ဒါ ဒါဆို ငယ်က ကိုကို့ကိုလက်ခံတယ်ပေါ့ ကိုကို့ ကိုချစ်တယ်ပေါ့ ဟုတ်လား
Perth : အင်း ချစ်တယ် (တိုးတိုးလေး)
Saint : ကိုကို မကြားရဘူးသည်းငယ်လေးရဲ့
Perth : ဟင်းးး ဒီကသည်းငယ်က ကိုကို့ကိုအရမ်းချစ်ပါတယ်လို့ ရပြီလား
Saint : ဟားဟားဟား ပျော်လိုက်တာကွာ ကြည့်ပါအုံးကိုကို့သည်းငယ်က ဖြူလုံးလေးကနေနီလုံးလေးဖြစ်နေပြီ
Perth : ကိုကို့!တော်ပြီမစနဲ့တော့ကွာငယ်ရှက်လာပြီ
Saint : ဟုတ်ပါပြီကွာကိုကို မစတော့ပါဘူး လာပါအုံးကိုကို့ သည်းငယ်လေးကိုဖတ်ထားချင်လို့
အလိုက်သင့်ရင်ခွင်ထဲဝင်လာတဲ့ခန္ဓာကိုယ်လေးကိုတင်းနေအောင်ဖတ်ထားလိုက်တော့သည်။အရှက်သည်းတဲ့ကျွန်တော့်သည်းငယ်ကတော့ကျွန်‌ေတာ့်ရင်ခွင်ထဲမျက်နှာလေးဝှက်ထားတော့သည်။
🙆🙆🙆🙆🙆🙆🙆🙆
အဟန့်အဟန့် ရပ်မယ်နော်

နေနဲ့လရဲ့ချစ်ခြင်းအပြိုင် (Complete)Where stories live. Discover now