နေနဲ့လရဲ့ချစ်ခြင်းအပြိုင် part 21

108 12 0
                                    

Plan နဲ့မတွေ့ဖြစ်ပဲပြန်လာခဲ့ပြီးတစ်ပတ်လောက်အခန်းအောင်းကာငိုနေခဲ့မိတယ်။ show ပွဲကိုလဲဖျက်ပစ်ခဲ့တယ်။
Perth POV
"ကျွန်တော်တကယ်အဆင်မပြေဘူးကိုကိုရာ"
အဲ့ဒိနောက်ကျွန်တော် line TV ကဆုပေးပွဲကိုဖိတ်ကြားခြင်းခံရတယ် ကျွန်တော်တို့ဇာတ်ကားလေး စကာတင်ဆု ထဲပါတယ်တဲ့
ကျွန်တော့်အတွက်တော့ပျော်ရမလိုငိုရမလိုပဲ
ကျွန်တော်ရင်ဆိုင်မှဖြစ်မယ်အမြဲရှောင်ပုန်းနေလို့မှမရနိုင်ပဲ ကျွန်တော်ပွဲတက်ဖို့ confirm ပေးလိုက်တော့ စပွန်ဆာ ကုမ္ပဏီတွေကဆက်သွယ်လာခဲ့တယ်။ ဒါပင်မဲ့ကျွန်တော်ဘယ်သူနဲ့မှမပတ်သက်ချင်တော့လို့အကုန်ငြင်းပြီး ကိုယ်ပိုင်ပိုက်ဆံကိုပဲသုံးပြီးပွဲတက်ဖို့စီစဉ်ခဲ့တယ်။
. . . . . . . . . . . . . . . . .
At Line TV Award ,
ကျွန်တော်အရမ်းစိတ်လှုပ်ရှားနေမိတယ် အားလဲငယ်မိတယ် ကျွန်တော့်အတွက်မန်နေဂျာလဲမရှိဘူးလေ ကျွန်တော်တစ်ယောက်ထဲ ပါလာတာဆိုလို့ bodyguard တွေပဲ Red carpet ကိုစဝင်လာပြီဆိုကတည်းက အားပေးကြတဲ့ပရိတ်သက်တွေရဲ့အသံကြောင့် ကျွန်တော်အရမ်းအားရှိသွားခဲ့တယ် အခုကျွန်တော်တစ်ယောက်ထဲမဟုတ်ဘူးကျွန်တော့်မှာကျွန်တော့်ပရိတ်သက်တွေရှိတယ်ဆိုတဲ့အသိနဲ့ ကျွန်တော်အမှန်တကယ်ပျော်မိပါတယ်။ ကျွန်တော် ကိုကို မရှိဘဲ ပထမဆုံးအကြိမ် ပြုံးမိခဲ့ပါတယ် ။ ကျွန်တော့်ပရိတ်သက်တွေကြောင့်ပေါ့ ။ ပွဲအတွင်းရောက်တော့ ပွဲစီစဉ်သူကနေရာပြပေးတယ်။ ပွဲစီစဉ်သူတွေအရမ်းတော်ပါတယ်။ဘယ်လိုနေရာချထားတယ်ထင်လဲ ကိုကို ကအလည်မှာ ကျွန်တော်က ကိုကို့ရဲ့ညာဘက်ဘေးမှာ P'Sandi က ဘယ်ဘက်ဘေးမှာ ကျွန်တော်သေချင်စော်နံသွားတယ်။ P'Sandi ကရောက်နေပြီ ကိုကို့ ကိုမတွေ့သေးဘူး ကိုကိုနဲ့ P'Sandi အတူတွဲမလာတာလား။ ကျွန်တော့ရင်ထဲလှိုက်ခနဲဖြစ်သွားမိတယ်။ ကျွန်တော်လဲ P'Sandi ကိုနှုတ်မဆက်ဖြစ် သူလဲနှုတ်မဆက်ပါဘူး။ ခဏကြာတော့ ကိုကို ရောက်ခဲ့တယ်။ ကိုကို့ ကိုကြည့်လိုက်တော့ ကျွန်တော့အဝတ်အစားနဲ့ couple လိုဖြစ်နေတယ်။ "ဘယ်လိုဖြစ်တာပါလိမ့် ကျွန်တော်ကိုယ်တိုင်ဒီဇိုင်နာနဲ့တိုင်ပင်ပြီး အပ်ထားတာ ဘာလို့ ကိုကို နဲ့လာတူနေရတာလဲ တကယ်ပါပဲ စိတ်အိုက်လိုက်တာ"
ကိုကို ကထိုင်ခုံမှာဝင်ထိုက်ရင်း ကျွန်တော့်ကိုတွေ့တော့ဝမ်းသာအားရပြုံးပြတယ်။ ကိုကို့အပြုံးကို မြင်တော့ ကျွန်တော့် ရင်ဘက်ထဲကအကောင်ပေါက်က ခုန်ပေါက်နေပြန်ပြီ "ဟူးးး ကိုကို နဲ့တွေ့တိုင်းခုန်ပေါက်နေရတာ မင်းမ‌ပင်ပန်းသေးဘူးလားငါ့နှလုံးသားရယ်"
P'Sandi က ကိုကို ရောက်ကတည်းက ကိုကို့ ကိုစကားတွေလိုက်ပြောနေပင်မဲ့ ကိုကိုက ကျွန်တော့ကိုသာစိုက်ကြည့်နေတော့တယ်။
ကျွန်တော်နေရခက်လာတော့သည်။
"ဘာလဲကိုကိုရာ ကိုကို့ ချစ်သူကို ဘေးထားပြီးဘာလို့ကျွန်တော့ကိုကြည့်နေရပြန်တာတုံးဘာလဲ ငါထားခဲ့တဲ့ကောင်လေးအဆင်ပြေရဲ့လားသိချင်တာလား ဒါဆိုရင်တော့ ကျွန်တော်အဆင်မပြေသေးဘူးကိုကို ကိုကို့ရင်ခွင်ကိုလွမ်းနေတုံးပဲ ကိုကို့ရဲ့ဂရုစိုက်မှုတွေကိုလွမ်းနေတုံးပဲဗျာ ဆက်မကြည့်ပါနဲ့တော့ ကျွန်တော်ငိုမိတော့မယ် ကျွန်တော်ခံစားရသမျှကိုအော်ပြောပြီး ကိုကို့ရင်ခွင်ထဲပြေးဝင်ချင်တဲ့စိတ်ကိုကျွန်တော်မနည်းချိုးနှိမ်ထားရတာ တော်ပါတော့ဗျာ ကျွန်တော့်ကိုထပ်မသက်ပါနဲ့တော့" ပွဲစတော့ကျွန်တော့နားကို P'New တို့လာထိုင်တယ်။ P'New နဲ့ကျွန်တော့်နှုတ်ဆက်ရင်းစကားတွေပြောဖြစ်ကြတယ်။ ဆုတွေစပေးပြီးကျွန်တော်တို့စကာတင်ပါတဲ့ ငါးနှစ်အတွင်းအကောင်းဆုံး series ဆုကို ကျွန်တော်နဲ့ကိုကို ရိုက်ခဲ့တဲ့ကားလေးရခဲ့တယ်ကျွန်တော်အရမ်းဝမ်းသာမိပါတယ် ကျွန်တော်ရယ် ကိုကိုရယ် P'New ရယ် ဆုတက်ယူပြီးကျေးဇူးတင်စကားပြောကာပြန်ဆင်းခဲ့ကြတယ်
ကိုယ့်နေရာကိုယ်ပြန်ရောက်တော့ P'New ကကျွန်တော့်ကိုကပ်ပြောတယ်
P'New : Perth couple award ကျန်သေးတယ် မင်းတို့နှစ်ယောက်ရနိုင်တယ်
Perth : ဗျာ ! ဒါပင်မဲ့ P'Sandi fan တွေကအလျှော့ပေးမှာမဟုတ်ပါဘူး ကျွန်တော်တော်မမျှော်လင့်ထားဘူး
P'New : စောင့်ကြည့်ကြတာပေါ့ကွာ
ခဏနေတော့ ကျွန်တော် သီချင်းတစ်ပုဒ်ဆိုပေးရမယ့်အလှည့်ကျလာပြီမို့ ပြင်ဆင်ရန်စင်နောက်ကိုသွားလိုက်တော့သည်။
Song
🎵🎶ငါမင်းကို ဘယ်လောက်တောင် စောင့်နေခဲ့မိလဲဆိုတာ မမှတ်မိတော့ဘူး...
ငါသတိရတာတစ်ခုကတော့... ဘယ်လောက်ပဲ အချိန်တွေကြာသွားပါစေ... ငါ့မှာ မင်းတစ်ယောက်တည်းပဲ ရှိတယ် ဆိုတာပဲ...
အခုမင်းဘယ်မှာလဲ? ငါ့ကိုရော ချစ်သေးရဲ့လား? ငါမသိနိုင်တော့ပါဘူး....
ဒါပေမယ့်... ငါ့စိတ်က ဘယ်တုန်းကမှ မပြောင်းလဲခဲ့ဘူးဆိုတာကိုတော့ ငါသိတယ်
ငါတစ်ယောက်တည်းအထီးကျန်နေရင်တောင်မှ မင်းကို ဒီနေရာကနေ စောင့်နေမယ်🎵🎶
Saint POV
"ငယ်ကျွန်တော့ကိုကြည့်ပြီးဆိုနေပြန်ပြီ ဒီသီချင်းကလဲကျွန်တော့်အတွက်လား ငယ် အထင်လွဲနေတာပါလို့ရှင်းပြချင်ပင်မဲ့ ကိုယ့်ကိုချုပ်နှောင်နေတဲ့အရာတွေရှိနေတယ်ငယ်ရယ် ကိုယ်ငယ့်ဆီလာချင်ပင်မဲ့ ဘယ်လိုမှအဆင်မပြေနိုင်ဘူးဖြစ်နေတယ် ကိုယ့်ကိုခွင့်လွှတ်ပါသည်းငယ်ရယ် ကိုယ်ဘယ်အခြေအနေ ပဲဖြစ်ဖြစ် သည်းငယ်ကို ကိုယ်အထိအခိုက်မခံနိုင်ဘူး ကိုယ်အားလုံးရှင်းပြီးရင်သည်းငယ်ဆီပြန်လာခဲ့မှာပါ ကိုယ့်ကိုစောင့်နေပေးပါ ကိုယ့်ရဲ့သည်းငယ်ရယ်"
🎵🎶ငါမင်းကို အခုထိချစ်နေမိတာ ... ငါမှားသွားလား?
လက်ရှိမှာ မင်းနဲ့ငါကြား ဘယ်လောက်ပဲဝေးနေပါစေ
ငါမင်းကို မျှော်လင့်ချက်အပြည့်နဲ့ စောင့်နေမှာပါ
ငါမပြောင်းလဲသေးပါဘူး
ငါ့ကို လူတွေက အရူးလို့ထင်ကြလိမ့်မယ်... ဒါပေမယ့် ငါဂရုမစိုက်ပါဘူး....ငါအရင်အတိုင်းပဲ ရှိနေမှာ မပြောင်းလဲသေးပါဘူးး
မင်းလျှောက်ရမယ့် ဘဝခရီးလမ်းက ငါ့လိုမျိုးမဟုတ်ဘူး
ငါမင်းကို တားပိုင်ခွင့်မှမရှိတာ
ဒါပေမယ့် ငါနောက်ဆုံးအချိန်ထိ မင်းကိုစောင့်မျှော်ရင်းနဲ့ပဲ အသက်ရှင်မယ်...
ငါအချိန်အကြာကြီးစောင့်နေခဲ့ရတဲ့ သူ(မင်း)တစ်ယောက်ကို တွေ့ရဖို့ ငါစောင့်နေမှာ...
(အဲ့လိုငါစောင့်နေတာက)မင်းဟာ ငါ့ဘဝအတွက် ဘယ်လောက်အရေးပါတယ်ဆိုတာကို သက်သေပြပေးလိမ့်မယ်
ငါ့ဘက်မှ ဘယ်သူမှမရှိတော့ဘူးဆိုရင်တောင်... မင်းကိုဒီနေရာကနေပဲ စောင့်နေမယ်...
ငါ့ကိုအရူးလို့ဝိုင်းပြောကြရင်တောင် မင်းကိုပဲစောင့်နေမယ်...
မင်းကိုချစ်နေမိသေးတာ... ငါ့အမှားလား?🎶🎵
(PerthSaintHardcoreMyanmar page ကို credit ပေးပါတယ်ရှင့်)
Perth POV
"ကိုကို့အတွက်ရေးထားတဲ့သီချင်းလေးပါ ကိုကိုသေချာနားထောင်နေရဲ့လား ခင်ဗျားကြီးဘယ်လောက်ဒဏ်ရာတွေပေးပေးကျွန်တော့်နှလုံးသားကမုန်းမရဘူးဖြစ်နေတယ်ဗျ"
သီချင်းဆိုပြီးတော့အဝတ်အစားပြန်လဲကာ
နေရာသို့ပြန်လာခဲ့တော့သည်။
"Line TV Award 2019 ရဲ့ Best couple Award PerthSaint "
ကျွန်တော် အခုမှတကယ့်တကယ်ကိုအံ့အားသင့်မိတာပါ ဒီလောက် Strong ဖြစ်တဲ့ P'Sandi fan တွေကိုကျော်ပြီး ကျွန်တော်တို့ရသွားတယ်ဆိုတာတကယ်မယုံကြည်နိုင်စရာပဲ တစ်ပြိုင်တည်းမှာကျွန်တော်သိခဲ့တာကတော့ " PerthSaint shipper power is not joke." ဆိုတာပါပဲ တစ်ချိန်ထဲမှာပဲ P'Sandi တစ်ယောက် မျက်နှာကြီးမဲကာ ဒေါသတစ်ကြီးဖြင့်ထပြန်သွားတော့သည်။ စကာတင်ပါနေတဲ့ P'Sandi တို့ဇာတ်ကားလဲဆုမရခဲ့သလို couple ဆုလဲမရခဲ့ဘူးလေ။
ကျွန်တော်နဲ့ကိုကိုစင်ပေါ်တက်ကာဆုယူပြီးကျေးဇူးတင်စကားပြောခဲ့သည်။ ကျွန်တော်နဲ့ကိုကို့ ကြားကပြသနာတွေအားလုံးခဏတာမေ့ထားမိခဲ့ပါတယ် အခုအချိန်မှာကျွန်တော်ရယ် ကိုကို ရယ် ကျွန်တော်တို့ကိုချစ်ကြတဲ့ပရိတ်သတ်‌တွေရယ်အကြောင်းပဲကျွန်တော်တွေးထားမိတယ် ကိုကိုလဲပျော်နေခဲ့တယ်။
ကျေးဇူးတင်စကားပြောတော့ကိုကို ကကျွန်တော့်အတွက်မိုက်ကိုနေရာပြင်ပေးခဲ့တယ် ကိုကို ကျွန်တော့်ကိုဂရုစိုက်သေးတာကပဲဆိုပြီးရင်ထဲမှာအတိုင်းမသိဝမ်းသာမိပါတယ်။
အဲ့နေ့က ကျွန်တော် တစ်နေ့လုံးပြုံးနေခဲ့တဲ့နေ့ပေါ့။ ဆုတွေအားလုံးယူပြီးတော့သတင်းထောက်တွေဆီ ဓါတ်ပုံအရိုက်ခံပြီး အင်တာဗျူးခွင့်တော့မပေးခဲ့မိဘူး။ ကျွန်တော်စိတ်မညစ်ချင်ဘူးလေသူတို့မေးလာမဲ့မေးခွန်းတစ်ချို့ကကျွန်တော့်ပျော်ရွှင်မှုလေးတွေကိုတိုက်စားသွားမှာစိုးရိမ်လို့ပါ။ ဒီလိုနဲ့ ပွဲပြီးတော့ ကိုကိုက ကျွန်တော်နဲ့စကားပြောချင်နေတယ်လို့ P'New ကပြောပင်မဲ့ကျွန်တော်ကိုကို့ ကိုရှောင်ပြီးလစ်ထွက်ကာ အိမ်ကိုပဲပြန်လာခဲ့မိတော့သည်။
🙆🙆🙆🙆
နောက်တစ်ကြိမ် PerthSaintHardcoreMyanmar Page ကို crd ပေးပါတယ်ရှင့် သီချင်း translation လေးကိုထည့်ခွင့်ပြုခဲ့တဲ့ PerthSaintHardcoreMyanmar Page မှာ Admin team ကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင့်🙏🙏🙏
Author Note : အပိုင်း 3  နှင့်မှ Plan ရဲ့ပိုင်ဆိုင်မှုတွေဖြစ်တဲ့ "bar" လို့ရေးထားတဲ့နေရာတစ်ချို့မှာ "club" လို့ပြင်ဖတ်ပေးပါနော် သာသာ club နဲ့ bar နဲ့ရောသွားလို့ပါ😁😁
ပြီးတော့လေ fic လေးက သာသာ ရဲ့စိတ်ကူးယဉ်ပုံဖော်မှုသတ်သတ်ပါနော် အဲ့ဒါကြောင့် ဇာတ်ကောင်နှစ်ယောက် ရတဲ့ဆုတွေကလဲ ဇာတ်လမ်းနဲ့အဆင်ပြေအောင်ထည့်ရတာမို့ အပြင်ကတကယ့်လက်တွေ့နဲ့ကွဲလွဲပါမယ်နော် 🙏🙏🙏
ဒါဒါအားလုံးကိုချစ်တယ် 🙆🙆🙆

နေနဲ့လရဲ့ချစ်ခြင်းအပြိုင် (Complete)Where stories live. Discover now