နေနဲ့လရဲ့ချစ်ခြင်းအပြိုင် part 7

137 14 0
                                    

Mr.Tanapon ဟာ ကမ္ဘာအချမ်းသာဆုံးစရင်းဝင်စီးပွားရေးလုပ်ငန်းရှင်တစ်‌ယောက်ဖြစ်သလို Mis.Tanapon ဟာလဲကျောက်မျက်ရတနာဆိုင်တွေနိုင်ငံအနှံ့ဖွင့်ထားတဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်သည်။သူတို့မှာ Perth Tanapon ဆိုတဲ့သားလေးတစ်ယောက်ပဲရှိပင်မဲ့ Perth ဟာ လူအများကြီးနဲ့ဆက်ဆံရတာမနှစ်သက်၍ သူ့မိဘတွေရဲ့စီးပွားရေးလုပ်ငန်းပါတီတွေပွဲတွေတစ်ခါမှမလိုက်ပေ။သူဝါသနာပါရာဂီတာလေးနဲ့သီချင်းလေးတွေကြားမှာပဲအေးအေးဆေးဆေးနေလေ့ရှိတယ် ။ တစ်ဦးတည်းသောသားလေးမို့ လိုလေးသေးမရှိအောင်ဖြည့်ဆည်းပေးပင်မဲ့ မေတ္တာတော့အပြည့်အဝမပေးနိုင်ခဲ့ပေ။ သားနားမှာနေပြီးမိဘမေတ္တာမပေးနိုင်ကြပေ။ အိမ်မှာမိသားစုစုံတဲ့ရက်ရယ်လို့ကိုမရှိ တစ်ပတ်မှာ 6 ရက်လောက်ကနိုင်ငံခြားကိုအိမ်ဦးနဲ့ကြမ်းပြင်ပြေးနေကြပေသည်။သားဖြစ်သူကလဲစီးပွားရေးလုပ်ငန်းတွေစိတ်မဝင်စားတာသိသောကြောင့် သူ့စိတ်ကြိုက်အနုပညာလမ်းကြောင်းကို ပိတ်ပင်ခြင်းမရှိခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ မိဘအရှိန်အဝါကြောင့်အောင်မြင်တာကိုမလိုချင်ဘူးဟူသောသားဖြစ်သူရဲ့စကားကြောင့် Perth Tanapon ရဲ့မိသာစုအကြောင်းကိုတော်ရုံလူစုံစမ်း၍မရနိုင်အောင် ဖခင်ဖြစ်သူကကြိုးကိုင်ပေးထားခဲ့သောကြောင့် တော်ရုံပရိတ်သက်တွေ သတင်းထောက်တွေ မသိနိုင်ခဲ့ပေ။ ငယ်ငယ်ကတည်းကဒီခလေး ခင်တွယ်ရာတစ်ယောက်ပဲရှိခဲ့တယ် ။ အဲ့လူကတော့ Mr.Tanapon ရဲ့သူငယ်ချင်းဖြစ်သူ Mr.Suppapong ရဲ့ သား Saint Suppapong ဆိုတာကိုသူတို့သိနေခဲ့သည်။ သူ့သားကိုသူတို့အချစ်တွေဖော်မပြခဲ့ပင်မဲ့ သူတို့ပစ်မထားခဲ့ပါ သူ့သားနောက်မှာ ဘော်ဒီကပ် အဖွဲ့ တစ်ခုအမြဲရှိနေခဲ့တယ် ။ Saint ကတော့ သူတို့ကို အထင်လွဲမှုတွေနဲ့ရှင်သန်နေတာသိပင်မဲ့ သူ့မိဘတွေရဲ့ဆုံးဖြတ်ချက်အရ အတိတ်ကအကြောင်းအရာတွေကို Saint အသက် 25 နှစ်ပြည့်မှအရာအားလုံးသိခွင့်ရမှာဖြစ်သည်။ အခုတော့ခလေးနှစ်ယောက်ပြန်လည်တွေ့ဆုံမှုကနေ မေးခွန်းပေါင်းမြောက်များစွာသူ့သားမေးလာတော့မယ်ဆိုတာ Mr.Tanapon သိနေခဲ့သည်။ သူ့မှာအဖြေမရှိ။ သူ့မှာစောင့်ထိန်းကမည့်ကတိကရှိနေခဲ့သည်လေ။ Saint အဖေမဆုံးခင်ကတည်းက Saint ဦးလေးတွေက Saint တို့ရဲ့ S&S ကုမ္ပဏီကို မျက်စိကျနေကြတာဖြစ်တယ်။ Saint မိဘတွေကလဲ ဒါကိုသိလို့ အစီအစဉ်ဆွဲခဲ့ပြီးသားဖြစ်သည်။ တကယ်သေဆုံးသွားချိန်တွင် Mr.Tanapon တို့ကအနားမှာရှိမနေနိုင်ခဲ့၍ အမြဲအပြစ်တစ်ခုလိုစိတ်မကောင်းဖြစ်ခဲ့ရပေသည်။ Mr.Suppapong တို့မိသားစုမီးလောင်မှုဖြစ်စဉ်ကိုကြားကြားချင်း ထိုင်းကိုပြန်လာခဲ့ပင်မဲ့ သူတို့ပြန်ရောက်ချိန်တွင် ကုမ္ပဏီကို ရှယ်ယာရှင်တွေနဲ့ Saintဦးလေးနဲ့ပေါင်းပြီး က်ဝါးကြီးအုပ်ထားပေပြီ။ ဒါ့ကြောင့်
တစ်ဦးတည်းကျန်ခဲ့တဲ့သားလေးကိုခေါ်ယူမွေးစားချင်ပင်မဲ့ Mr.Suppapong တို့ရဲ့သေတမ်းစာအရ ကုမ္ပဏီကိုသာအသည်းအသန်ပြန်ရယူဖို့ကြိုးစားခဲ့ရသည်။
Saint အသက် 25 နှစ်ပြည့်မှ ကုမ္ပဏီကို Saint လက်ထဲထည့်ကာ ခလေးနှစ်ယောက်ကိုလက်ထက်ပေးဖို့ကတိတောင်းခဲ့ခြင်းဖြစ်သည်။ အဲ့မတိုင်ခင် ခလေးနှစ်ယောက်ကိုပေးမတွေ့ဖို့ ရည်ရွယ်ချက်ကတော့ သူတို့သားလေး Saint က ဖြူလုံးလေးကိုဘယ်လောက်ချစ်တယ်ဆိုတာသူတို့သိပင်မဲ့ Saint ကိုသူ့မိဘတွေကကြံ့ခိုင်စေချင်သည်ဒါ့ကြောင့်လဲ Mr.Tanapon တို့ခေါ်ယူမွေးစားခြင်းမပြုလုပ်ရန်သေတမ်းစာမှာ မှာခဲ့ခြင်းဖြစ်တယ်။ Saintကတော့ဒီအကြောင်းအရာတွေကိုဘာမှမသိဘဲ သူ့မိဘတွေမရှိတော့တဲ့နောက် Mr Tanapon က သူမိဘတွေရဲ့ကုမ္ပဏီကိုသိမ်းခဲ့တယ်လို့ပဲသိထားခဲ့ပြီးနာကျည်းနေခဲ့သည်။
Perth တစ်ယောက် ရှူတင်ကမနက်ဖြန်ပြန်စမှာဖြစ်လို့ သူသိချင်တာတွေမေးရန် ချက်ချင်းပြန်လာခဲ့သည်။
At Tanapon အိမ်တော်,
Perth ကားလေးခြံထဲမှာရပ်ကာ အိမ်ထဲသို့ဝင်လိုက်တော့ ကြားသားမိုးကြိုးမိဘနှစ်ပါးလုံးစုံစုံညီညီရှိနေခဲ့သည်။
Perth : စဝဒီခ ဖေဖေ, စဝဒီခ မေမေ 🙏🙏
Mr.Tanapon : ထိုင်သား အဖေတို့စကားမပြောဖြစ်တာကြာပြီနော် အခုတော့အေးအေးဆေးဆေးပြောကြရအောင်
Perth : ဟုတ်ကျွန်တော်လဲမေးချင်တာလေးရှိလို့အဖေနဲ့စကားပြောဖို့ပဲလာခဲ့တာပါ
Mr.Tanapon : ပထမဆုံး ပြောချင်တာကတော့ သားရဲ့အောင်မြင်မှုအတွက် congratulations ပါသား ပြီးတော့ သားကိုအဖေဘယ်တုန်းကမှမချုပ်ချယ်ခဲ့ဘူးနော်သားလုပ်ချင်တဲ့အနုပညာကိုလဲအဖေလုပ်ခွင့်ပေးခဲ့တယ် ဒါပင်မဲ့အခု အဖေ့စကားနားထောင်ဖို့အချိန်တန်ပြီ သားအခုရိုက်နေတဲ့ဇတ်ကားပြီးတာနဲ့ ဩစီ မှာ ကျောင်းသွားတက်ရမယ် အဲ့ကနေဂီတပိုင်းဆက်လုပ်ချင်လုပ်ပေါ့ သေချာတာကတော့ သား ဩစီကိုသုံးနှစ်သွားရမယ်
Perth : ဗျာ ok အဖေပြောချင်တာပြီးရင်သားမေးချင်တာကိုဖြေပေး
Mr.Tanapon : ခဏလေးသား အဖေပြောတာကို သားလက်ခံနိုင်တယ်ဆိုမှသားသိချင်တာတွေကိုအဖေအကုန်ပြောပြမယ် ဘယ်လိုလဲလက်ခံနိူင်လား
Perth : . . . . လက်ခံတယ်ဗျာ ကျွန်တော်ဘာမေးချင်လဲ ဖေဖေသိမှာပါ ကိုကို့ မိဘတွေကုမ္ပဏီ ဖေဖေ့လက်ထဲရောက်နေတာဘာ့ကြောင့်လဲ ဘာလို့ယူထားတာလဲ
Mr.Tanapon : . . . . . . .
Perth တစ်ယောက်အကြောက်းစုံသိပြီး တောင်ပေါ်သို့ပြန်လာခဲ့သည်။
Perth POV.
ကိုကို့ မိဘတွေကကိုကို့ကိုကြံ့ခိုင်စေချင်တယ် သူတို့မရှိတော့လို့ သူတို့ချန်ခဲ့တဲ့စီးပွားရေးလုပ်ငန်းတွေကြား ခေါင်းစိုက်နေရမဲ့ကိုကို့ရဲ့အနာဂတ်ကိုမလိုချင်ဘူးတဲ့ ဒါကြောင့်ကိုကို့ကို ကိုယ်ပိုင်ဘဝ 5 နှစ်အချိန်ပေးပြီး ကိုကိုလုပ်ချင်တာတွေလုပ်ခွင့်ပေးပြီးနောက်ကွယ်ကပံ့ပိုးပေးဖို့ပြောခဲ့တယ်တဲ့ အရာအားလုံးသေချာစီမံခဲ့တာပဲ ကိုကိုက ကျွန်တော့်ကိုအရမ်းခင်တွယ်တာသိလို့ ကိုကို 25 နှစ်ပြည့်လိုကုမ္ပဏီလက်လွှဲပြီးရင်ကျွန်တော်နဲ့ပေးစားမယ်တဲ့လား ရီစရာကြီးနော်ကိုကို အခုကိုကိုကကျွန်တော့ကိုတောင်မမှတ်မိဘူး ကျွန်တော်ကိုကိုနဲ့အဝေးကြီးကိုသွားရအုံးမယ် မတရားလိုက်ကြတာဗျာ
At hotal,
Saint  အိပ်ယာနိုးလာတော့ ဘေးမှာ Perth မရှိတာနဲ့သူလိုက်ရှာမိသည်။
Saint POV.
ဒီခလေးနေမကောင်းသေးဘူးလေ ဘယ်တွေသွားနေတာပါလိမ့်
P'JYn ကိုတွေ့တော့
Saint : P' ! Perth ကော အခန်းထဲမှာမတွေ့ လို့မနက်ကတည်းက
P'Jyn : Perth လား မနက်ကအစောကြီးပဲဘန်ကောက်ခဏပြန်ဆင်းသွားတယ်အရေးကြီးကိစ္စရှိလို့တဲ့
Saint : aww
Saint POV.
ဒီခလေးနေလဲမကောင်းဘဲနဲ့ဒီလောက်အဝေးကြီးတစ်ယောက်ထဲကားမောင်းသွားရလား ဆိုးလိုက်တာငယ်ရာ
🙆🙆🙆🙆🙆

နေနဲ့လရဲ့ချစ်ခြင်းအပြိုင် (Complete)Where stories live. Discover now