Part 27 U&Z
137 16 2
အစည်းအဝေးခန်းရှေ့ရောက်တော့
Saint : ငယ်
Perth : ဗျာ
Saint : ခဏနေမှဝင်ခဲ့မယ် အလုပ်ကိစ္စဖုန်းခဏပြောလိုက်အုံးမယ်
Perth : ဟုတ်ကိုကို မကြာစေနဲ့နော်
Saint : အင်းပါ
ဟုပြောကာ ကိုယ့်အရှေ့မှကောင်လေးရဲ့နှဖူးလေးကို နူးနူးညံ့ညံ့လေးအနမ်းတစ်ပွင့်ခြွေကာဖုန်းဆက်ရန်ထွက်လာခဲ့တော့သည်။
သူတို့နှစ်ယောက်ကိုအံ့ဩတကြီးပြူးကြည့်နေသူကတော့ Fa လေး Can😁😁
Perth တစ်ယောက်အစည်းအဝေးခန်းထဲဝင်လိုက်တော့ ရှယ်ယာရှင်တွေအားလုံး အလန့်တကြားသူ့ကိုလှမ်းကြည့်နေကြသည်။ခပ်တည်တည်ဖြင့်CEO ထိုင်ခုံမှာထိုင်ကာသူ့ကိုပြူးကြည့်နေသော P'Sandi နဲ့သူမဘေးမှသူမအဖေ
သူတို့ဆီကိုအေးအေးဆေးဆေးခြေလှမ်းများဖြင့်လျှောက်သွား‌ပြီး
Perth : မဲအရေအတွက်ရပြီလား
P'Sandi ကမဲ့ပြုံးတစ်ချက်ပြုံးကာထလာပြီး ရှယ်ယာရှင်အားလုံးကမင်းကို CEO နေရာကဖယ်ဖို့သဘောတူပြီးပြီကွ
Perth : ကျွန်တော့်ရှယ်ယာက 40% နော်မေ့နေမှစိုးလို့ ကျွန်တော်လဲမဲပေးဖို့အကြုံးဝင်တယ်ဟုတ် ပြီးတော့ ကျွန်တော်တောင်မမြင်ဖူးသေးတဲ့ကျွန်တော်တို့ရဲ့ရှယ်ယာ 20% ပိုင်ရှင်ကကော
P'Sandi : ဪ အဲ့ 20%က အမ အဖေ ပိုင်တာလေ
Perth : ဘာ!
P'Sandi : ဘာလဲမင်းသိပ်အံ့ဩသွားလား ဟင်း ဟင်း
Saint : ဝိုး တကယ်အံ့ဩမိပါတယ်ဗျာ
. . . . . . . . . .
Flask back
Saint POV
အစည်းအဝေးခန်းနဲ့ခပ်လှမ်းလှမ်းရောက်တော့ ဖုန်းလှမ်းခေါ်လိုက်သည်။
Too Tooo
Saint : Hello ခွန် Mark ကျွန်တော်Saint ပါ
Mark : အင်း ခွန် Saint ဘန်ကောက်ပြန်ရောက်ပြီလား
Saint : ရောက်နေပြီ ခွန် အခုဘယ်မှာလဲ
Mark : Perth တစ်ယောက်ထဲဖြစ်‌နေမှာစိုးလို့ကုမ္ပဏီကိုလာနေတယ်ရောက်တော့မယ်
Saint : အဲ့ဒါဆိုပိုအဆင်ပြေတာပေါ့ သက်သေတွေကောအကုန်ပါလား
Mark : အကုန်ယူလာတယ်
Saint : ငယ့်ရဲ့အရည်အချင်းစာရွက်စာတမ်းတွေကိုပါ Tanapon အိမ်တော်မှာဝင်ယူခဲ့လိုက်ပါ ကျွန်တော်အစည်းအဝေးခန်းထဲကပဲစောင့်နေမယ် ခွန် Mark ရောက်တာနဲ့အစည်းအဝေးခန်းထဲတန်းဝင်ခဲ့လိုက်ပါ
"ငယ်ပြန်ရောက်လာကတည်းကငယ်ဟိုမှာဘယ်လိုနေထိုင်ခဲ့တယ်ဘယ်သူတွေလုပ်ခဲ့တယ်ဆိုတာကျွန်တော်အားလုံးစုံစမ်းထားပြီးပြီလေ ကြောင့်လဲငယ်လုပ်နိုင်မယ်ဆိုတာကျွန်တော်လုံးဝယုံကြည်တယ်"
Mark : Ok
ဖုန်းချပြီးအစည်းအဝေးခန်းရှေ့မှ Can လက်ထဲကနေစာရွက်စာတမ်းတွေယူကာ
Saint : Can CEO Perth ရဲ့ ရှယ်ယာရှင်အသစ်တွေခဏနေရောက်လိမ့်မယ် မင်းစောင့်ပြီးခေါ်ခဲ့လိုက်
Can : ဟုတ်ဆရာ
မှာစရာရှိတာမှာပြီးအခန်းထဲဝင်လိုက်တော့သည်။
Flask end.
. . . . . . . .. . .
Saint : Tanapon group ရဲ့ ရှယ်ယာ20%ပိုင်ရှင်က တကယ်ပဲ uncle လား
P'Sandi : Saint ! မင်းကဒီကိုဘာလာလုပ်တာလဲ
Saint : P' ကကောဒီမှာဘာလုပ်နေတာလဲ
P'Sandi : P' ကဒီ ကုမ္ပဏီရဲ့ 15% ရှယ်ယာရှင်လေ 😊 ဖေဖေက 20% ပိုင်တယ်
Saint : woo ဒါနဲ့ P'Sandi က ဘယ်တုန်းက Tanapon group မှာရှယ်ယာဝင်လိုက်တာလဲ အားလုံးသိထားတာက Tanapon groupရဲ့ 10% ရှယ်ယာရှင်က P'Gong ပါ
P'Sandi တစ်ယောက်သိသိသာသာမျက်နှာပျက်သွားပြီးနောက်
P'Sandi : aww P' ကသူ့ဆီကပြန်ဝယ်ထားတာလေ
Saint : ဟောဗျာသူ့ဟာသူတောင်ရုတ်တရက်မထင်မှတ်ထားတဲ့အချိန်မှာအဖမ်းခံရမလိုဖြစ်လို့ထွက်ပြေးသွားတာလေ P' ကဘယ်အချိန်ကပြန်ဝယ်လိုက်တာလဲ ဒါနဲ့ P' ရဲ့အဖေ ကအရင်တုန်းက Tanapon group မှာရှယ်ယာမရှိပါဘူး 🤔 စာရွက်စာတမ်းတွေတစ်ချက်ပြကြည့်ပါလား တကယ်ရှယ်ယာဝင်ကောဟူတ်ရဲ့လားလို့
Mr.Purk : ငါကရှယ်ယာဝင်ဟန်ဆောင်တယ်လို့မင်းကဆိုလိုချင်တာလား
Saint : မစွတ်စွဲပါဘူးဗျ ကျွန်တော်ကသေချာအောင်မေးတာပါ uncle သာမှန်နေရင်ထုတ်ပြနိုင်ရမှာပေါ့
Mr.Purk : မင်း မင်း
ချက်ချင်း စာရွက်စာတမ်းတစ်ချို့ စားပွဲပေါ်တွင်လက်မှတ်ထိုးကာ
Saint : Perth လက်မှန်ထိုးလိုက်
Perth : ဗျာ
ပြူးကြောင်ကြောင်နဲ့သူ့ကိုမျက်လုံးအဝိုင်းသားနဲ့‌လှည့်ကြည့်နေတဲ့ချစ်ရသူ အသဲယားလွန်းလို့ ဆွဲနမ်းလိုက်ရင်တော့ဟင်းး ဟင်းး
"ခဏတော့ထိန်းထားလိုက်အုံးမယ်ငယ်ပြသနာတွေပြီးမှမင်းလေးနဲ့တွေ့မယ်"
Saint : ရော့ ဒီစာရွက်စာတမ်းတွေကြည့်ပြီး လက်မှတ်ထိုးလိုက် အဲ့ဒါဆို Perth ဟာဒီကုမ္ပဏီရဲ့ 60% ရှယ်ယာကိုပိုင်ဆိုင်ထားတဲ့အကြီးဆုံးရှယ်ယာရှင်တစ်ယောက်အခိုင်အမာဖြစ်သွားပြီ
Perth : ဟင် ဒါ ဒါ တွေက 20% ရှယ်ယာရှင်က P'Saint ပေါ့
Saint : အင်းဟုတ်တယ် ငယ့်လက်ထဲကုမ္ပဏီမရောက်ခင်ကတည်းက အောက်လမ်းကရှယ်ယာတွေထွက်နေလို့ငယ်တို့အတွက်စိတ်ပူလို့ကိုယ်ဝယ်ထားလိုက်တာ အခုရှယ်ယာလွှဲပြောင်းစာချုပ်မှာ ကိုယ်လက်မှတ်ထိုးပြီးပြီ ပြီးတော့ (ရှယ်ယာရှင်တွေဘက်လှည့်ကာ) CEO ဖြုတ်ချရေး မဲပေးပွဲမှာ ကျွန်တော်က 20% ရှယ်ယာဝင်တစ်ယောက်အနေနဲ့ကန့်ကွက်ပါတယ်
အခုဆို Perth Tanapon ဟာ Tanapon groupရဲ့ 60% ရှယ်ယာဝင်တစ်ယောက်ဖြစ်သွားပြီမို့ သူ့ကိုလုံးဝဖြုတ်ချပိုင်ခွင့်မရှိတော့ပါဘူး
ရှယ်ယာရှင်တစ်ဦး : ဒီလိုကုမ္ပဏီကြီးတစ်ခုအတွက် CEO Perth ဟာအရမ်းငယ်မနေဘူးလားပြီးတော့  စီးပွားရေးပညာရပ်အတွက်သူ့မှာဘာအတွေ့အကြုံမှမရှိသလို ဘာဘွဲ့မှလဲမရှိဘူး ဒီလိုလူတစ်ယောက်လက်ထဲမှာဘယ်လိုလုပ်ယုံယုံကြည်ကြည်အပ်နိုင်မှာလဲဘယ်လိုမှမဖြစ်နိုင်ပါဘူး
ဂျောက်
Mark : ဘယ်သူကပြောလဲ Perth Tanapon ဟာ စီးပွားရေးကိုကျွမ်းကျင်မှုမရှိဘူးလို့
ရော့ဒီမှာ
ဗုန်း စားပွဲပေါ်ပစ်တင်လိုက်တဲ့စာရွက်စာတမ်းတစ်ချို့
အားလုံးယူကြည့်လိုက်တော့ Perth နိုင်ငံခြားမှာရလာတဲ့ စီးပွားရေးနဲ့ပတ်သက်တဲ့ Deplomer လက်မှတ်တွေ
ဒေါက် ဒေါက်
Saint : ဝင်ခဲ့
Can : ရှယ်ယာဝင်အသစ်တွေရောက်ပါပြီဆရာ
Perth : တစ်ခါထဲခေါ်ခဲ့လိုက်ပါ
SKy's CEO : hello Mr.Perth
Perth : hello Mr.Sky Nice to meet you
Mr.Sky : Nice to meet you too အခုမှပဲအပြင်မှာတွေ့ရတော့တယ် အခုလိုပြန်လည်ကမ်းလှမ်းလာတဲ့အတွက်အတိုင်းမသိဝမ်းသာမိပါတယ်
Perth : ဟုတ်ကဲ့ ကျွန်တော်ကလဲကျွန်တော့်ရဲ့ကမ်းလှမ်းမှုကိုလက်ခံခဲ့လိုကျေးဇူးအများကြီးတင်ပါတယ်
Mr.Sky : ဟာ Mr.Saint ပါရှိနေတာပဲ Project ကိစ္စအားလုံးကျေနပ်ပါရဲ့လား
Saint : အားလုံးအဆင်ပြေပါတယ်ဗျာ
Perth : ကိုယ်တိုင်ရောက်လာမယ်တောင်မထင်ထားမိဘူး
Mr.Sky : ပုံမှန်ဆိုတော့တော်ရုံကိစ္စတွေကိုယ်တိုင်လိုက်လေ့မရှိပင်မဲ့အခုက Mr.Perth ကိုယ်တိုင် ပူးပေါင်းဖို့ပါဝင်ခဲ့တာမို့ရယ် Mr.Perth နဲ့လဲတစ်ခေါက်လောက်တွေ့ချင်တာမို့ ကိုယ်တိုင်လာခဲ့လိုက်တာ
Perth : ဟုတ်ကဲ့ကျွန်တော့်ဘက်ကလဲ အခုလိုတွေ့ခွင့်ရလို့အထူးဝမ်းမြောက်ပါတယ်
Mr.Sky : Perth Tanapon ဆိုတာ ကျွန်တော်တို့ကမ္ဘာစီးပွားရေးကျောင်းတွေရဲ့နယ်ပယ်မှာတော့နာမည်အကြီးဆုံးပဲဗျို့ သူ့နာမည်ပြောလိုက်ရင်ကမ်းလှမ်းချင်တဲ့ကုမ္ပဏီတွေမှအများကြီးပဲ စီးပွားရေးနဲ့ပတ်သက်တဲ့ Deplomer တိုင်းကို ဘယ်နှစ်နဲ့မှမတူနဲ့အမှတ်အများဆုံးစံချိန်နဲ့ကို ရထားတာ ကျွန်တော်တို့ Sky group အပါအဝင်ထိပ်သီးကုမ္ပဏီကြီးတွေကမ်းလှမ်းခဲ့တာတောင်အားလုံးအငြင်းခံခဲ့ရလို့စိတ်မကောင်းဖြစ်နေတာ နောက်မှသိလိုက်ရတာက Tanapon group ရဲ့ ဆက်ခံသူဆိုတာကို အခုလဲကုမ္ပဏီအတွက်ရှယ်ယာအသစ်ပါဝင်ဖို့ကမ်းလှမ်းလာလို့ကျွန်တော်ကဝမ်းသာနေတာ ဒါနဲ့Mr.Tanapon ကောကျန်းမာရဲ့လား
Perth : ဟုတ်ကဲ့ အဖေကတော့တော်တော်သက်သာလာပါပြီ ကဲအားလုံးကိုမိတ်ဆက်ပေးပါရစေ ဒါကတော့ ကုမ္ပဏီရဲ့ရှယ်ယာဝင်အသစ်ဖြစ်တဲ့ ကမ္ဘာ့နံပါတ်တစ် Sky group ရဲ့ CEO Mr. Sky ပဲဖြစ်ပါတယ် အခုကစပြီးနောက်လုပ်မဲ့ project တိုင်းကို sky group နဲ့လက်တွဲပြီးလုပ်ဆောင်သွားမှာဖြစ်လို့ ခုနကကျွန်တော့်ကို CEO ရာထူးနဲ့မထိုက်တန်ဘူး ကျွန်တော်နဲ့ရှေ့ဆက်လက်မတွဲနိုင်တော့ဘူးဆိုတဲ့ ရှယ်ယာရှင် 5 ယောက်နဲ့ P'Sandi ကို မနက်ဖြန် ရှယ်ယာငွေတွေပြန်ထုတ်ပေးပါ့မယ် အခုတော့စိတ်ရှင်းရှင်းနဲ့ထွက်သွားလို့ရပါပြီ
Perth စကားဆုံးသည်နှင့်အားလုံးက ရှယ်ယာရှင်များမကြိတ်နိုင်မခဲနိုင်ဖြစ်ကာအားလုံးထွက်သွားတဲ့အချိန်
Saint : P'Sandi နဲ့ Uncle Purk ခဏလေးနေခဲ့ပါအုံး
Perth : ဒါဆို Mr.Sky နဲ့စာချုပ်ကိစ္စကျွန်တော်မနက်ဖြန် hotel ထိလာစီစဉ်ပေးပါ့မယ်
Mr.Sky : ok Mr.Perth , Mr.Saint ဒါဆိုပြန်ခွင့်ပြုပါအုံးနှုတ်ဆက်ပါတယ်
Perth,Saint : ဟုတ်ပါပြီဗျ
Saint : Can Mr.Perth တို့ကိုသေချာစီစဉ်ပေးလိုက်ပါ
Can : ဟုတ်ကဲ့
အားလုံးထွက်သွားပြီး အခန်းထဲမှာ Perth ရယ် Saint ရယ် Mark ရယ် Mr.Purk ရယ် P'Sandi ရယ်သာကျန်ခဲ့တော့သည်။
Saint : ငယ်အရမ်းတော်တယ် ပင်ပန်းသွားပြီ ဒီမှာခဏထိုင်နေနော် ကျန်တဲ့ပြသနာကိုယ်ရှင်းမှာမို့ငယ်က ထိုင်ပြီးနားထောင်နေရုံပဲ
Perth : ဟုတ်
P'Sandi : Saint နင်အဲ့ဒါဘာလုပ်တာလဲ နင့်မိန်းမကငါနော် ဗိုက်ထဲကနင့်ခလေးကိုအားမနာတော့ဘူးလား
Mr.Purk : မင်းဘာအချိုး ချိုးတာလဲ Saint Suppapong ငါ့သမီးဗိုက်ထဲကမင်းခလေးကိုတော့အားနာသင့်တယ်မဟုတ်လား
Saint : အားနာရမယ် အဲ့ဒါကျွန်တော့်ခလေးဆိုတာကောသေချာရဲ့လား uncle
P'Sandi : မင်း မင်း ဘာပြောလိုက်တာလဲ ဒါမင်းခလေးမဟုတ်လို့ဘယ်သူ့ခလေးဖြစ်ရမှာလဲ
Saint : ဒါဆို Mark  CCTV မှတ်တမ်းလေးဖွင့်ပြလိုက်ပါ
Mark က CCTV record ကို ကွန်ပျူတာမှာ ပြလိုက်တော့ P'Sandi တို့သားအဖသေချာကြည့်ပြီး မျက်လုံးပြူးသွားတော့သည်။‌
Saint : သေချာကြည့်ပါ အဲ့ CCTV record အရဆို ဒီကိုယ်ဝန်ကကျွန်တော်နဲ့ရတာဖြစ်နိုင်ရဲ့လား ပြီးတော့ ကိုယ်ဝန်ရှိတယ်ဆိုပြီး ကျွန်တော့်ကိုစပြကတည်းကအခုချိန်ထိ ကျွန်တော်ကိုယ်တိုင်ဆေးခန်းလိုက်ပို့ပေးမယ်ဆိုရင် P'Sandi ကအမြဲငြင်းတတ်တယ် အဲ့တော့ တကယ်ကောကိုယ်ဝန်ရှိတာသေချာရဲ့လား
သားအဖနှစ်ယောက်လုံးပြောစရာစက‌ားပျောက်ရှနေချိန်
ဒေါက် ဒေါက်
Mark : ဝင်ခဲ့ပါ
ဂျောက်
ဝင်လာတဲ့ ရဲများကိုကြည့်ကာ Perth ပါမတ်တပ်ထရပ်မိတော့သည်။
Man : Sandi Purk နဲ့ Mr.Purk တို့ကို Gong နဲ့အတူ လိမ်လည်မှု ၊ ပြန်ပေးဆွဲမှု နဲ့
ကုမ္ပဏီငွေအလွဲသုံးစားလုပ်မှုမှာကြံရာပါအဖြစ်နဲ့ဖမ်းဆီးမိန့်ရထားပါပြီ ရှေ့နေငှားရမ်းနိုင်ပါတယ်။ Gong ကိုလဲဖမ်းဆီးရမိပြီးသူကအားလုံးဝန်ခံပြီးပါပြီ
အားလုံးကိုလက်ထိပ်ခက်နေချိန်အထိ P'Sandi မှာမီးဝင်းဝင်းတောက်နေတဲ့မျက်ဝန်းတို့ဖြင့်
P'Sandi : Perth Tanapon နင်နိုင်ပြီလို့မထင်လိုက်နဲ့ ငါ ငါ ငါနင့်ကိုသတ်ပစ်မှာ သေအောင်‌သတ်မှာ
ဟုပြောကာခြေလှမ်းများက Perth နားတိုးလာသည်နှင့်တစ်ပြိုင်နက် Saint က Perth အရှေ့မှဝင်လိုက်ပြီး
Saint : Perth Tanapon ကိုထိဖို့မကြိုးစားနဲ့
သူ့အသားကိုထိဖို့မပြောနဲ့စကားလုံးတစ်လုံးနဲ့ထိ‌ခိုက်အောင်လုပ်ရင်တောင်ငါခွင့်မလွှတ်ဘူး  သူ့ကိုထိခိုက်အောင်တစ်ခုခုကြံစည်ရင်တော့ နင့်ဘဝတစ်လျှောက်လုံးဘယ်တော့မှနလန်မထူနိုင်အောင်ငါလုပ်ပြမယ် မယုံရင်စမ်းကြည့်လိုက် အခုနင်ရှေ့ဆက်ရမယ့်ဘဝကိုတော့ထောင်ထဲမှာပဲ ပျော်လိုက်တော့ ရော့ ဒါငါတို့ကုမ္ပဏီမှာရှိတဲ့မင်းတို့သားအဖရဲ့ ရှယ်ယာငွေတွေအကုန်အဲ့ကဒ်ထဲမှာပါတယ် ယူသွားလိုက်တော့ 😏
မကြိတ်နိုင်မခဲနိုင်ဖြစ်ကာရဲတွေဖမ်းခေါ်ရာနောက်ကို သားအဖနှစ်ယောက်လုံးပါသွားတော့သည်။
Mark : ကဲကျန်တဲ့ကိစ္စဘာမှစိတ်မပူနဲ့ Uncle ကမိသားစုရှေ့နေလွှတ်ပေးထားတယ် မင်းအေးဆေးနားလိုက်တော့
Perth : အေးပါ ကျေးဇူးပဲကွာ
Mark : ရပါတယ်ကွာ ငါသွားပြီ
ငယ်နဲ့ Mark တို့စကားပြောပြီး Mark ထွက်သွားချိန်တွင် Saint တစ်‌ယောက်အားတင်းထားသမျှမိုက်ခနဲဖြစ်သွားတာမို့ ထိုင်ခုံပေါ်ဖင်ထိုင်ရက်ပြုတ်ကျသွားတော့သည်။
Perth : ကိုကို! အဆင်ပြေရဲ့လားဘာဖြစ်တာလဲ
Saint : ကိုယ်ခေါင်းနဲနဲနောက်သွားလို့ပါ အိမ်ပြန်ရအောင်ငယ် ကိုယ်နားချင်ပြီ
Perth : ဟုတ်ပြန်ကြမယ်နော်
Saint ကိုအိမ်ပြန်ပို့ပေးရန် Saint ရဲ့အိမ်ကိုပဲမောင်းသွားလိုက်တော့သည်။
🙆🙆🙆
ဒါဒါလေးတွေကိုချစ်တယ်နော် 😍😍
. . . . . ..
Zawgyi
Saint : ငယ်
Perth : ဗျာ
Saint : အင်းပါ
Perth : ဘာ!
. . . . . . . . . .
Flask back
Saint POV
Too Tooo
Mark : အကုန်ယူလာတယ်
Mark : Ok
Can : ဟုတ်ဆရာ
Flask end.
. . . . . . . .. . .
Mr.Purk : မင်း မင်း
Perth : ဗျာ
ဂျောက်
ရော့ဒီမှာ
ဒေါက် ဒေါက်
Saint : ဝင်ခဲ့
SKy's CEO : hello Mr.Perth
Can : ဟုတ်ကဲ့
Perth : ဟုတ်
ဒေါက် ဒေါက်
Mark : ဝင်ခဲ့ပါ
ဂျောက်
🙆🙆🙆
နေနဲ့လရဲ့ချစ်ခြင်းအပြိုင် (Complete)Where stories live. Discover now