Part 28 U&Z

154 17 0
                                    

အိမ်အပြန်လမ်းမှာMis.Tanapon မှစိတ်ပူစွာအဆင်ပြေရဲ့လား Message ပို့လာ၍ Perth တစ်ယောက်အိမ်ပြန်ရမည်ဖြစ်သောကြောင့် P'Mean နဲ့ P'Chan ကိုလှမ်းခေါ်လိုက်ရသည်။
အိမ်ရှေ့ရောက်တော့ပင်ပန်းစွာအိပ်ပျော်နေသော ကိုကို့ကိုနှိုးရတော့သည်။
Perth : ကိုကို ကိုကို !! ကိုကိုရေထပါအုံး အိမ်ရောက်နေပြီဗျ
Saint : အင်းးး
Perth : ကိုကိုအဆင်ပြေရဲ့လား
Saint : အင်း ကိုယ်နည်းနည်းပင်ပန်းသွားလို့ပါ ဘာမှစိတ်မပူနဲ့နော်
Perth : ကဲအာ့ဆိုလဲဆင်းကြမယ် ကျွန်တော့် P'Mean နဲ့ P'Chen ကိုခေါ်ထားတယ်။
Saint : အင်းအင်း
အိမ်ထဲရောက်တော့ P'Mean နဲ့ P'Chen ကဧည့်ခန်းမှာထိုင်စောင့်နေလေသည်။
P'Chen : အားလုံးအဆင်ပြေကြရဲ့လား
Saint : အင်းပြေပါတယ်
Perth : P'Mean ကိုကို အရမ်းပင်ပန်းနေတယ် ကိုကို့အတွက်တစ်ခုခုလုပ်ပေးပါ
Saint : ကိုကိုအဆင်ပြေပါတယ်ငယ်ရဲ့
Perth : မပြေပါဘူး P'Mean ကြည့်ပေးလိမ့်မယ်လာ အခန်းထဲသွားမယ်
Mean : လာပါကွာတောင့်ခံမနေနဲ့ မင်းကြည့်ရတာမလန်းဘူး
Saint : ကဲအာ့ဆိုလဲငယ့်သဘောပါဗျာ
Mean ကအားလုံးစစ်ဆေးပေးပြီး အားဆေးတစ်လုံးချိတ်ပေးလိုက်သည်။
Perth : ကိုကိုတစ်ရေးလောက်အိပ်လိုက်နော်
Saint : အင်း ကိုကို့ ကိုစိတ်မပူနဲ့နော် ငယ်လဲနားအုံး
Perth : အင်းပါကိုကိုအိပ်လိုက်တော့
Saint အိပ်မောကျသွားတော့မှ ဧည့်ခန်းသို့သွားကာ
Perth : ကိုကို အဆင်ပြေရဲ့လား P'Mean ကျွန်တော့်ကိုကယ်ဖို့မီးတွေကြားကဖြတ်ခဲ့တာမို့ ကိုကို တစ်ခုခုပိုဆိုးသွားမှာကိုစိုးရိမ်နေတာ
P'Mean : အင်းစိုးရိမ်စရာတော့မရှိပါဘူး ဒီကောင့်ရဲ့ မီးကြောက်တဲ့စိတ်ကို အချစ်ကအနိုင်ယူသွားတယ်ထင်ပါရဲ့ ဘာမှစိတ်မပူရတော့ပါဘူး သူအဆင်ပြေပါတယ်
Perth : ဟုတ်ဒါဆို P'Chen , P'Mean ကိုကို့ ကိုတစ်ချက်လောက်ဂရုစိုက်ပေးပါ ကျွန်တော်အိမ်ပြန်ရမယ် အဖေနဲ့အမေစိတ်ပူနေလို့
P'Chen : ဒီမှာစိတ်ချ P' တိူ့ရှိတယ် Perth သာဂရုစိုက်ပြီးပြန်နော်
Perth : ဟုတ် P' ဒါဆိုကျွန်တော်သွားတော့မယ်
. . . . . . . . . . . . .
At Tanaponအိမ်တော်,
ကားရပ်သည်နှင့်အိမ်ထဲမှ‌ဖေဖေကောမေမေကောထွက်လာတော့သည်။
Mr.Tanapon : သားငယ်!! အဆင်ပြေရဲ့လား
Mis.Tanapon : အမေ့သားလေးဘယ်နားထိခိုက်မိသွားသေးလဲ စိတ်ပူလိုက်ရတာသားရယ် ဘာလို့အမေတို့ကိုဖုန်းမဆက်ရတာလဲအမေ့မှသတင်းတွေတက်လာမှသိရတယ်သားရယ်
Perth : သားဘာမှမဖြစ်ပါဘူး သားကို P'Saint ကယ်ခဲ့တာ ပြီးတော့ ဖေဖေနဲ့မေမေကိုသားတစ်ခုခွင့်တောင်းချင်လို့
Mr.Tanapon : ကဲလာ အိမ်ထဲအရင်ဝင်အုံးအထဲရောက်မှပြောကြတာပေါ့
ဧည့်ခန်းမှာထိုင်ကာ
Perth : ဖေဖေ ! မေမေ ! P'Saint က uncle တို့ဆုံးသွားပြီးကတည်းက မီးကြောက်တဲ့ ရောဂါကို ခံစားခဲ့ရတာ အခု ကသူအရမ်းကြောက်တဲ့မီးထဲကနေဖြတ်ပြီးသားကိုကယ်ခဲ့တာ အခုသူ့အိမ်မှာဆေးချိတ်ထားရတယ် ဆရာဝန်ကတော့ဘာမှမဖြစ်ဘူးပြောပင်မဲ့ ကျွန်တော်စိတ်မချဘူး
Mr.Tanapon : အဖေ သဘောပေါက်ပြီ ကုမ္ပဏီနှစ်ခုလုံးကိစ္စစိတ်မပူနဲ့အဖေလဲတော်တော်သက်သာနေပြီအဖေထိန်းထားမယ်
Mis.Tanapon : သားအကိုနားမှာသွားနေပေးလိုက်ပါ သူအခုအချိန်မှာအရမ်းအားငယ်နေမှာ အကယ်၍သူသာအဆင်ပြေမယ်ဆို အိမ်မှာလာနေလဲရတယ်
Perth : ဟုတ် သားပြောပြလိုက်ပါ့မယ်
Mr.Tanapon : ကဲဒါဆိုသားဒီနေ့တော့နားလိုက်အုံးမနက်ဖြန်မှပြောင်းသွားလိုက်ပေါ့
Perth : ဟုတ်ကဲ့ ဒါဆိုသားသွားနားတော့မယ်
Mis.Tanapon : အင်းအင်းသား
မနက်ရောက်တော့ ပစ္စည်းတွေသိမ်းကာ ကိုကို့ အိမ်ကိုထွက်လာခဲ့လိုက်တော့သည်။ ကိုကို့ ကိုစိတ်မချသည်မို့ညက‌လဲကောင်းကောင်းအိပ်မပျော်တာကြောင့်မနက်စောစောသာထွက်လာလိုက်သည်။ လမ်းမှာဈေးခဏဝင်ပြီးကိုကို့အိမ်ရောက်တော့ P'Chen ကတံခါးလာဖွင့်ပေးသည်။
Perth : P' ကိုကို နိုးပြီလား
P'Chen : မနိုးသေးဘူး မနေ့ကဆေးချိတ်ကတည်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာညကလဲတစ်ရေးမှမနိုးဘူး အခု N'Perth ရောက်လာပြီဆိုတော့ P' လည်းပြန်လိုက်အုံးမယ် N'Mean လဲမနက်ကဆေးရုံသွားပြီ
Perth : ဟုတ် P' ကျေးဇူးပါဗျာ
P'Chen : မလိုပါဘူးကွာ P' သွားပြီနော်
Perth : ဟုတ် P'
နှုတ်ဆက်ကာထွက်သားသော P'Chen ကိုခြံရှေ့ထိလိုက်ပို့ကာခြံတံခါးပိတ်ပြီး ကိုကို့ ကိုခဏကြည့်ရန်အခန်းထဲဝင်လိုက်တော့သည်။
အိပ်နေတဲ့ကိုကို့ ကိုခဏကြည့်ကာ မနက်စာလုပ်ပေးရန်မီးဖိုချောင်ဝင်လိုက်တော့သည်။ အားလူံးပြင်ဆင်ပြီးတော့ ကိုကို့ ကိုနှိုးဖို့အခန်းထဲဝင်သွားတော့ကိုကိုကမရှိ ရင်ထဲထိတ်ခနဲဖြစ်သွားပြီးအော်ခေါ်မိသည်။
Perth : ကိုကို ! ကိုကို!
Saint : ဗျာ ဗျ ကိုယ်ဒီမှာသည်းငယ်
ဟုအသံပြုကာ ရေချိုးပြီးခါစ တစ်ဘက်တစ်ထည်ထဲပတ်ကာရေချိုးခန်းမှထွက်လာတဲ့ကိုကို
Perth : ကိုကို နေကောင်းတာလဲမဟုတ်ဘဲနဲ့ရေချိုးပြန်ပြီကိုကိုရာ ရေတွေသေချာသုတ်အုံးကျွန်တော် အင်္ကျီထုတ်ပေးမယ်
Saint : ဟုတ်ပါပြီဗျ ကိုကို့ သည်းငယ်လေးအမိန့်ကိုနာခံပါမယ်ခင်ဗျ
Perth : အပိုတွေ အင့် ဒီမှာအင်္ကျီအမြန်လဲပြီးထွက်ခဲ့ ကျွန်တော်မနက်စာပြင်ထားတယ်
Saint : အင်းးးငယ် ကိုကိုလေ တစ်ကိုယ်လုံးညောင်းကိုက်နေလို့ ကိုကို့ကို အင်္ကျီလေးဝတ်ပေးပါလား
Perth : ကိုကို စကားလုံးတွေ‌ရိုးနေပြီ နောက်တစ်မျိုးစဉ်းစားလိုက်အုံးဗျို့ သွားပြီ 😜😜
Saint တစ်ယောက်သူ့ကိုမျက်နှာပြောင်ပြကာထွက်ပြေးသွားသောခလေးပေါက်အားကြည့်ကာ တစ်ဟားးဟားး အော်ရယ်မိတော့သည်။
အဝတ်အစားအမြန်လဲကာ ထမင်းဝိုင်းလေးဆီသာထွက်ခဲ့တော့သည်။
Perth : ကိုကို လာလေ ထိုင်
Saint : ဝါး ထမင်းဝိုင်းကတော့ရှယ်ပဲ
Perth : ဒါဆိုလဲများများစားပါဗျာ
Saint : အင်း ငယ်လဲများများစား ပိန်သွားတယ်
Perth : အင်းပါကိုကိုရဲ့ ဒါနဲ့လေ ကိုကို့ ကိုပြောစရာရှိတယ်
Saint : အင်းပြောလေ သည်းငယ်
Perth : ဟို ကျွန်တော်ကလေ ကိုကို နေမကောင်းဘူးဆိုပြီး ကိုကို့ ကိုစိတ်မချလို့ ကိုကို့ အိမ်မှာလာနေမယ်ဆိုပြီးထွက်လာတာ ဒါပင်မဲ့
Saint : ကောင်းတာပေါ့ငယ်ရဲ့ နောက်ကဒါပင်မဲ့ကြီးကဘာတုန်း
Perth : ဒါပင်မဲ့အခု ကိုကို ကနေကောင်းနေပြီဆိုတော့ မနေတော့ဘူး
Saint : ဟာ နေ နေ ကမကောင်းဘူး မကောင်းဘူး ငယ်ရဲ့ ကိုကိုလေ ခေါင်းတွေလဲကိုက်နေတယ် ပြီးတော့လေ လက်တွေလဲနာနေတယ် ခြေထောက်တွေလဲမသည်နိုင်ဘူး ပြီးတော့လေ
Perth : ကဲ ကဲ ရ ရပါပြီဗျာ ကျွန်တော်ကစတာပါ ကိုကို့ ကိုအချိန်ပေးချင်လို့ကို ကုမ္ပဏီကို ဖေဖေ့ ဆီအပ်ပြီး ဟောဒိက ကိုကို့ဆီကိုလာလိုက်တာပါ
Saint : အားးး ကိုယ်အသဲယားလာပြီနော် ချစ်လိုက်တာသည်းငယ်ရာ
ဟုဆိုကာ ပါးလေးကိုဖြစ်ညှစ်လိုက်တော့
Perth : အ နာတယ်ဗျ သူများပါးကို မညှာမတာ
Saint : ချစ်လို့ပါကွာ မွ
စားပွဲကြားခံနေပေးလို့ပဲ မဟုတ်ရင်တော့ Perth တစ်ယောက်မလွယ်ပေ။
Perth : ဟာ ဟုတ်ပါပြီ ကိုကို ရာ ထမင်းဆက်စားတော့
ထမင်းစားပြီးအားလူံးသိမ်းဆည်းပြီးတော့ ကိုကိုက ဧည့်ခန်းမှာထိုင်နေတုန်း ကိုယ့်အဝတ်အစားတွေအခန်းထဲမှာနေရာချလိုက်ပြီး ကိုကို့ ဘေးမှာ ဝင်ထိုင်ကာ ကိုကို့ပေါင်ပေါ်ကိုလှဲချလိုက်တော့သည်။
Perth : အားး အခုမှပဲအညောင်းပြေသွားတော့တယ်
Saint : ဟဟ ကိုယ့်သည်းငယ်လေးပင်ပန်းနေပြီလား
Perth : ပင်ပန်းတယ်လို့မဟုတ်ပါဘူးညကအိပ်မပျော်လို့
Saint : ဟုတ်လား အဲ့ဒါဆိုတစ်ရေးလောက်မှေးလိုက်လေ
Perth : ဟုတ်
Saint : ငယ် ကိုယ်ပြောစရာရှိတယ်
Perth : ဟုတ်ပြောလေ
Saint : ဖြစ်ခဲ့သမျှအရာအားလုံးက ကိုယ့်ရဲ့ပေါ့ရော့မှုကြောင့်ပါ အဲ့ဒါတွေအတွက် ကိုယ်ငယ့်ကိုတောင်းပန်ပါတယ်နော် မွ
ပြောလဲပြော နှဖူးလေးအားငုံ့နမ်းလိုက်တော့သည်။
Perth : ကျွန်တော် ဘယ်တုန်းကမှကိုကို့ ကိုစိတ်မဆိုးဖူးပါဘူးဗျာ
Saint : ချစ်လိုက်တာကွာ ဒါနဲ့ဒီရက်ပိုင်းငယ်လဲအနားရထားတယ်ဆိုတော့ ကိုယ်တို့အပျော်ခရီးလေးတစ်ခုလောက်ထွက်ရအောင်
Perth : အင်းကောင်းသားပဲ ကိုကို့ သဘောလေ ကိုကို ဘယ်သွားသွားငယ်ကလိုက်မှာ
Saint : တကယ်လား ကဲလာအာ့ဆို
Perth : ဘယ်လဲ
Saint : အိပ်ခန်းထဲလေ ညကျမှသာအိပ်တော့ လာ
ဟုဆိုကာ ပွေ့ချီသွားတော့သည်။
Perth : ဟာ ကိုကို!!!! နေဦးလေ ကိုကို!!! ကျွန်တော်အိပ်ချင်ပြီဗျာကိုကိုကလဲ ချပေးဗျာ
Saint : အင်းလေ ငယ်ကအိပ် ကိုကိုကချပေးမယ်
Perth : ဟာ အဲ့လိုပြောတာမဟုတ်ဘူးလေ ကိုကို လူလည်ကြီးဗျာ
Saint : ဟားးဟားးးဟားး
ရင်ခွင်ထဲမှထုရိုက်နေသောကောင်လေးကိုလစ်လျူရှုကအခန်းထဲသာဝင်လိုက်တော့သည်။
"ဟုတ်တယ်လေဗျာ မားတို့ပဲစဉ်းစားကြည့် ကျွန်တော့်မှာ လေးနှစ်လုံးလုံးလွမ်းခဲ့ရတာဗျ အခုတော့အလွတ်မပေးတော့ဘူး ကျွန်တော်မှန်တယ်မဟုတ်လား"
(အေး‌ပါသားစေး ရယ် သားငယ်အတွက်မားတို့ဆုတောင်းပေးပါတယ် နဂါးစားခံရတဲ့ ကြွက်ကလေး(or)ကြောင်ဆိုးလေး😁😁)
ဒီလိုနဲ့ Perth တစ်ယောက်အဲ့နေ့ညကပင်ပန်းမှုတွေပေါင်းကာ နွေးထွေးသောရင်ခွင်ကျယ်ကြီးထဲမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလေတော့သည်။
. . . . . . . . . . . . . . . . .
Perth တစ်ယောက်အိပ်ယာနိုးလားတော့ အခန်းကသူအိပ်ပျော်သွားတုန်းကအခန်းဟုတ်မနေပေ။ လန့်သွားကာချက်ချင်းငုတ်တုတ်ထိုင်မိတော့ခါးကမျက်ကနဲဖြစ်သွားတာမို့
Perth : ကိုကို! ဟင့်
Saint တစ်ယောက်ခေါ်သံနှင့်အတူရှိုက်သံမှကပ်ပါလာတဲ့ခလေးပေါက်အသံကြောင့်ရေချိုးခန်းထဲကပြေးထွက်လာလိူက်တော့သည်။
Saint : ငယ်! ဘာဖြစ်လို့လဲ အရမ်းနာနေလို့လား
Perth : ဟင့် ကိုကို ကဘယ်တွေသွားနေတာလဲ ဟင့် ဘာလို့ငယ့်ကိုတစ်‌ယောက်ထဲထားခဲ့တာလဲ အီးးဟီးးး
ပြောရင်းနဲ့မျက်ရည်တွေကျလာသည်မို့
Saint : မငိုပါနဲ့သည်းငယ်လေးရယ် ကိုကို ကသည်းငယ်လေးနိုးလာရင်ရေချိုးဖို့အဆင်သင့်ဖြစ်အောင် ရေနွေးလေးစပ်ပေးနေတာပါ ကိုယ်တောင်းပန်ပါတယ်ကွာ နောက်ဆိုငယ့်ကိုတစ်ယောက်ထဲမထားခဲ့တော့ဘူးနော်
ဟုပြောကာဆွဲဖတ်လိုက်တော့ ရင်ခွင်ထဲအလိုက်‌သင့်ပါလာပြီးသူ့ခါးကိုအတင်းဖတ်ထားတာမို့ဒီခလေးကြောက်နေသည်ဆိုတာကိုသူ ခံစားမိသည်။
Perth : ဒါ ဒါ ဘယ်နေရာကြီးလဲ ညကအိပ်တဲ့အခန်းလဲမဟုတ်ဘူးပြီးတော့ကိုကို့ ကိုလဲမတွေ့တော့ငယ်က လန့်သွားတာပေါ့ ဟင့်
Saint : တောင်းပန်ပါတယ်ငယ်ရယ် ကိုကို ငယ် အံ့ဩဝမ်းသာသွားအောင်ညကငယ်အိပ်နေတုန်းချီခေါ်လာတာ အခုရောက်နေတာက မြန်မာနိုင်ငံမှာငယ်ရဲ့ ကိုကိုတို့ခရီးထွက်လာတာလေ
Perth : ဒါဆိုအခုရောက်နေတာက
Saint : အင်းဟုတ်တယ်ရန်ကုန်မှာ ဒီနေ့ငယ်နဲ့ရွှေတိဂုံဘုရားအတူဖူးချင်လို့ ကိုကို ပထမတစ်ခေါက် ပွဲကိစ္စနဲ့လာကတည်းက ငယ်နဲ့အတူတစ်ခေါက်ရောက်အောင်လာအုံးမယ်လို့တွေးထားတာ ငယ်သဘောကျရဲ့လားဟင်
Perth : အင်း အင်း သွားမယ် သွားမယ်
ခလေးတစ်ယောက်လိုခေါင်းအတွင်တွင်ညှိပ်နေတဲ့ငယ့်ဆံပင်လေးတွေကိုဆွဲဖွကာ
Saint : ကဲ အဲ့ဒါဆိုရေသွားချိုးတော့ ကိုကိုကမနက်ကချိုးပြီးပြီ ကိုကိုနဲ့ငယ်နဲ့ဒီကရိုးရာပုဆိုးလေးဆင်တူဝတ်ဖို့စီစဉ်ထားတယ်
Perth : ဟုတ် အာ့ဆိုရေသွားချိုးတော့မယ်
ဟုပြောကာလှစ်ကနဲ ရေးချိုးခန်းထဲဝင်သွားတော့သည်။
Perth တစ်ယောက်ရေချိုးပြီးထွက်လာတော့ Saint ကအဝတ်အစားလဲပြီးနေပြီ
အင်္ကျီအဖြူ လည်ကတုံးလေးနဲ့ အောက်ကမြန်မာပုဆိုးအကွက်ကလေးကိုတွဲဝတ်ထားတဲ့ကိုကိုက ကြည့်ကောင်းလှသည်။
Saint : ငယ် ကိုယ့်ချောသာသိပါတယ်အဲ့ လောက်စိုက်ကြည့်မနေနဲ့အအေးပတ်တော့မယ်လာအဝတ်အစားလဲ
Perth : အာ ဟုတ် ဟီးးဟီးး
သူခိုးလူမိသွားလို့ သွားဖြဲပြကာအဝတ်အစားဝတ်လိုက်တော့သည်။
Saint : ‌လာဒီကိုပုဆိုးမဝတ်တတ်ဘူးဟုတ်ကိုကိုပြမယ် ဒီလိုဝတ်ရတယ် မဖြစ်သေးပါဘူး အင့် ခါးပတ်ထပ်ပတ်ပေးမယ်မဟုတ်ရင် လူကြားထဲပြသနာတတ်မှဒုက္ခ ဒီထဲကဟာလေးကကိုကို့အပိုင်
Perth : အာ! ကိုကို ကလဲ ဘာတွေပြောနေတာလဲဗျာ
ဟုပြောကာလက်မောင်းအထုခံလိုက်ရတော့သည်။
ဒီလိုနဲ့ အင်္ကျီအဖြူလည်ကတုံးလေးစင်တူဝတ်ကာ ပုဆိုအကွက်‌လေးတွေနဲ့ သာသာ့ခလေးနှစ်ယောက်လုံးကသိပ်ကိုကြည့်ကောင်းနေခဲ့တာပေါ့
🙆🙆🙆🙆🙆
မြေးလေးတွေလိုချင်သေးလား ဒါဒါလေးတို့😁😁😁
. . . . . . . . . . . . . .
Zawgyi
Saint : အင်းးး
Saint : အင်းအင်း
Saint : အင်းပြေပါတယ်
P'Chen : ဒီမှာစိတ်ချ P' တို့ရှိတယ် Perth သာဂရုစိုက်ပြီးပြန်နော်
. . . . . . . . . . . . .
At Tanaponအိမ်တော်,
ဧည့်ခန်းမှာထိုင်ကာ
Perth : ဟုတ် P'
Perth : ကိုကို ! ကိုကို!
Perth : ဟုတ်
Perth : ဟုတ်ပြောလေ
Perth : ဘယ်လဲ
Saint : ဟားးဟားးးဟားး
. . . . . . . . . . . . . . . . .
Perth : ကိုကို! ဟင့်
Saint တစ်ယောက်ခေါ်သံနှင့်အတူရှိုက်သံမှကပ်ပါလာတဲ့ခလေးပေါက်အသံကြောင့်ရေချိုးခန်းထဲကပြေးထွက်လာလိုက်တော့သည်။
Perth : အာ ဟုတ် ဟီးးဟီးး
🙆🙆🙆🙆🙆

နေနဲ့လရဲ့ချစ်ခြင်းအပြိုင် (Complete)Where stories live. Discover now