နေနဲ့လရဲ့ချစ်ခြင်းအပြိုင် Part 8

122 15 0
                                    

At hotal,
Perth တစ်ယောက်ညနေလောက် ဟော်တယ်ကိုပြန်ရောက်လာခဲ့သည်။ အခန်းထဲရောက်တော့ Saint ကိုမတွေ့ တစ်နေကုန်ဘာမှမစားဘဲကားမောင်းလာခဲ့တော့ ဗိုက်ဆာနေပင်မဲ့မစားနိုင်ဘဲ ဒီဇာတ်ကားမပြီးဖို့ဆုတောင်းရင်းဇာတ်ညွှန်းထုတ်ဖတ်လိုက်တော့သည်။ သေချာတာကတော့ နောက်တစ်ပတ်လောက်ဆို final ပြီးတော့မှာ ဖြစ်တာကြောင့်ဘာမှထပ်မတွေးတော့ဘဲမနက်ဖြန်အတွက်ဇာတ်ညွှန်းသားဖတ်လိုက်တော့သည်။
Perth POV.
မနက်ဖြန် kiss scene ပါတာပဲ ဘယ်လိုလုပ်ရပါ့မလဲ ကွန်ပျူလှည့်ကွက်သုံးရမှာပဲလေ ပြသနာမရှိလောက်ပါဘူး ဟူးးး ကိုကိုရယ်ရင်မောလိုက်တာ ကျွန်တော်ဘာမှဖွင့်ပြောခွင့်မရှိလို့ မပြောဖြစ်ခဲ့တာပါ ကျွန်တော့်ကိုစိတ်မဆိုးပါနဲ့နော် ကိုကိုမချစ်ဘဲတော့ ကျွန်တော်လက်မထက်နိုင်ဘူး ကျွန်တော်ပြန်မလာတော့ဘူးကိုကို အနားမှာရှိနေတုန်းအကောင်းဆုံးဂရုစိုက်ပေးပါ့မယ် ကျွန်တော့်ဆုံးဖြတ်ချက်မှန်ပါစေလို့ဆုတောင်းပါတယ် ကိုကိုချစ်တဲ့လူနဲ့တစ်နေ့ပျော်ရွှင်ရမှာပါ
သူတွေးနေတုန်း Saint တစ်ယောက်အခန်းထဲရောက်လာခဲ့သည်။
Saint : ငယ်!
Perth : 😳😳
Saint : အာ အယ် ဟို Perth ပြန်ရောက်နေပြီလား
Perth : ဟုတ်
Saint POV
ငါဘာတွေသွားခေါ်မိနေတာပါလိမ့် ငယ်စိတ်ဆိုးသွားတော့မှာပဲ ဒါပင်မဲ့ ငယ့်ကိုကြည့်ရတာပင်ပန်းနေသလိုပဲ နေမကောင်းသေးဘူးလားမသိဘူး
Saint : Perth !ကောင်းရဲ့လားမျက်နှာသိပ်မလန်းဘူးနော်မနေ့ကထက်တောင်ပိုဆိုးနေသလိုပဲဘာပြသနာရှိလို့လဲ
Perth : ဘာမှမဖြစ်ပါဘူး ဟို ကျွန်တော်မနက်ကတည်းကဘာမှမစားရသေးလို့ပါ
Saint : နေကောင်းတာသေချာလို့ လား
မေးလဲမေး Saint တစ်ယောက်အနားသွားပြီးနဖူးလေးပေါ်လက်တင်လိုက်မိသည်။
Perth ပြူးကြောင်ကြောင်လေးပြန်ကြည့်နေမိတော့သည်။
Saint : အဖျားမရှိပင်မဲ့ Perth နေမကောင်းဖြစ်ထားတော့ဒီနေ့ဆန်ပြုတ်လေးပဲသောက်လိုက်နော် ကိုယ် ပုဇွန်ဆန်ပြုတ်လေးလုပ်ပေးမယ်
Perth : ဗျာ !
Perth POV.
အံ့ဩရပါတယ်ကိုကိုရယ် ပုဇွန်ဆန်ပြုတ်တဲ့ကိုကိုမှတ်မိသွားတာလား ဒါမှမဟုတ် ကိုကို ကတိမတည်တာလား ဖြူလုံးလေးအနေနဲ့လုပ်ပေးမှာလား Perth အနေနဲ့လုပ်ပေးမှာလား ကိုကိုနဲ့ကျွန်တော်အတူရှိတုန်းက ကျွန်တော် နေမကောင်းဖြစ်တော့ ကိုကိုက ပုဇွန်ဆန်ပြုတ် ပြုတ်နည်းကိုယ်တိုင်သင်ပြီးပြုတ်တိုက်ခဲ့တယ်ကမ္ဘာပေါ်မှာအကောင်းဆုံးဆန်ပြုတ်ငန်ငန်လေးပေါ့ ငန်ဆို အဲ့အချိန်တုန်းက ကိုကိုက 10 နှစ်ပဲရှိသေးတာလေ ပြီးတော့ကျွန်တော်ကတိတစ်ခုတောင်းခဲ့တယ် "ကျွန်တော်ကလွဲရင်ဘယ်သူ့ကိုမှပုဇွန်ဆန်ပြုတ် ပြုတ်မတိုက်ပါဘူး"ဆိုတဲ့ကတိ အခုကိုကိုက ပုဇွန်ဆန်ပြုတ် ပြုတ်ပေးမယ်တဲ့ ကျွန်တော်သိချင်တယ် ဘယ်သူအမှတ်နဲ့ပြုတ်ပေးမှာလဲလို့ ဒါပင်မဲ့ ကျွန်တော်မမေးရဲသလိုအဖြေကိုလဲ မကြားရဲဘူးကိုကို
Saint : ခဏလေးစောင့်နော်
Saint POV.
ကျွန်တော်သိတာပေါ့ ဒီခလေးနေမကောင်းဖြစ်ရင်ကျွန်တော်ပြုတ်ပေးတဲ့ဆန်ပြုတ်ကလွဲရင်မစားတာ ကျွန်တော်သိတာပေါ့ ကျွန်တော်ပုဇွန်ဆန်ပြုတ်လို့ပြောလိုက်တော့သူအံ့ဩသွားတာ ဖြူလုံးလေးလို့ခေါ်ပြီးပွေ့ဖက်ထားလိုက်ချင်ပင်မဲ့မင်းအဖေမျက်နှာကြောင့်ကိုကိုမလုပ်နိုင်ဘူး ပြီးတော့အရင်လိုဖြူလုံးလေးရဲ့ကိုကို အနေနဲ့ညီအကိုလိုကိုကိုမဖြစ်ချင်ဘူးကွာ မင်းကိုကို့ ကိုမမှတ်မိတာပဲကောင်းပါတယ် ကိုယ့်ဘက်ကလဲဘယ်တော့မှဖွင့်ပြောမှာမဟုတ်ဘူးသည်းငယ်
ဟော်တယ်မန်နေဂျာကိုခွင့်တောင်းကာ စားဖိုဆောင် ထဲမှာပုဇွန်ဆန်ပြုတ်ကိုယ်တိုင်ဝင်ပြုတ်နေသူ Saint. ရယ်ပါ
Saint : Perth ! ဆန်ပြုတ်ရပြီ
Perth : ဟုတ်ကျေးဇူးပါ P'Saint
Perth POV.
အရသာကတော့အရင်ကထက်အများကြီးတိုးတက်လာပါတယ်ကိုကို ကျွန်တော်သိပါတယ်ကိုကို ကိုယ်တိုင်ပြုတ်လာတယ်ဆိုတာ ကျွန်တော့်ကိုပြူးကြည့်ပြီး ကောင်းလားလို့မေးနေတဲ့ကိုကို့ မျက်ဝန်းတွေကနေကျွန်တော်သိပါတယ်
Perth တစ်ယောက်သူ့အတွေးနဲ့သူပြုံးမိသွားတော့သည်။
Saint : Perth ! အခုပြုံးနေတာလား
Saint POV.
လှလိုက်တာ ချစ်ဖို့‌ေကာင်းလိုက်တာငယ်ရယ် အရင်ကလို ချစ်ဖို့ကောင်းတုန်းပဲငယ် မင်းအပြုံးဟာကမ္ဘာမှာအလှဆုံးပဲ အရင်လိုခ‌လေးတစ်‌ေယာက်မဟုတ်တော့ပင်မယ့်မင်းအပြုံးလေးတွေကတော့ချစ်ဖို့ကောင်းတာထက်လှတယ်ဆိုတဲ့ဂုဏ်ပုဒ်လေးပါထပ်တိုးလာခဲ့ပြီ ဘာလို့အခုမှပြုံးရတာလဲငယ်ရယ် ချစ်လိုက်တာကွာ ဖွင့်ပြောခွင့်မရတဲ့ကိုယ့်ဘဝကိုယ် တွေးရင်းဝမ်းနည်းမိတယ်ငယ် ကိုယ့်ဘဝမှာကိုယ့်မိဘတွေအတွက်ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး မိဘတွေကိုလဲမကယ်နိုင်ခဲ့ဘူး ကုမ္ပဏီကိုလဲဆုံးရှုံးခဲ့ရတယ် သူငယ်ချင်းဆိုတဲ့မျက်နှာကိုမှမထောက် ကိုယ့်မိဘတွေကုမ္ပဏီကိုအပိုင်သိမ်းသွားခဲ့တဲ့ မင်းအဖေကို ကလဲ့စားမခြေနိုင်တဲ့အပြင်မင်းကိုမှချစ်မိနေတဲ့ကိုယ့်နှလုံးသားက ကိုယ့်မိဘတွေအတွက်ဘယ်တရားပါ့မလဲကွာ ကိုယ့်မိဘတွေအတွက်ကိုယ့်နှလုံးသားကိုထိန်းချုပ်ပြီး ကိုယ့်ကိုကိုယ်အပြစ်ပေးတာ ထိုက်တန်တယ်မဟုတ်လားမှန်တယ်မဟုတ်လားငယ် ကိုယ်မှန်မှာပါနော်
Perth : P' ! ကျွန်တော့ကိုဘယ်အချိန်အထိစိုက်ကြည့်နေမှာလဲ
Saint : အာ ဟို မင်းပြုံးတာအခုမှမြင်ဖူးလို့ အဲ့ဒါကြောင့် ကြည့် ကြည့်နေမိတာ
Perth : ကျွန်တော်ကကောဘာပြောနေလို့လဲ ထားပါဘာပဲဖြစ်ဖြစ် ဆန်ပြုတ်အတွက်ကျေးဇူးပါ သောက်လို့အရမ်းကောင်းတယ်
Saint : inn
Perth POV.
ကိုကို ဘာတွေတွေးနေတာလဲ ကျွန်တော်သိချင်လိုက်တာ ကိုကို ကျွန်တော့်ကိုမှတ်မိနေတာလား မွန်းကြပ်လိုက်တာကိုကိုရာ 😪😪
At shooting,
ဇာတ်ဝင်ခန်းလေးက
ကျောင်းကနေ trip လေးတစ်ခုသွားရတယ် ။ အဲ့ဒါကတော့တောင်တက်ရတဲ့ ခရီးလေးတစ်ခုပေါ့ တောင်ပေါ်ရောက်တော့ရွက်ဖျင်တဲလေးတွေထိုးပြီးနားကြတယ် အဲ့ညမှာ တောင်ထိပ်ကနေညရှုခင်းကြည့်ဖို့လမ်း‌ေလျှာက်ထွက်လာတဲ့ ကျွန်တော့်အချစ်ရေခဲတုံးလေးကို တောင်ထိပ်မှာ နမ်းရမယ့်အခန်း
P'New : စက်အဖွဲ့အသင့်ပြင် စရိုက်မယ် အက်ရှင်!
Saint : ကိုယ်မင်းကိုချစ်တယ် ကိုယ့်အချစ်အချစ်တွေကိုမင်းဘာလို့မမြင်နိုင်ရတာလဲကွာ မင်းကိုယ့်ကိုချစ်တယ်မဟုတ်လားဟင်
Perth POV.
အနားတိုးလာတဲ့ကိုကို့ အကြည့်တွေကိုကျွန်တော်ဘယ်လိုရင်ဆိုင်ရမှာလဲ ကိုကို ကချစ်တယ်တဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဒိုင်ယာလော့လေးပြောတာတောင်ကိုကို့ မျက်လုံးတွေကအသက်ပါလိုက်တာ ကျွန်တော့နှလုံးသားပေါက်ထွက်တော့မှာပဲ ငြိမ်ငြိမ်နေပါနှလုံးသားလေးရယ် ကိုကိုကြားသွားလိမ့်မယ် ကိုကို ကသရုပ်ဆောင်နေတာကွ
Saint POV.
အခွင့်အရေးယူတယ်လိုတော့မထင်ပါနဲ့ငယ် ရင်ထဲကစကားလုံးတွေကို ဒိုင်ယာလော့တွေနဲ့ပဲရောချလိုက်တော့မယ်ကွာ မင်းနှုတ်ခမ်းလေးကိုဒီနည်းနဲ့ပဲအပိုင်သိမ်းခွင့်ပြုပါနော် ကိုယ်မတရားဘူးဆိုတာသိပင်မဲ့မင်းရဲ့ first kiss လေးကတော့ကိုယ့်အတွက်ပဲဖြစ်ချင်လို့ပါ ကိုယ်အတ္တကြီးပါရစေငယ်
🙆🙆🙆🙆🙆
ကဒ်ကဒ်ကဒ်
အဲ့အချိန် ပါး Ar-T ဝင်ရောက်သွားပါတယ်😁😁😁

နေနဲ့လရဲ့ချစ်ခြင်းအပြိုင် (Complete)Where stories live. Discover now