နေနဲ့လရဲ့ချစ်ခြင်းအပြိုင် Part 9

116 13 0
                                    

တဖြည်းဖြည်းအနားတိုးလာပြီး သေချာမြင်နေရတဲ့နှုတ်ခမ်းရဲရဲဂျယ်လီတုံးလေးကိုထိကပ်လိုက်တဲ့ခဏ အသိစိတ်မဲ့သွားမှာစိုးလို့ အဆမတန်ခုန်နေတဲ့ရင်ထဲကအကောင်ပေါက်ကိုထိန်းကာနေရတော့သည်
ကိုယ့်အ‌ေရှ့မှအလန့်တကြားမှတ်ချထားတဲ့ မျက်ဝန်းပိုင်ရှင်လေးကတော့ ဘယ်လိုနေမယ်မသိ
Perth POV.
"ဟင် ဘာလို့အဲ့လောက်နီးလာတာလဲ ကိုကို့ ကိုအနီးကပ်မြင်ရတာအခြေအနေမကောင်းတော့ဘူး" အလိုက်သင့်မှိတ်ကျသွားတဲ့ မျက်ဝန်းတစ်စုံနဲ့အတူအဆမတန်ခုန်နေတဲ့နှလုံးသားနဲ့ ထပ်တူကျလာတဲ့ နှုတ်ခမ်းနွေးနွေးလေး " ဟာ ကိုကို ငါ့ကိုနမ်းလိုက်တာလား "
ထိကပ်ထားတာကွာသွားမှပတ်ဝန်းကျင်ကို Saint လှည့်ကြည့်မိတော့ ကဒ် လဲမအော် ရပ်လဲမရပ်ခိုင်းပဲ အံ့ဩတကြီးပြူးကြည့်နေကြတဲ့ ဒါရိုက်တာ မန်နေဂျာများနဲ့စက်အဖွဲ့ဝင်တွေstaffတွေအဆုံးအားလုံငြိမ်သက်နေတော့သည်။ ထိုအခြေအနေကိုဖြိုခွင်းလိုက်သူက
P'New : ကဒ် ကဒ် ကဒ် ကဒ် ရပြီ အရမ်းမိုက်တယ် အရမ်းလဲပီပြင်တယ် 👏👏👏
ကိုယ့်အရှေ့မှ ပြူးကြောင်ကြောင်ကြည့်ပြီးအခုထိအသိမဝင်သေးတဲ့ ငယ်ကတော့လက်ခုတ်သံတွေကြားမှ မျက်နှာတစ်လုံးရဲတက်လာကာ "အဆင်ပြေရင်ကျွန်တော်သွားနားတော့မယ် "ဟုဆိုကာ လှစ်ကနဲပျောက်သွားလေတော့သည်။
အဲ့တော့မှသူလဲ တစ်ဖွဲ့လုံးရဲ့အင်တာဗျူးခြင်းကိုခံရပါတော့သည်။ ထိပ်ဆုံးကတော့ P'New နဲ့ P'Chen ပေါ့
P'Chen.: ငါအမြင်မှားသွားတာလား sup sup
P'New : ကွန်ပျူတာနဲ့ပဲထည့်မယ်ဆို လုပ်မယ်ဆိုလဲကြိုပြောပါကွာငါတို့ကိုလန့်သေအောင်လုပ်တာလား အသက်ရှူတောင်ခဏရပ်သွားတယ်
ဟုတ်ပါတယ် အားလုံးအံ့ဩသွားကြတယ် အနုပညာလောကကိုဝင်တာသုံးနှစ်နီးပါရှိတော့မယ်ဆုပေါင်းများစွာကိုထိုက်ထိုက်တန်တန်ဆွတ်ခူးခဲ့တဲ့ နိုင်ငံကျော်မင်းသားတစ်ယောက်ဖြစ်ပင်မဲ့ ဘယ်မင်းသမီးကိုမှ မနမ်းခဲ့ဖူးပါ အမြဲပီပီပြင်ပြင်ကွန်ပျူတာ ထရိတ် သာသုံးခဲ့ပါသည်။ အခုအနမ်းကပထမဆုံးဖြစ်သလို သူ့ဘဝရဲ့ပထမဆုံး first kiss ဆိုလဲမမှားပါဘူး
ရိုက်ကူးရေးပြီးကတည်းအစအနပျောက်သွားတဲ့ကောင်လေး အရိပ်တောင်မမြင်ရတော့ Saint လဲ အပျော်လုံးဆို့က ရိုက်ကွင်းပြီးကတည်းကအိပ်ချလိုက်တော့သည်
အိပ်ယာနိုးတဲ့အထိ Perth ကိုမတွေ့ နာရီကြည့်မိတော့ ည9နာရီထိုးတော့မယ်
အပြင်ထွက်ရှာရတော့သည်
Saint : P'Jyn ! Perth ကောဟင်
P'Jyn : အာ N'Saint ကိုမပြောသွားဘူးလား ဒီနေ့ရိုက်ကွင်းမှာ သူ့ scene အကုန်ရိုက်ပြီး ဘန်ကောက်ပြန်ဆင်းသွားပြီ
Saint : ဗျာ
အံ့ဩမှုနဲ့အတူအခန်းပြန်ကာ ဇာတ်ညွှန်းသွားဖွင့်ကြည့်မိတော့သည်။
ဟုတ်ပါသည် ငယ့် scene ကနောက်သုံးခုပဲရှိတော့တယ် အဲ့သုံးခုလုံးကသူမပါဘူး ပြီးတော့ဒီနေ့ရိုက်ခဲ့တဲ့ kiss scene က final
နောက်ထပ်ကျန်နေတဲ့သူ့ scene တစ်ခုနှစ်ပဲကျန်တော့တယ်အဲ့ဒါကလဲငယ်မပါပါရိုက်ကွင်းကပြန်ရောက်ရောက်ချင်းကတည်းက အပျော်လွန်ပြီးအိပ်ပျော်သွားတဲ့ကိုယ့်ကို ကိုယ်ပဲအပြစ်တင်မိတော့သည်။ "p'Jyn ကိုတောင်မစောင့်ပဲအရင်ပြန်သွားတာဆိုတော့ ငယ်စိတ်ဆိုးသွားတာလား
အားးးးးး ရူးတော့မှာပဲငယ်ရာ"
. . . . . . .
Perth တစ်ယောက်ရိုက်ကွင်းကနေခြေဦးတည့်ရာပြေးထွက်လာခဲ့တော့သည်
Perth POV.
ကျွန်တော့်ကို‌အသေသတ်နေတာလားကိုကိုရာ သေတော့မှာပဲ ဟူးးးးးး ဒီအတိုင်းဆိုရင်တော့မဖြစ်တော့ဘူးကိုကိုရာ ကိုကို့ဘက်က သရုပ်ဆောင်တယ်ဆိုတာသိပင်မဲ့ ကျွန်တော့်နှလုံးသားကခံနိုင်ရည်မရှိဘူးဗျ ဒီပုံနဲ့တော့ကိုကိုနဲ့မျက်နှာချင်ဆိုင်လို့မဖြစ်တော့ဘူး
Perth : P'New! ကျွန်တော်အရေးကြီးကိစ္စပေါ်လာလို့ဘန်ကောက်ပြန်ရမယ် အပန်းမကြီးရင် ကျန်နေတဲ့ကျွန်တော့ scene တွေကိုဒီနေ့အပြီးရိုက်ပေးလို့ရမလား
P'New : အာ အင်းရပါတယ်အရေးကြီးတယ်ဆိုတော့လဲလုပ်ပေးရမှာပေါ့
ဒီလိုနဲ့ရိုက်ကွင်းကိုတစ်ရက်ထဲအပြတ်ဖြတ်ကာ P'Jyn ကိုအထုတ်အပိုးတွေနဲ့အကုန်ထားခဲ့ကာ အိမ်ကိုကားတစ်စီးနဲ့လာ‌ေခါ်ဖို့အရေးပေါ်အကူအညီတောင်းကာ ဘန်ကောက်ကိုပြန်ဆင်းလာခဲ့တော့သည်။
Perth POV.
ကိုကို ရဲ့ဟန်ဆောင်အနမ်းလေးတစ်ခုအတွက်အရူးတစ်ယောက်လိုကျွန်တော်ထွက်ပြေးလာခဲ့ရပြီ ကျွန်တော် ကိုကို့ကိုချစ်မိနေတာသေချာသွားတာနဲ့အတူ နာတယ်ကိုကို ဒီရင်ဘက်ထဲကနာတယ် တစ်ချိန်ထွက်သွားရမယ်ဆိုတာသိနှင့်ပြီးသားမို့အကောင်းဆုံးအနားမှာကာကွယ်ပေးနိုင်ဖို့ကြိုးစားခဲ့ပင်မဲ့ ကျွန်တော့်နှလုံးသားကိုပါ ကိုကို့အနားမှာထားခဲ့ရတော့မယ်ထင်တယ် မတရားလိုက်တဲ့ကျွန်တော့်နှလုံးသားရယ်ပါ မင်းကတောင်ငါ့ကိုအဖော်မလုပ်ပေးချင်တော့ပါလားကွာ
🙆🙆🙆🙆

နေနဲ့လရဲ့ချစ်ခြင်းအပြိုင် (Complete)Where stories live. Discover now