Part 13 Zawgyi

25 2 0
                                    

Perth : ကိုကို လွှတ်အုံး အရမ်းညှစ်မနေနဲ့နာတယ်ဗျ Passward နှိပ်အုံးမယ် ဒါနဲ့ကိုကို က bodyguard တွေအကုန်ပြန်လွှတ်လိုက်တော့ဘယ်လိုပြန်မလဲ ဒီလက်နဲ့ကားမောင်းလို့လဲမရဘူးလေ
ရင်ခွင်ထဲကထုတ်ပေးလိုက်တော့ စကားတပြောပြောနဲ့ အခန်းထဲဝင်သွားသောသူ့ခလေးပေါက်နောက်လိုက်ကာ
Saint : ဘယ်သူကပြန်မယ်ပြောလို့လဲ မီးဖိုချောင်ကဟိုဘက်မှာလား
Perth : အင်း ဘယ်ဘက်မှာ
ဝယ်လာတဲ့ပစ္စည်းတွေနေရာချလိုက်တော့သည်။
Perth: ဒါဆိုကိုကိုကမပြန်ဘူးလား
Saint : ကဲငယ် ရေချိုးလို့မရဘူးဆိုတော့ ကိုယ်ရေဘက်တိုက်ပေးရမလား
Perth : အန် ရ ရပါတယ် ကိုကို ရဲ့ ကိုကို့လက်ကလဲ အနာကြီးနဲ့ကို ကျွန်တော်ကို့ဘာသာပဲလုပ်လိုက်ပါ့မယ်
Saint : ဖြစ်ရဲ့လားငယ်ရဲ့ ဘာလဲ ကိုကို့ ကိုရှက်နေတာလား
Perth : အာ ဟို ဟို မဟုတ်ပါဘူး ကိုကိုကလဲ ငယ် ငယ် အဝတ်အစားသွားလဲတော့မယ်နော်
ပြောလဲပြောအခန်းထဲဝင်ပြေးသွားတဲ့ခလေး
ပေါက်ကို ကြည့်ကာရီနေမိတော့သည်။
ပြီးမှမီးဖိုထဲဝင်ကာ ဝယ်လာတဲ့ညစာတွေကိုပန်းကန်ထည့်ရန် ပြင်တော့ ပတ်တီးစည်းထားသည့်လက်တစ်ဖက်ကအဆင်မပြေသောကြောင့် လက်တစ်ဖက်နှင့်သာအဆင်ပြေသလိုစီစဉ်လိုက်တော့သည်။
အားလုံးပြီးသည်အထိ ခလေးပေါက်က အခန်းထဲကထွက်မလာသေးတာနှင့် အခန်းတံခါသွားဖွင့်ကြည့်တော့လော့မချထားတာကြောင့်အခန်းထဲဝင်ကြည့်တော့အခန်းထဲတွင်မရှိ။ရေများချိုးနေသလားးလို့စိတ်ပူကာ ရေချိုးခန်းတံခါး‌ကိုခေါက်လိုက်တော့
ဒေါက် ဒေါက်
Saint : ငယ် ရေချိုးနေတာလား ရေမချိုးပါနဲ့ဆိုကွာ
လှမ်းပြောလိုက်မှအခန်းတံခါးပွင့်လာပြီး bathrobe ဝတ်စုံလေးနဲ့ ဆံပင်ရေစက်လက်နဲ့ထွက်လာတော့သည်။
Saint : ငယ် ဒဏ်ရာကိုရေစိုမှာစိုးလို့ရေမချိုးပါနဲ့ဆိုတာကိုခေါင်းပါလျှော်လာတာလား ဘာလဲ ကိုကို့ ကိုရွဲ့တာလားပြော
ဆူလိုက်တော့မှ မျက်နှာငယ်လေးနဲ့
Perth : ဟို ငယ်လဲ ရေမချိုးဘူးလို့နေတာ ဒါပင်မဲ့လူကဆေးရုံမှာနေထားတော့
ငြီးစီစီကြီးဖြစ်နေတာနဲ့ရေခဏစိမ်လိုက်တာပါ ခဏလေးပါ ပြီးတော့ အမြန်အဝတ်အစားလဲမလို့ပဲ ခေါင်းကြီးကစီးထိုင်းနေတာနဲ့ပဲ ဘေစင်မှာပဲခေါင်းလျှော်လိုက်တာပါ ကိုကိုရယ် စိတ်မဆိုးပါနဲ့နော် သည်းငယ် ကိုကို့စကားနားမထောင်တာမဟုတ်ပါဘူး နော်ကိုကို နော်
လက်ကိုဆွဲကာရင်ခွင်ထဲခေါင်းလေးတိုးပြီးမျက်လုံးလေးပေကလပ်နဲ့လာချွဲနေသောခလေးပေါက်အားကြည့်ကာအသဲယားလွန်းလို့ မေ့စေ့လေးကိုဆွဲမော့ကာ နှုတ်ခမ်းဖူးဖူးလေးအားဆွဲငုံလိုက်တော့သည်။ အိထွေးနေသောနှုတ်ခမ်းလေးအားအပေါ်တစ်လှည့်အောက်တစ်လှည့်ငုံထွေးရင်း တုံ့ပြန်ခြင်းမရှိ ငြင်းဆန်းခြင်းမရှိငြိမ်သက်နေသောငယ်မှ ရင်ဘက်ကိုလက်လေးဖြင့်လာထုသောကြောင့်အသက်ရှူကြပ်နေပြီးဆိုတာသိ၍ မလွှတ်ချင်လွှတ်ချင်ဖြင့်လွှတ်ပေးလိုက်ရတော့သည်။ နှုတ်ခမ်းလေးကိုလွှတ်ပေးလိုက်မှ ရဲတက်နေသောမျက်နှာလေးကိုကြည့်ပြီးပြုံး‌မိတော့သည်။
Perth : ကိုကို လူဆိုးကြီး ရီမနေနဲ့ သွားတော့ဗျာ ငယ် အဝတ်အစားလဲအုံးမယ် သွား သွား
ရှက်ရမ်းရမ်းကာအတင်းတွန်းထုတ်နေသောကျွန်တော့်ငယ်ပါ
Saint : ဟုတ်ပါပြီဗျာ သွားပါပြီအဝတ်အစားမြန်မြန်လဲပြီးထွက်လာခဲ့နော်
Perth : ဟုတ်
အခန်းတံခါးလေးပိတ်သွားမှ အခုန်လွန်နေသောရင်ဘက်ထဲကအကောင်ပေါက်အား ထိန်းရတော့သည်။
Perth POV
ကိုကိုဆိုသည်မှာလေ အရမ်းရဲတင်းတာပဲ ဘာမှန်းလဲမသိဘူး ဒီမှာရင်အခုန်လွန်ပြီးကျွန်တော်အသက်ရှူရပ်တော့မယ်ဗျ အဝတ်အစားအမြန်လဲမှတော်ကြာကိုကိုဗိုက်ဆာနေအုံးမယ်
အတူထမင်းစားသောက်ပြီးတော့ ဆိုဖာ မှာထိုင်ကာ
Saint : ငယ် ရော့ဆေးသောက်လိုက်အုံး
Perth : ဟုတ်
Perth : ကိုကိုကတကယ်မပြန်ဘူးလား
Saint : မပြန်ပါဘူး ကိုကို ပြန်ရင်ငယ်တစ်ယောက်ထဲဖြစ်နေမှာပေါ့ ကိုကို့သည်းငယ်ကိုတစ်ယောက်ထဲထားခဲ့စရာလား
Perth : ဒီမှာကအိပ်ခန်းတစ်ခန်းပဲရှိတာလေ
Saint : အဲ့တော့ ဘာလဲငယ်က ကိုကို့ ကို ငယ်နဲ့အတူမအိပ်စေချင်ဘူးလားပြော
Perth : အယ် ဟို မဟုတ် မဟုတ်ပါဘူးကိုကိုရယ် ငယ်က ကိုကိုမအိပ်တတ်မှာစိုးလို့ပါ
Saint : ဟောဒိကကိုကို့သည်းငယ်လေးနဲ့ အတူအိပ်ရမှာကို ကိုကို ကမအိပ်တတ်စရာလားကွာ လာဆေးသောက်ပြီးပြီဆိုတော့ငယ်နားရမယ်
Perth : ဟုတ်
ဒီလိုနဲ့ ခလေးပေါက်ရဲ့‌ခန္ဓာကိုယ်လေးကိုရင်ခွင်ထဲထည့်ကာ တစ်လောကလုံးကိုအပိုင်စားရထားသလိုပျော်ရွှင်နေတဲ့ Saint ရယ်ပါ
မနက်ရောက်တော့ P'Jyn ကအိမ်ကိုမနက်စာလာပို့မယ်လို့messageပို့တာနဲ့ သူမရောက်ခင်ကိုယ်အရင်အိမ်ပြန်ရောက်ရမှာမို့ အစောကြီးထကာပြန်ပြေးရတော့သည်။ ငယ်အိပ်ရေးပျက်မှာစိုးလို့ note လေးပဲရေးကာ ငယ့်အတွက်မနက်စာ နွားနို့နဲ့ပါမုန့်ယိုသုတ်လေးလုပ်ပေးပြီးထားခဲ့လိုက်တော့သည်။
ဒီလိုနဲ့သူတို့series လေးက မှန်းထားသည်ထက်ပိုအောင်မြင်ခဲ့သလို couple FC တွေလဲအများကြီးပေါ်ထွက်လာခဲ့သည်။FM ပွဲတိုင်းမှာလဲ  moment လုပ်ယူစရာမလိုပဲ သူတို့နှစ်‌ယောက်ရဲ့ပုံမှန် ဆက်ဆံရေးလေးနဲ့ပဲ အဆင်ပြေပြေ ပြီးဆုံးခဲ့ကြသည်။ ဒီနေ့ပွဲကတွေ series အတွက် final FM ဖြစ်သလို Saint ရဲ့23နှစ်ပြည့်မွေးနေ့လဲဖြစ်သည်။ ဒီနေ့နဲ့ဆို သူတို့တွဲလာတာ 3လ ပြည့်ခဲ့ပြီ ဒီနေ့လေးကသူတို့ရဲ့အမှတ်တရများစွာနဲ့နေ့လေးအဖြစ်အရမ်းပျော်ခဲ့ရတာနဲ့အတူ
Perth POV.
မနက်ဖြန်ကျရင်ကျွန်တော်ထွက်သွားရတော့မယ်ကိုကို ကျွန်တော်ဘယ်လုပ်ရမလဲ ကိုကို့ ကိုလဲမခွဲနိုင်ဘူး ဒါပင်မဲ့ ကိုကို့ မိဘတွေစကားကိုလဲကျွန်တော်နားထောင်သင့်တယ်လေ အခုတောင်ကိုကို့ အနားမှာနေနေတာတော်တော်လွန်နေပြီ uncle နဲ့ aunty ကျွန်တော့ကိုစိတ်ဆိုးနေပြီလားဟင် ဒါပင်မဲ့ ကိုကို့ကိုကျွန်တော်ဘယ်လိုပြောရပါ့မလဲ ကျွန်တော်ထွက်သွားရင်ကော ကိုကိုအရမ်းငိုနေမလားပြိုလဲသွားမလား  ကျွန်တော်ဘယ်လိုအကြောင်းပြချက်နဲ့ကိုကို့ ကိုပြောရပါ့မလဲဗျာ
At Final FM,
ဒီနေ့ပွဲက ကိုကို့မွေးနေ့လဲပါနေတော့အကြီးအကျယ်လုပ်ဖြစ်တာနဲ့အတူ ကိုကိုနဲ့တွဲလုပ်ဖူးတဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလဲဖိတ်ထားသောကြောင့်ဧည့်သည်များစုံလင်နေသည်။ ကျွန်တော်လဲအရမ်းစိတ်လှုပ်ရှားနေသည်။ စင်ပေါ်မတက်ခင် နားနေခန်းထဲသို့တစ်ယောက်ပြီးတစ်ယောက် birthday wish နဲ့ဂုဏ်ပြုပန်းစည်းတွေလာပေးကြသည်။အဲ့ထဲတွင် P'Saint ရဲ့အအောင်မြင်ခဲ့ဆုံး Movie တစ်ခုရဲ့ပါတနာ P'Sandi လဲရောက်လာခဲ့သည်။
Sandi : happy birthday ပါ N'Saint
Saint : ခေါ်ပွန်းခ P'Sandi အခုလိုမအားတဲ့ကြားကကျွန်တော့ပွဲလေးကိုလာပေးလို့ကျေးဇူးပါခင်ဗျ
Sandi : N' ကလဲတစ်စိမ်းဆန်တဲ့စကားတွေပြောနေပြန်ပြီ N'ပွဲကို P' ကလာရမှာပေါ့ P'တို့ကအရင်နှီးဆုံးလူတွေလေမဟုတ်ဘူးလား
ဟုဆိုကာ Saint လက်ကိုလှမ်းချိတ်လိုက်တော့
Perth POV.
မင်းသမီးလို့မပြောရဘူး ဘယ်လိုတောင်ချွဲပစ်ပြီးပြောနေတာလဲမသိဘူး ပြီးတော့ဘာလို့ကိုကို့လက်ကိုလှမ်းကိုင်ရတာလဲ ဟင်းးဟင်းးငါနဲ့တွေ့တော့မယ်
Saint : အာ ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျ
ဟုပြောကာကိုကိုကျွန်တော့်ကိုလှည့်ကြည့်ပြီးလက်ကိုဖြုတ်ချလိုက်တော့
Sandi : ဒီက တစ်ယောက်က အခု N'Saint ရဲ့ series ထဲကပါတနာပေါ့ တွေ့ရတာဝမ်းသာပါတယ်
အခုမှသူ့ကိုတွေ့သလိုပုံစံမျိုးချိုးနေသောသူမအား
Perth : ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ခင်ဗျ Perth Tanapon ပါ
ကျွန်တော်ကလက်ဆွဲနှုတ်ဆက်ရန်လက်ကမ်းပေးတော့ကျွန်တော့ဆီရောက်ရန်ခြေလှမ်းနှစ်လှမ်းစာအကွာကနေ ကျွန်တော့်စီတစ်လှမ်း လှမ်းကခြေခေါက်လဲရပြန်တော့သည်။ လဲရင်လဲကောင်းကောင်းမလဲပဲ ဘေးမှာရပ်နေတဲ့ကိုကို့ ရင်ခွင်ထဲကိုပစ်ဝင်ပြီးမှီချနေတော့သည်။ ကိုကိုကလဲမျက်နှာမကောင်း ။ မကောင်းတတ်၍ ဝင်ထိန်းပေးပြီး ထိုင်ခုံမှာနေရာချပေးလိုက်တော့သည်။ ဝင်လာကတည်းကသူမရဲ့အကြည့်အပြုံးအမူအရာတစ်ဆက်မှအချိုးမပြေတဲ့ P'Sandi ကိုကျွန်တော်ပညာပြရတော့မည်။
🙆🙆🙆🙆🙆
နောက်တစ်ပိုင်းမှာငယ်ဘယ်လိုပညာပြမလဲကြည့်ရအောင်ကွာ

နေနဲ့လရဲ့ချစ်ခြင်းအပြိုင် (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ