နေနဲ့လရဲ့ချစ်ခြင်းအပြိုင် part 19

106 12 0
                                    

Flask back,
Entertainment ပွဲမတိုင်ခင်လွန်ခဲ့တဲ့သုံးလက,
P'Gun တစ်ယောက် လိုင်းပေါ်ကနေအမျိုးမျိုးဆက်သွယ်ခဲ့ပင်မဲ့ white ကိုတွေ့နိုင်ဖို့မစီစဉ်ဖြစ်နေခဲ့တယ်။ ဒီလိုနဲ့သူလူတစ်ယောက်ကိုတွေးမိခဲ့တယ်။ သူကတော့တစ်ခြားလူမဟုတ်ပါ တက္ကသိုလ်တုန်းကတည်းကသူ့ကိုတောက်တဲ့လိုတွယ်ကပ်တတ်တဲ့သူ့သူငယ်ချင်း Mark ပဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့တစ်လလောက်က သူ့ကိုချစ်ပါတယ်လို့ ဖွင့်ပြောလာတဲ့နောက်သူရှောင်နေခဲ့ခြင်းဖြစ်တယ်။ ရှောင်နေရာကအခုလဲအလုပ်တွေများနေလို့မတွေ့ဖြစ်ပေ။ အခုတော့သူ့ကိုအကူအညီတောင်းမှရတော့မည်။ ဒါပင်မဲ့ တွေ့ရမှာလဲ ရှက်နေသဖြင့် P'Gun တစ်ယောက်လွန်ဆွဲနေတော့သည်။ဘယ်လိုပဲဖြစ်ဖြစ်အလုပ်ကိစ္စကလဲသူ့အကူအညီမဖြစ်မနေလိုတာမို့ဖုန်းဆက်ခေါ်ကာအကူအညီတောင်းရတော့သည်။ သိပ်မကြာလိုက်ပါ သုံးရက်အတွင်းမှာပဲ white က US မှာနေတယ်ဆိုပြီးလိပ်စာပါသိခဲ့ရတယ်။ ပြန်ပေးရမဲ့အရာကတော့ကြေးကြီးပါ့ ပွဲတွေအကုန်ပြီးသွားရင်သူနဲ့တစ်ရက် date ရမယ်တဲ့လေ ဘယ်တက်နိုင်မလဲ အလုပ်ကလဲအရေးကြီးနေတာကို အဲ့ဒါနဲ့ US အထိလိုက်သွားကာ လူချင်းတွေ့ရန်ကြိုးစားရတော့သည်။
Perth POV.
ဒီနေ့ကျွန်တော့်ကို ထိုင်း Entertainment တစ်ခုကပွဲကြီးတစ်ပွဲအတွက်သီချင်းတွေ‌
ရေးပေးဖို့နဲ့ကိုယ်တိုင်အသံပိုင်းသင်ပြပေးဖို့လာအပ်ခဲ့တယ်။ P'Gun ကသဘောလဲကောင်းသလိုဇွဲလဲကြီးတယ်။ ဒါပင်မယ့်ကျွန်တော် ဘန်ကောက်ပြန်ရောက်တာနဲ့သေချာတယ် ဖေဖေ တို့နဲ့တွေ့ရတော့မယ်ဆိုတာ ကိုကို ကကော ကိုကို နဲ့ရင်မဆိုင်ချင်သေးဘူး ဒါပင်မဲ့အခုတက်လာတဲ့သတင်းကတော့ကိုကိုချင်းမိုင်ဘက်ကိုကားရိုက်ရောက်နေတယ်တဲ့သူ့ကောင်မလေးနဲ့ပေါ့ ရပြီလေဒီလောက်ဆို "မင်းဘယ်အချိန်ထိပြေးနေအုံးမှာလဲ Perth ရယ်တော်သင့်ပြီးမဟုတ်လား"
ဒီလိုနဲ့ပဲကျွန်တော် ဒီအလုပ်ကိုလက်ခံမိခဲ့တယ်။ ကျွန်တော်ဘန်ကောက်ရောက်လာတော့ပွဲအတွက်အချိန်က2လခွဲပဲကျန်တော့တယ်။ P'Gun ကနေစရာစီစဉ်ပေးပါတယ်ဒါပင်မဲ့ကျွန်တော်ငြင်းခဲ့တယ် ။ကိုကိုနဲ့အမှတ်တရတွေပြည့်နေတဲ့ ကျွန်တော့ကွန်ဒိုလေးကိုပဲပြန်ဖြစ်ခဲ့တယ်။ အရင်ရေးထားတဲ့သီချင်းတွေကိုအသံပိုင်းအားလုံးသင်ပြပေးခဲ့ပြီး အဲ့နောက်ပိုင်းကျွန်တော်ရေးဖြစ်ခဲ့တာတွေကတော့ ကိုကို့ သတင်းတွေနဲ့အတူ ကွဲကြေနေတဲ့ကျွန်တော့်နှလုံးသားလေးကိုကိုယ်စားပြုပြီးရေးဖြစ်ခဲ့တယ်။ P'Gun တို့ကလဲ အရင်ကတည်းကနာမည်ကြီးခဲ့တဲ့လူတစ်ယောက်ဆိူတာသိလို့ကျွန်တော့်ကိုသီချင်းတစ်ပုဒ်လောက်ဂုဏ်ပြုပေးဖို့တောင်းဆိုခဲ့တယ်။ဒါပင်မဲ့ကျွန်တော့ငြင်းခဲ့တယ်။စင်ပေါ်ပြန်မတက်ချင်တော့ဘူး။ ဒါပင်မဲ့ဆန်းကြယ်တဲ့ကံကြမ္မာက ပွဲစတဲ့နေ့မှာ ကိုကိုကရှိနေခဲ့တယ် ကျွန်တော်စင်အနောက်ကနေလှမ်းကြည့်တော့ကိုကိုကအရမ်းချောလာတယ် ကျွန်တော် P'Gun ကိုဖုန်းဆက်ပြီးမေးကြည့်တော့မှ ဒါက ကိုကို့ ရဲ့ Entertainment တဲ့လား တိုက်ဆိုင်မှုကြီးကလဲဗျာ ကျွန်တော့်အပျော်တွေကတာရှည်မခံခဲ့ပါဘူး ကိုကို့ကောင်မလေးရောက်လာခဲ့တယ် ကျွန်တော်တွေးမိခဲ့တယ် ကိုကို့အတွက်နောက်ဆုံး‌လက်ဆောင်ပေါ့  ကျွန်တော့်ရဲ့နှလုံးသားက ကိုကို့ တစ်ယောက်ထဲကိုပဲကြည့်နေခဲ့တာတော်သင့်ပြီလေ ကျွန်တော့်ကိုချစ်တဲ့လူတွေကိုပဲကြည့်တော့မယ်
Flask end . . . . . .
ပွဲအပြီးမှာဘယ်လိုမှရှောင်မရတဲ့သတင်းထောက်တွေကြောင့်အင်တာဗျူးထွက်ဖြေခဲ့ရတယ်။
တွေ့ပါပြီ ကိုကို သူနဲ့သူ့ကောင်မလေးလဲ အင်တာဗျူးဖြေနေတယ် လိုက်ဖက်ပါတယ်ဗျာ ခင်ဗျားကြီးတို့လိုက်ဖက်ပါတယ်။သွေးထွက်နေတဲ့နှလုံးသားကိုဓါးနဲ့အထပ်ထပ်မွှန်းနေတာကတော့အင်းတာဗျူးမေးခွန်းတွေပေါ့ဗျာ
Girl : အခုလိုကိုယ့်ရဲ့အတွဲက ပါတနာအသစ်ရ‌သွားတော့ဘယ်လိုခံစားရပါသလဲ
Perth : ဟုတ်ကဲ့ကျွန်တော် P'Saint ကိုနားလည်ပါတယ်သူလဲအလုပ်လုပ်နေတာပဲလေ ကျွန်တော်နားလည်ပါတယ်
Girl : ဘာကြောင့်အနုပညာလောကကထွက်သွားတာပါလဲ Saint ရဲ့ပါတနာအသစ်နဲ့များသက်ဆိုင်ပါသလား
Perth : မဆိုင်ပါဘူးခင်ဗျ ကျွန်တော့်ကျောင်းကိစ္စအတွက်ကြောင့်ပါ
Girl : အခု Saint နဲ့သူ့ပါတနာက မကြာခင်လက်ထက်တော့မယ်ဆိုတဲ့သတင်းတွေအပေါ်မှာကောဘယ်လိုတုန့်ပြန်ချင်ပါသလဲ
Perth POV
သေစမ်း သေစမ်း Perth ရေ ဒီမေးခွန်းနဲ့တင်မင်းသေလို့ရနေပြီသေလိုက်စမ်းကွာ
ကျလူစဲစဲ မျက်ရည်တစ်ချို့ကိုထိန်းကဖြေလိုက်တဲ့အဖြေက
Perth : ကျွန်တော်ဂုဏ်ပြုပေးရမှာပေါ့ဗျာ congratulations 👏👏👏 ပါဗျာ
(လက်ခုတ်သုံးချက်တီးပြကာ တစ်လုံးချင်းတိကျပြက်သားသောအသံဖြင့်ပြောခဲ့သည်)
Saint နဲ့ Sandi တို့ရဲ့အင်တာဗျူးမှာတော့
Girl : အခုဆို P'Sandi တို့သတင်းကအရမ်းကို hot ဖြစ်နေတဲ့အပေါ်ဘာများပြောချင်ပါသလဲရှင့်
P'Sandi : ဝမ်းသာရတာပေါ့ရှင်အခုလိုအားပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်
Girl : N'Saint ရဲ့ပါတနာ ဟောင်းနဲ့ပြန်တွေ့ရတော့ဘယ်လိုခံစားရပါသလဲ
Saint : N'Perth ကိုအခုလိုပြန်တွေ့ရလို့အတိုင်းမသိဝမ်းသာပါတယ်
Girl : အရင်ကပါတနာဟောင်းနဲ့ရင်းနှီးမှုနဲ့ အခု P'Sandi နဲ့ရင်းနှီးမှုဘယ်ရင်းနှီးမှုက Saint အတွက်ပိုလေးနက်ပါသလဲ ဘယ်သူနဲ့ပိုပြီးရင်နှီးပါသလဲ
Saint : အဲ့ဒါက . . . .
P'Sandi : ချစ်သူနဲ့ပါတနာ တူပါ့မလားလို့ အတိတ်ဆိုတာကျန်ခဲ့ပါပြီ
Girl : P'Sandi နဲ့မကြာခင်လက်ထက်တော့မယ်ဆိုတာကကောဟုတ်ပါသလား
Saint :  . . . . .
P'Sandi : မကြာမီ official ချပြပါ့မယ်ရှင့်
Girl : Perth နဲ့သာအရင်လိုအလုပ်အတူပြန်လုပ်ခွင့်ရရင် လက်ခံမှာပါလား
Saint : ကျွန်တော့်ဘက်ကအမြဲတမ်းအဆင်သင့်ပါပဲ
P'Sandi : N'Saint ရဲ့ schedule တွေအားလပ်ရင်ပေါ့လေ သိတယ်မဟုတ်လားသူကအရမ်းအလုပ်ရှုပ်တာလေကုမ္ပဏီကလဲတစ်ဖက်ဆိုတော့ ဘာမဟုတ်တဲ့လူတစ်ယောက်နဲ့ဇာတ်ကားရိုက်ဖို့ဆို‌တာစဉ်းစားရမှာပေါ့လေ
. . . . . . . .
Perth side,
Girl : Saint နဲ့သာအရင်လိုအလုပ်အတူပြန်လုပ်ခွင့်ရရင်လက်ခံမှာပါလား
Perth : ကျွန်တော် သရုပ်ဆောင်လိုင်းဘက်ဆက်သွားဖို့အစီအစဉ်မရှိတော့ပါဘူး ဒါပင်မဲ့ P'Saint နဲ့သာဆိုရင်တော့ ကျွန်တော်လက်ခံဖြစ်မယ်ထင်တယ်
P'Gun : ရပါပြီနော်မေးခွန်းထပ်လက်မခံတော့ပါဘူးခင်ဗျ ပြန်ရအောင် P' လိုက်ပို့ပေးမယ်နော်
တစ်ညထဲနဲ့ဖြစ်ပျက်သွားတဲ့ဂယက်တွေကမသေးဘူးလေ Mr.Tanapon လဲသူ့သားကို bodyguard တွေပို့ပေးရတဲ့အဆင့်ဖြစ်သွားတော့တယ်။ အရင်က Perth fan တွေလဲ fd ပြန်ဖွဲ့လာကြသလို PS fan တွေလဲပြန်နိုးထလာကြတယ်။ တစ်ချို့ကငယ်ကိုအားပေးကြတယ်သနားကြတယ်တစ်ချို့ကလဲငယ့်ဘက်ကနာပြီး Saint ကိုအပစ်တင်ကြတယ် အဲ့ထဲမှာအဆိုးဆုံးကတော့ Sandi Purk ရဲ့ fan တွေပဲ သူတို့က Perth ကိုပစ်ပစ်ခါခါ ပြောကာတိုက်ခိုက်ကြတယ် အဲ့ဒိလိုပြသနာတွေဖြစ်လာပြီးလူစိတ်ဝင်စားမှုလဲပိုများလာခဲ့တာပေါ့တစ်ညထဲနဲ့fanတွေလဲပိုများလာခဲ့တယ်
Saint side,
ပွဲကအပြန်ကားပေါ်တွင်
Saint : အခု P'Sandi ဘာတွေပြောခဲ့တာလဲ
ဘာလို့မဟုတ်တာတွေလျှောက်ပြောနေတာလဲ ပြီးတော့ Perth ကဘာမှမဟုတ်တဲ့လူမဟုတ်ဘူး
P'Sandi : ဘာတွေများထူးခြားနေလို့လဲ N' ရယ် P' ကသတင်းထောက်ရဲ့အပြောကနေကာကွယ်ပေးခဲ့တာလေ မဟုတ်ရင်သူတို့က N'တို့ကိုအထင်လွဲနေမှာစိုးလို့ပါ
Saint : အခုတော့ P' နဲ့အထင်လွဲသွားပြီလေ
P'Sandi : အဲ့ဒါကပြသနာမရှိပါဘူး တစ်ချိန်ကျရင်လဲဒီလိုပဲဖြစ်လာမှာကို
Saint : P'ဘာတွေပြောနေတာလဲကျွန်တော်အခုငြိမ်နေတယ်ဆိုတာ ကျွန်တော်တို့ဇာတ်ကားအတွက်မထိခိုက်စေချင်လို့ပြီးတော့လူကြီးတွေကိုအားနာလို့ ကျွန်တော် P' အပေါ်ဘယ်လိုသဘောထားလဲဆိုတာ P' သိပါတယ်
P'Sandi : ဟင့်အင်း P' မသိဘူး P' သိတာ Saint ကို P' ချစ်တယ်အဲ့အတွက် Saint လက်ထက်မယ့်သူက P' ပဲဖြစ်ရမယ်
Saint : ဖြစ်မလာနိုင်တာကိုစိတ်ကူးယဉ်နေတာလား P' ကျွန်တော်မှ P' ကိုမချစ်တယ်
P'Sandi : ဘာလဲ မင်းက N'Perth ကိုချစ်နေတာလား ဒီကိစ္စကိုငါသတင်းထောက်တွေကိုပြောလိုက်ရင်နင်တို့နှစ်ယောက်လုံးကောကုမ္ပဏီမှပါ ပြသနာတက်သွားမယ်ဆိုတာမင်းသိပါတယ် မင်းဒီလိုဆက်လုပ်နေရင်P' အဖေ့ကို ရှယ်ယားတွေအကုန်ပြန်ထုတ်ခိုင်းလိုက်မှာပဲ မင်းဘာလုပ်သင့်လဲစဉ်းစားပေါ့ P' သွားပြီ
ဟုပြောကာ ကားပေါ်ကဆင်းသွားတော့သည်။
Saint : တောက် သေစမ်း သေစမ်း သေစမ်း Saint Suppapong ရေ မင်းဒီနေ့သေမှ‌ဖြစ်တော့မယ် သေချာတယ်ငယ်ကလဲအထင်လွဲနေပြီ ပိုက်ဆံအားလုံးက project အသစ်ထဲဝင်နေပြီရှယ်ယာပြန်ထုတ်ပေးဖို့ကလဲမဖြစ်နိုင်ဘူး အားးးးးးးးးး
ငါငယ့်ဆီသွားရမယ် ငယ့်ကိုရှင်းပြရမယ် ငါရှင်းပြရင်သူနားလည်မှာ
ဗြီးးး ဗြီးးး ‌ဗြီးးးး
ဖုန်း vibration မြည်လာလို့ကြည့်လိုက်တော့ P'Chen : hello Saint sup ငါသတင်းတွေတွေ့ပြီးပြီအခုဘယ်မှာလဲ
Saint : ကျွန်တော်လမ်းမှာ N'Perth ဆီသွားမလို့
P'Chen : သွားလို့မဖြစ်ဘူးအခုပြန်လာခဲ့ မင်းအနားမှာအခုချိန်ဆိုသတင်းထောက်တွေလိုက်နေကြမှသွားလို့မဖြစ်ဘူး
Saint : P'
P'Chen : Saint sup အခုပြန်လာခဲ့တော့ မင်းဒီလိုလုပ်နေရင် N'Perth ပါပြသနာတက်လိမ့်မယ်အခုတောင်လိုင်းပေါ်မှာကမ္ဘာ‌ပျက်နေပြီမင်းသိလား ပြန်လာမှငါနဲ့စကားပြောမယ်ငါမင်းအိမ်မှာစောင့်နေမယ်
Saint : ပြီးရောဗျာ
Te
ဖုန်းချလိုက်ပြီးအိမ်သာပြန်ခဲ့ရတော့သည်။ကျွန်တော့ကြောင့်ငယ့်ကိုအခက်မတွေ့စေချင်ဘူးလေ။
အိမ်ပြန်ရောက်တော့လိုင်းပေါ်ကစစ်ပွဲတွေကိုကြည့်ပြီး ငယ့်ဆီကိုသွားချင်စိတ်ကိုမနည်းချိုးနှိမ်ထားရတယ်ရူးချင်ပါတယ် P'Sandi fan တွေငယ့်ကိုပေါက်ကရတွေပြောနေကြတယ် တိုက်ခိုက်နေကြတယ်ကျွန်တော့်သည်းငယ်အဆင်ပြေပါ့မလားကျွန်တော်ရင်‌ေတွပူနေပါပြီ။

ဒီလိုနဲ့ P'Sandi နဲ့ကျွန်တော်ရိုက်ခဲ့တဲ့ဇာတ်ကားလေးကလဲ အားလုံးခန့်မှန်းပေးခဲ့သလိုအရမ်းအောင်မြင်ခဲ့ပါတယ်။အဲ့လိုပဲ
ဂယက်တွေကြားမှာကျွန်တော်နဲ့ငယ့်ရဲ့ဇာတ်ကားလေးကို အရမ်းhot ဖြစ်လာခဲ့တယ်။ LineTV Award ဆုပေးပွဲမှာ 5 နှစ်တာအတွင်းအကောင်းဆုံးဇာတ်ကားဆု မှာ ကျွန်တော်နဲ့ ငယ့်ရဲ့ဇာတ်ကားလေးစကာတင်ပါလာခဲ့သလို best couple မှာလဲ ကျွန်တော်နဲ့ P'Sandi ကော ကျွန်တော်နဲ့ငယ်ရော best couple Award အတွက်စကာတင်ပါလာခဲ့ပါတယ်။ P'Sandi နဲ့ဇာတ်ကားကတော့ တစ်နှစ်တာအတွင်းအကောင်းဆုံးဇာတ်ကားဆုမှာစကာတင်ပါလာခဲ့တယ်။အခုတကောငယ်က တစ်ကိုယ်တော် show ပြန်ထွက်ဖို့ လုပ်နေတယ်လို့သိရတယ်။ P'Sandi နဲ့ကားကလဲစကာတင်ပါနေတော့ P'Chen ကနည်းနည်းလေးမှအလွတ်မပေး။အနားကကိုမခွာပဲစောင့်ကြည့်နေတော့တယ်။ ဖုန်းနံပါတ် P'Gun ကိုလှမ်းမေးတော့လဲမရခဲ့ဘူး ။ အဲ့ P'Gun ကမပေးဘူး။ကျွန်တော်ငယ့်ဆီမသွားနိုင်ခဲ့ဘူး ပွဲကိုငယ်တက်ပေးဖို့သာထိုင်ဆုတောင်းရတော့မှာပေါ့ ဟူးးးး😪
🙆🙆🙆🙆🙆
Author ရဲ့ပထမဆုံး fic လေးကိုဖတ်ပေးတဲ့ ဒါဒါ တစ်ဦးချင်းစီကိုကျေးဇူးအထူးတင်ပါတယ်ရှင့် 😍😍

နေနဲ့လရဲ့ချစ်ခြင်းအပြိုင် (Complete)Where stories live. Discover now