💘Eleven

1.3K 233 86
                                    

Unicode

" မြန်မြန်ရွေး... ပင်ပမ်းနေပြီမို့ အိမ်ပြန်ချင်ပြီ။"

Jiminတစ်ယောက်Haeunအတွက်ဝတ်စရာမရှိဖြစ်နေတာမို့ ကော်ဖီဆိုင်မှအပြန်,အင်္ကျီဆိုင်တွင်ဝင်ဝယ်ပေးနေခြင်းပင်။ ဝယ်ပေးတာထက် ပြောဆိုနေသည်ကများတာမို့ Haeunစိတ်တွေရှုပ်လာသည်ဆိုလည်းမှန်သည်။

" ပြီးပါပြီ။ ရှင်ကလည်း... စိတ်မရှည်တာကများနေတယ်။"

Jiminမှဘာမှဆက်ပြောမနေတော့ဘဲ Haeunရွေးထားသည်များကိုယူကာကောင်တာတွင်ငွေရှင်းမည်အလုပ်... အထည်များထဲတွင်ကပ်ပါလာသော မိန်းမတွင်းဝတ်များကြောင့် အရောင်းသမလေးများရဲ့ငြီစီစီရယ်သံပြုသံတွေ၊ အကြည့်စိမ်းစိမ်းတွေကိုလည်းjiminခံခဲ့ရသေးသည်။ ဟုတ်ပ... သူများအမြင်မှာတော့ Jiminရွေးသည်လို့ပဲမြင်လေမှာပေါ့...။ ဒါကိုသိနေတဲ့haeunကတော့အားနာသည့်အရိပ်အခြေစိုးစဉ်းမပြဘဲ မျက်နှာလွှဲကာထွက်သွားခဲ့သည်။

" ဘယ်သွားကြမှာလဲ...."

အရှေ့မှဦးကာသွားနေတဲ့haeunတစ်ယောက်အနောက်သို့လှည့်ကာမေးလိုက်‌ပါသော်လည်း ဘာတစ်ခွန်းမှမဖြေဘဲအ‌ေရှ့သို့ဦးတက်သွားတဲ့Jiminကြောင့် Haeunစိတ်နည်းနည်းတော့တိုမိပြန်သည်။ အမှန်ဆို ဒီနေ့တစ်နေကုန်သူမမည်သည်မျှအပြစ်မလုပ်ထားပေမယ့် အကြောင်းရင်းမဲ့စွာပဲစိတ်အလိုမကျကာအော်ငေါက်နေတဲ့Jiminကြောင့် သူမနေစရာပျောက်နေသည်။

ကားထဲအရောက်, ထိုင်ခုံခါးပတ်ပတ်ပြီးတာနဲ့ သူ့ဘက်ကိုမရဲမဝံ့လှမ်းကြည့်မိပြန်သည်။

" အိမ်ပြန်မှာလားဟင်..."

" အင်း..."

အမှန်ဆို သူမဗိုက်ဆာနေပြီ။ အိမ်မှာလည်းစားစရာရှိ,မရှိမသေချာတာမို့ တစ်ခုခုဝယ်ဖို့ရာအသိပေးချင်ရုံသက်သက်ပင်...။ သူကတော့ ဒေါသတွေသာလှိမ့်ထွက်နေပြီးဗိုက်ဆာဖို့တောင်မေ့နေပြီထင်ပါရဲ့။

" ဒါနဲ့ Park Jimin ssi..."

" နည်းနည်းတိုးတိုးနေပေးလို့ရမလား Kang Haeun.."

" အာ...ဟုတ်ကဲ့။"

Jimin ဆိုင်သိမ်းချိန်တည်းကစိတ်မကြည်ဖြစ်နေသည်။ hoseokရဲ့နောက်ကြောင်းတွေက သူ့စိတ်မကြည်ရတဲ့အဓိကအကြောင်းရင်းဆိုပိုမှန်လိမ့်မည်။ Haeunတွေးသလို Hoseokသာhaeunရဲ့ချစ်သူတစ်ယောက်ဖြစ်နေခဲ့ရင်ဆိုတဲ့အတွေးဟာလည်း Jiminကိုစိတ်မကြည်စေတဲ့အကြောင်းရင်း‌တွေထဲကတစ်ခုဖြစ်နေသည်။

My Confusing Partner (✔︎)Where stories live. Discover now