💘Nineteen

1.5K 193 172
                                    

Unicode

" ဒါ ကိုယ့်အိမ်လေ "

Jiminက ဘူဆန်မှာအိမ်သီးသန့်ဝယ်ထားတာမို့ အခုလည်း သူ့ကိုယ်ပိုင်အိမ်မှာသာ ‌နေဖို့တွေးထားပြီးသားဖြစ်သည်။

" အင်း "

အင်း တစ်လုံးတည်းသာဖြေပြီး တုံ့ပြန်မှုတစ်စုံတရာပိုမလာတဲ့ haeunကိုကြည့်ပြီး jiminခေါင်းလေးနေပြီ။ ကြီးကြီးမားမားမှားခဲ့တာမျိုးမှမရှိဘဲ...။

" အိမ်ထဲဝင်ရအောင်လေ။ ကျွန်မနားချင်ပြီ။ "

စိမ်းသက်သက်ဖြစ်နေတဲ့လေသံအတွက် ဖြေရှင်းချက်တစ်ခုခုကို jiminမပေးတတ်။ အခုဖြစ်နေတဲ့ကိစ္စမှာ သူတမင်ရည်ရွယ်ခဲ့တာတစ်ခုမှ,မှမပါဘဲ...။

အိမ်ကား.. နှစ်ထပ်အိမ်လေးဖြစ်သည်။ အဝါရောင်နုဖျော့ဖျော့လေးခြယ်ဆိုးထားတဲ့ အိမ်နံရံလေးဖက်လေးလံက သူ့အားစိတ်တည်ငြိမ်မှုကိုပေးသည်။

အိမ်အပေါ်ထပ်ရောက်တာနဲ့... အိပ်ခန်းတည်နေရာကိုမေးလာတဲ့ Haeun...။

" အိပ်ခန်းကဘယ်မှာလဲ..."

" လှေကားထိပ်က ပထမဆုံးအခန်းပဲ Haeun..."

ဘာမှပြန်မဖြေ... လှေကားထစ်တစ်ထစ်လောက်လှမ်းပြီး တစ်ခုခုကိုသတိရသွားဟန်တူတဲ့ သူမက အနောက်သို့လှည့်ကာ.. jiminထံမေးခွန်းစလာသည်။

" ကျွန်မအခန်းမလား.."

" အခန်းခွဲမအိပ်ဘဲ ဒီတိုင်း အတူနေလို့ မဖြစ်ဘူးလား Haeun ၊ ဆိုးလ်မှာလိုမျိုးလေ။ "

ခွင့်တောင်းသလို သျှိုဝပ်ကာမေးလာတဲ့jiminကိုကြည့်ပြီး haeunစိတ်မဆိုးရက်...။ မဟုတ်သေးဘူး... အခုလည်း သူမစိတ်ဆိုးနေတာမှ မဟုတ်ဘဲ။ သဝန်တိုတယ်ခေါ်မလားပဲ...။ ဟုတ်တယ်... သဝန်တိုတာ။

" ကျွန်မကဘာမှမဖြစ်ပါဘူး။ ကျွန်မတို့အတူအိပ်တာ တော်ကြာ ရှင့်saejung သိသွားလို့ စိတ်မကောင်းဖြစ်နေမှဖြင့်...."

ထိုစကားကြောင့်လJiminမခို့တရို့နှင့် ကြိတ်ရယ်မိသည်။ သူ့ချစ်သူလေး သဝန်တိုနေတာပဲ....။

" အာ... အဲ့တာက.. "

" တစ်ခန်းတည်းအတူနေရမယ်ဆိုလည်း နေတာပေါ့။ ကျွန်မ ပင်ပမ်းနေပြီ။ အရင်နားတော့မယ်...။

My Confusing Partner (✔︎)Where stories live. Discover now