💘Twenty

1.4K 199 78
                                    

Unicode

ခြောက်လ!
ခြောက်လတိတိရှိသွားခဲ့ပြီ။ သူမ မရှိမှသိသိသာသာခြောက်ကပ်သွားတဲ့ သူ့ဘဝဟာ အခုဆို ခြောက်လဆိုတဲ့အတိုင်းအတာထိ အမှောင်ကျခဲ့ပြီးပြီ။

ဒီနေရာမှာ.. အချိန်က ကုစားသွားမယ်ဆိုတဲ့ စကားကိုသူဟက်ဟက်ပက်ပက်ရယ်ပစ်ချင်သည်။ တစ်ရက်ကုန်သွားလေလေ အထီးကျန်ခြင်းမည်သည့် ထုထည်ကြီးက ကြီးထွားလာလေလေ...။

ထွေးပွေ့နေကျ ကိုယ်ငယ်လေး.. ဖက်တွယ်နေကျ ခါးသိမ်သိမ်လေးတို့ရဲ့ပိုင်ရှင်ကို jiminသိပ်လွမ်းသည်။

သူမ မရှိတော့တဲ့နေ့ကတည်းက အခုချိန်ထိ jiminဆိုးလ်မပြန်ဖြစ်သေး။ သူမရဲ့ နောက်ဆုံးအသက်ရှူနှုန်းလေး သက်ဝင်လှုပ်ရှားခဲ့တဲ့ ဘူဆန်မှာသာ jiminနေမြဲနေဆဲ...။ သိပ်ချစ်ရတဲ့သူမနဲ့ ပထမဆုံးနှီးနှောခဲ့ကြတဲ့ ဘူဆန်ကအိမ်လေးကသာ သူ့အတွက်အလုံခြုံဆုံးနေရာလိုပင်။

ဘာအလုပ်မှမလုပ်ဘဲ တေလေနေခဲ့တာ ကြာပြီဖြစ်၏။ အရက်တွေစွတ်သောက်ပြီးမေ့ဖျောက်တာက စိတ်ပြေရာလို့တွေးခဲ့ပေမဲ့ မဟုတ်နေ။ သူမကို လွမ်းတဲ့စိတ်တွေက ‌ကုရာနတ္ထိ၊ဆေးမရှိဖြစ်နေပြီ။

" တောက်!! "

သောက်လက်စပုလင်းထဲကအရက်ရည်တွေ ကုန်စင်သွားတော့ jiminဒေါသတကြီးနှင့် တောက်ခေါက်လိုက်သည်။ လေးပုလင်းထက်ပိုတဲ့အရက်ပမာဏက သူ့အသိစိတ်တွေကို လိုသလိုကြိုးနှင်နေပြီ။

" ဆိုင်ကလူတွေ ဘယ်သွားသေနေလဲ! အခုချက်ချင်း အရက်လာချပေးကြစမ်း!! "

မူးမူးနှင့်ရမ်းကားနေတဲ့သူ့ကို ထိန်းမည့်သူမရှိ။

" အစ်ကို... ဆိုင်ပိတ်ချိန်ရောက်နေပါပြီ"

waiterတစ်ယောက်က စကားချိုချိုနဲ့လာပြောတော့ ဘုကြည့်၊ကြည့်လာတဲ့ jimin။

" ပိတ်ပြီ? ဟ.. အစောကြီးရှိသေးတာကို ဘာလို့ပိတ်လိုက်တာလဲ!! "

အရက်ဆိုင်တစ်ဆိုင်မို့ ဒါမျိုးတွေဖြစ်ရပ်တွေက ထိုwaiterလေးအတွက် မထူးဆန်းနေတော့ပေ။ ဒါ‌ကြောင့် လုပ်နေကြအတိုင်း လုပ်ဖို့ပြင်လိုက်သည်။

" အစ်ကို့အိမ်ကိုဖုန်းဆက်ပေးရမလား"

" နေ--နေ ၊ မလိုဘူး။ ငါ့မှာခြေထောက်ပါတယ် ၊ အေ့... ငါ့ဘာသာ ပြန်မယ်။ "

My Confusing Partner (✔︎)Where stories live. Discover now