💘Sixteen

1.4K 210 99
                                    

Unicode

ရေပန်းမှကြမ်းပြင်သို့ခပ်ဆဆကျဆင်းနေတဲ့ရေစက်တွေကြား နွမ်းလျနေသောစိတ်တို့လန်းဆန်းသွားအောင် ပုံမှန်ထက်ပို၍ကြာကြာရေချိုးနေမိသည်။ အချိန်တစ်ခုအကြာတွင်ရေပန်းအားပိတ်လိုက်ပြီး တဘက်တစ်ထည်ကိုယူကာV lineအောက်တွင်ခပ်ပြေပြေလေးပတ်လိုက်သည်။ နောက်ထပ်တဘတ်တစ်ထည်ကိုယူလိုက်ပြန်ကာရေစိုနေသောဆံစတွေကိုဆွဲဖွာသုတ်လိုက်သည်။ ရေချိုးခန်းထဲမှထွက်လာပြီးသော်လည်း အင်္ကျီတန်းမဝတ်သေးဘဲ ကုတင်ခြေရင်းတွင်သူထိုင်လိုက်သည်။ 

ဒီနေ့နဲ့ဆို Heejinတစ်ယောက်namjoonကိုအဆက်အသွယ်ဖြတ်ထားတာတစ်ပတ်တိတိရှိပြီ။ ဖုန်းဆက်လျှင်လည်းဖုန်းသာဝင်ပြီးတစ်ခါလေးတောင်မကိုင်သည်မို့ တမင်ရှောင်နေမှန်းသိသာသည်။ သူ့ကိုတောင်အဆက်အသွယ်မလုပ်တာ...၊ Jiminကိုဆိုပိုလို့တောင်မဆက်သွယ်နိုင်မှန်းသူသ်သည်။

စကားမပြောရလို့... ၊ လူချင်းမတွေ့ရလို့..၊ စတဲ့အကြောင်းပြချက်တွေနဲ့လွမ်းသည်။‌
နေဝင်ပြီဆိုဘယ်အရက်ဆိုင်မှာများမှောက်နေမလဲ...၊ သူမှဝင်မဆွဲရင် ဘယ်တော့မှမသေးတဲ့ရန်ပွဲတွေ ၊ ပြဿနာတွေကြား သူမ,အဆင်မှပြေပါ့မလား...၊ စတဲ့အကြောင်းပြချက်နဲ့ သူစိတ်ပူသည်။ စိတ်ချမရဖြစ်သည်။

ဒီနေ့တော့ အရင်နေ့‌တွေလိုသူငြိမ်မနေနိုင်တော့။ တစ်ပတ်ကြီးများတောင်ချုပ်သည်းခဲ့ရတဲ့တွေ့ချင်စိတ်က ဒီနေ့အဖို့လုံလောက်ပြီမို့။

ထိုင်နေရာမှချက်ချင်းဆိုသလိုထလိုက်ကာ ဗီရိုထဲကအဆင်ပြေရာအဝတ်တစ်စုံကိုဆွဲထုတ်လိုက်သည်။ ဝတ်ဆင်ပြီးတာနဲ့ဆံပင်ကိုလက်နှစ်ဖက်ဖြင့်သာသပ်တင်လိုက်ကာ မှန်တင်ခုံပေါ်ကကားသော့ကိုဆွဲယူပြီး namjoonထွက်လာခဲ့လိုက်သည်။

အရင်ဆုံး... မနက်ဖက်တွေတိုင်းမှာ သူမ,ရှိတတ်တဲ့barဆီကိုသူဦးတည်မောင်းလိုက်သည်။ သို့သော်... ထင်ရာနှင့်တလွဲ.. barမှာသူမရှိမနေခဲ့။ တခြားbarပြောင်းထိုင်တာများလို့တွေးမိပြန်တော့လည်း... ‌ဆိုးလ်မြို့ရဲ့များပြားလွန်းတဲ့barတွေထဲ ခြေသွက်လွန်းတဲ့heejinသွားလောက်မယ့်barဆိုတာ ခပ်စိမ့်စိမ့်ပင်။ ဒါတွေတစ်ခုချင်းလိုက်ရှာနေရင်တော့ ဒီတစ်ရက်မပြောနဲ့..၊ တစ်ပတ်လောက်ကြာရင်တောင် တွေ့နိုင်ဖို့ရှားသလားရယ်။

My Confusing Partner (✔︎)Where stories live. Discover now