💘Seven

1.4K 242 65
                                    

Unicode

ပျိုးပျိုးပြက်ပြက်ဝေဆာလျက်ရှိသောပန်းမဒီတို့မြေပြင်ထက်ကြွေခမည့်ချိန်တွင် လက်ဖဝါးလေးဖြန့်ကာလှမ်း၍ဖြတ်ယူတတ်သည်မှာ ပန်းကြိုက်တတ်သောhaeunရဲ့ အကျင့်ဗီဇတစ်ခုပင်... ။

လှနေသေးတယ်လေ ပန်းလေးရယ်...။ တိုက်လေတွေကလည်း နည်းနည်းလေးတောင်မှမနွမ်းသေးတဲ့ပန်း‌‌လေးကို ဘာလို့များမြေခပြီးအနင်းခံရတဲ့
အသေသားဘဝကို တွန်းပို့ချင်ကြရတာလဲ။ ကံကြမ္မာကသာတိုက်လေဆိုရင် သူမကကြွေပန်းလေးလိုပါပဲ။ ကံကြမ္မာက သူမကိုငယ်တုန်းရွယ်တုန်းမှာပဲ ကြွေလွင့်သွားစေခဲ့တယ်လေ။

လက်ဖဝါးထက်ကကြွေပန်းအားတစိမ့်စိမ့်ကြည့်ကာ နှုတ်ပြင်ပထက်ဖွင့်မဟဖြစ်သည်များကို စိတ်တွင်း၌သာရေရွတ်ဖြေချနေရသည်မှာလည်း မွန်းကျပ်ခြင်းငရဲတစ်ခုပေ။

သူမပန်းပွင့်လေးအားဆုပ်ကိုင်လိုက်ကာ အသက်ကိုခပ်ပြင်းပြင်းရှူသွင်းရှူထုတ်လုပ်ခြင်းပင် မွန်းကျပ်မှုတွေကိုဖြေလျော့စေသည်။

ယခုသူမရောက်နေသည်မှာ ပန်းခြံလေးတစ်ခုတွင်ပင်။ ဝန်းအတွင်းကခုံတန်းလေးပေါ်မှာထိုင်ပြီး တိုက်ခတ်လာသမျှလတ်ဆတ်သောလေအားခံယူ‌ေနလိုက်သည်။ ပန်းခြံတစ်ဝှမ်းကရောင်စုံခြယ်ပွင့်ဖတ်လေးတွေကိုထိတွေ့လာတဲ့လေပြည်ဖြစ်သည်မို့ သူမ၏စိတ်အာရုံကိုပို၍လန်းဆန်းသွားစေသည်။

ထိုစဉ် တစ်ဖက်လမ်းရဲ့မျက်‌စောင်းထိုးနေရာမှရယ်မောသံသဲ့သဲ့လေးထွက်လာလေတော့ ဘာများရယ်လဲလို့သိချင်စိတ်ဖြင့်လှမ်းကြည့်မိသည့်မျက်ဝန်းအဝိုင်းသားလေးဟာ တစ်ခနအတွင်းတွင်ပင်ညှိုးနွမ်းခြင်းအတိသို့ကူးပြောင်းသွားသည်။

" သူပျော်နေတာပဲ "

တစ်ကိုယ်တည်းကြားနိုင်သောစကားလေးသာဆိုလိုက်ပြီး တစ်ဖက်လမ်းကjiminနဲ့heejinတို့ကိုမျက်ကွယ်ပြုလိုက်သည်။ ဟုတ်တယ်လေ... ဆက်ကြည့်နေရင် အကြောင်းပြချက်မရှိဘဲနာကျင်နေရမှာသူမပဲမဟုတ်လား။

" ဘယ်နားကနာကျင်နေတာလဲ မိန်းကလေး။"

အချိန်မရွေး နေရာမရွေးထွက်ပေါ်လာတတ်သောအသံပိုင်ရှင်မှာမည်သူဆိုတာကိုတပ်အပ်သိနေပြီမို့ သူမအတွက်တော့လန့်စရာတစ်ခုမဟုတ်တော့ပေ။ ဘေးဘီကိုလှည့်မကြည့်ပါဘဲ လက်ဖဝါးထက်ကကြွေပန်းကိုသာစေ့စေ့ကြည့်ရင်း နတ်သားမူဆီစကားဆိုလိုက်သည်။

My Confusing Partner (✔︎)Where stories live. Discover now