💘Nine

1.4K 241 75
                                    

Unicode

" hyung...!!"

ကျောပြင်ကျယ်အားသိုင်းဖက်ကာ ပြုံးဖျာနေတဲ့မျက်နှာပေးလေးနဲ့စကားဆိုလာတဲ့jiminကြောင့် namjoonတစ်ယောက်အံ့ဩရတာအမှန်ပေ။ ခါတိုင်းဆို ဒီလိုအပြုအမူမျိုးကို အရက်မူး‌နေတဲ့အခါမှာသာ လုပ်လေ့ရှိတာမို့လည်းပါသည်။

" ဘာဖြစ်လာတာလဲ Jimin.."

ကြိတ်ခွက်လေးထဲကိုကော်ဖီ‌စေ့တွေထည့်ရင်းအမေးဆိုလာတဲ့namjoonကြောင့် Jiminမျက်နှာအမူအရာကိုပြန်ထိန်းပြီး ခပ်လှမ်းလှမ်းဆီအထိပြန်ခွာကာ အိုဗာလုပ်မိတာတွေကိုအနည်းငယ်ပြန်လျှော့လိုက်မိသည်။

" ဟို.. ဘာမှမဖြစ်လာပါဘူး။ ဒါပေမယ့်...."

စကားစကိုဆွဲကာရစ်သီရစ်သီလုပ်နေတဲ့jiminကို မျက်ခုံးတစ်ချက်ပင့်ကာကြည့်လာတဲ့namjoon။ Jiminက ဘယ်လိုပဲဆိုင်ပိုင်ရှင်ဆိုဦးတော့... သူ့ထက်အကြီးဖြစ်တဲ့namjoonကိုတော့သူရှိန်လွန်းပါသည်။

" ဘာမှမဟုတ်တော့ဘူး။ ထားလိုက်တော့။"

စကားကိုချိုယဉ်ယဉ်ပြောနေရတာjiminရဲ့ပုံစံမဟုတ်တာမို့ အခုကိစ္စကိုJiminလက်လျှော့လိုက်သည်။ Namjoonကတော့ မျက်နှာဟန်တစ်ချက်မပျက်ဘဲ လုပ်စရာရှိတာသာဆက်လုပ်နေသည်။

Namjoonနဲ့ခပ်ဝေးဝေးဆီကခုံတစ်ဝိုင်းမှာ Jiminဝင်ထိုင်လိုက်တော့ ထုံးစံအတိုင်းပင်ဘေးနားကနေ ကပ်ပါလာဆဲဖြစ်တဲ့သူမ...။ သူမ,ရှိနေတာ အရင်လိုတော့ စိတ်ရှုပ်တဲ့ခံစားချက်ကြီးဝင်မနေတော့ပေ။

" ရှင်ကလည်း... Namjoon oppaက ရှင့်အစ်ကိုတဝမ်းကွဲမဟုတ်ဘူးလား။ ဘာလို့မူနေတာတုန်း။"

" မင်းဘာမှမသိပါဘူး။ ငါက လူတစ်ယောက်အကြောင်းကို တော်ရုံနဲ့သိချင်တဲ့သူမဟုတ်ဘူး။ အခုလိုမေးလိုက်ရင် ငါပဲအထူးဆန်းကြီးလိုဖြစ်နေမှာ။"

ဟုတ်ပါတယ်။ Namjoonက တည်တည်တံ့တံ့‌နေပေမယ့် လူမှုဆက်ဆံရေးအလွန်ကောင်းသူမို့ တစ်ရပ်ကွက်လုံးမှာသူ့ကိုမသိတဲ့သူရှားသည်။ တစ်ရပ်ကွက်လုံးနီးပါးကလူတွေကိုလည်း သူကသိသေးသည်။

‌ဒါကြောင့်မို့ haeunသိချင်နေတဲ့ဧည့်သည်ကို namjoonများသိလိုသိငြားဖြစ်နေမလားလို့တွေးထင်ကာ မေးရခြင်းပေ။ သို့ပေမယ့် လူတွေကြားမှာခပ်တန်းတန်းသာနေတဲ့jiminအဖို့ လူတစ်ယောက်အကြောင်းကို စေ့စေ့ပေါက်ပေါက်မေးဖို့ဆိုတာ မဝံ့ရဲတဲ့ကိစ္စတစ်ခုလိုဖြစ်နေသည်။

My Confusing Partner (✔︎)Where stories live. Discover now