💘Eighteen

1.4K 177 40
                                    

Unicode

" wow!! Con conပါ hyungရေ..."

Namjoonတစ်ယောက်Jiminရဲ့စကားကိုပြုံးပြုံးကြီးနားထောင်နေမိတယ်။ သူကနဂိုတည်းကအေးဆေးသမားဖြစ်ရုံမက ဘယ်မိန်းကလေးကိုမှစိတ်ဝင်စားတဲ့အရိပ်ရောင်တောင်မပြဖူးတာမို့ အခုလိုမျိုးချစ်သူရည်းစားရနေပြီဆိုပြီးလူတစ်ယောက်ကိုပြောပြရတော့လည်းအနည်းငယ်ရှက်ကိုးရှက်ကန်းတော့ဖြစ်မိသား...။ အဲ့တာထက်... သူ့ချစ်သူ‌ကောင်မလေးကHeejinဖြစ်နေတာမို့ jiminများစိတ်ထဲတစ်မျိုးတထွေဖြစ်သွားမလားတွေးပူမိသေးတာ....။ ဒါပေမဲ့... တစ်ကယ်တမ်းjiminရဲ့တုံ့ပြန်မှုက သူထင်သလိုမဟုတ်ဘဲ သူ့ကိုလှိုက်လှိုက်လှဲလှဲဝမ်းသားပေးနေတာမို့ သူစိတ်ထဲအပူတခုတော့လျော့သွားရသည်။ အေးလေ... Jiminဘက်ကစပြီးလမ်းခွဲခဲ့တာပဲဟာ...။

" Hyung.... ဒီလိုကြီးပဲထိုင်နေတော့မလို့လား..."

" ဟင်... ဘာ..ဘာကို "

" Hyungရည်းစားရနေပြီဆိုတော့ တစ်ဝိုင်းကျွေးဖို့စီစဉ်လေ...."

Jiminကစိတ်မရှည်သလိုလေသံနဲ့ ဆူဆောင့်ပြောတော့မှ အော်သည်ဆိုရုံမျှပြန်ဆူတဲ့namjoon..။ ဒါတောင်.. သူ့ညီကို အော်တယ်ဖြစ်မှာစိုးလို့ လေသံကိုမမြင့်အောင်ထိန်းထားသေးတာ..။

" ဘာမှမဆိုင်ဘူး.. အဲ့သလို‌လုပ်လို့ရ‌ကြေးဆို.. မင်းheejinနဲ့တွဲခဲ့တုန်းကရော တစ်ဝိုင်းမပြောနဲ့တစ်ခွက်တောင်တိုက်ခဲ့လို့လား...။ အခု ကောင်မလေးအသစ်နဲ့တွဲပြန်တော့လည်း အစ်ကို့ကိုပြဖော်တောင်တွေးဖူးလို့လား...."

ပြောပစ်ပြီး မျက်စောင်းခပ်စူးစူးထိုးပစ်လိုက်သည်။ ထိုအခါမှ ရှိသမျှအရိုးတွေအရည်ပျော်ကျသွားသလားမှတ်ရအောင်ကို သူ့အပေါ်ခန္ဓာတစ်ခုလုံးမှီချလာတဲ့jimin..။

" hyung... အဲ့တာမကျွေးတာမဟုတ်ဘူး။ hyungမှမတောင်းဆိုတာကိုလို့...။ ပြီးတော့ ကောင်မလေးကလည်းမပြချင်လို့မဟုတ်ဘူး။ အကြောင်းအရင်းရှိလို့ပါ..."

Namjoonတစ်ယောက်သူ့ရင်ဘတ်နားမှာဖက်ကာချွဲနေတဲ့jiminကိုဂရုမစိုက်ဟန်ဆောင်နေသည်။ ရင်ထဲမှာတော့ ထိုဆန်မုန့်လုံးလေးကို 'ချစ်ဖို့ကောင်းလိုက်တာ' လို့အော်ပြောနေပြီး အခါခါကိုက်ဖဲ့နေလောက်မှာအသေချာ...။

My Confusing Partner (✔︎)Where stories live. Discover now