💘Fourteen

1.3K 211 26
                                    

Unicode

မှိုင်နေသည်မဟုတ်ပေမယ့်လန်းရွှင်မနေသောစိတ်အထွေအထွေကဘာလုပ်လုပ်နှေးဖြေးစေတဲ့အကြောင်းပြချက်တစ်ခု။ မမြင်ချင်ယောင်ဆောင်လို့ဖြစ်ပေမယ့် မကြားချင်ယောင်ဆောင်လို့မရတဲ့ဝန်းကျင်တဝိုက်ကအတင်ခြေဆူပူသံတစ်ချို့။ စိတ်ရှိတိုင်းဆို ထိုအသံတွေကိုလျစ်လျူရှူမနေဘဲလုပ်လက်စကိုပစ်ချ.. ၊ ခြေလှမ်းသွက်သွက်နဲ့သွားပြီး Jiminရှေ့မှာငိုကြွေးနေတဲ့heejinကို သူဆွဲခေါ်ချင်လာမိသည်။

Heejinစိတ်ပင်ပမ်း‌အောင်မလုပ်ဖို့Jiminကိုစိတ်လိုက်မာန်ပါအမိန့်ပေးချင်သော်လည်း... တစ်ကယ်တမ်းကမဖြစ်နိုင်ဘူးလေ။ သူတို့သမီးရည်းစားအချင်းချင်းရန်ဖြစ်ကြတဲ့အရာမို့ namjoonအမိန့်ပေးဖို့ရာ ဘာတတ်နိုင်မှာမလို့လဲ။ ကော်ဖီစေ့တစ်ချို့ကိုခွက်နဲ့ခပ်ယူကာကြိတ်စက်ထဲထည့်ပြီးအားပါးတရကြိတ်ရင်း သူတို့ဆီအာရုံမရောက်နိုင်ဖို့ကိုကြိုးစားမိသည်။

တစ်ခနအကြာတွင်... jiminတို့ထံမှတိတ်ဆိတ်သွားမှုကြောင့် namjoonလှည့်ကြည့်မိတော့ ဆိုင်တံခါးကိုတောင်မပိတ်နိုင်ဘဲခပ်သုတ်သုတ်ထွက်သွားတဲ့heejinကိုတွေ့လိုက်သည်။ ဒေါသကြောင့်ဆူပူအပြစ်တင်ချင်ပေမယ့် တစ်ဖက်ကကြည့်ပြန်လည်းjiminဆိုတာ သူ့အတွက်တော့နှစ်ယောက်မရှိနိုင်တဲ့ညီငယ်လေးလေ။

တင်းဖျင်းနေသောစိတ်အခဲကြီးကိုမြိုသိပ်ချကာjiminဆီသို့ခြေလှမ်းကျဲကျဲဖြင့်လျှောက်သွားလိုက်သည်။ ဘေးခုံမှာဝင်ထိုင်လိုက်ပြီး ဘာမှမဖြစ်သလိုဟန်နဲ့စကားပြောရန်ပြင်လေတော့..
လက်ဦးစွားကာဆိုလာသူကjimin။

" ကျွန်တော် Heejinနဲ့လမ်းခွဲလိုက်ပြီ "

" အင်း..."

အံ့မဩသလိုဟန်ဆောင်နေတဲ့namjoonကို သူရိပ်မိသည်။ Namjoonရင်ထဲမှာဒေါသအလိပ်လိုက်ထွက်နေမှာလည်းသိသည်။ Namjoonဆိုတာက.. Heejinကိုမပိုင်ဆိုင်ရတောင် သူမ,ပျော်ဖို့ပဲဦးစားပေးတတ်သူကြီးလေ။

" အဲ့တော့ အခု မင်းကheejinကိုလွှတ်ချလိုက်ပြီပေါ့။ တခြားမိန်းကလေးအတွက်နဲ့လေ...။"

" လွှတ်ချလိုက်တာမဟုတ်ဘူး hyung... Heejinကအစတည်းကကျွန်တော့်လောင်းရိပ်အောက်ကလွတ်ထွက်နေပြီးသား။ ယောကျာ်းတစ်ယောက်မို့စောင်းမြောင်းမပြောတော့ဘူး hyung... Heejinကိုချစ်နေတယ်မလား...။ ကျွန်တော့်ထက်heejinကိုအစစအရာရာအလိုလိုက်ပြီးနားလည်ပေးခဲ့တာပဲ‌။ အခုပဲဖြစ်ဖြစ် Heejinကိုဆွဲထားလိုက်ပါ hyung..။ Heejinဘက်ကလည်း hyungအပေါ်ကိုခံစားချက်တစ်ခုခုရှိနေမှာသေချာတယ်။ "

My Confusing Partner (✔︎)Nơi câu chuyện tồn tại. Hãy khám phá bây giờ