💘Fifteen

1.4K 216 68
                                    

Unicode

Jiminနဲ့ပြတ်ပြီးတည်းကသူမ,ဆိုင်ကိုလည်းရောက်မလာတော့တာကြာပြီ။ အိမ်ကိုလိုက်သွားဖို့အထိလည်းမရဲတင်းချင်မိ။ Namjoonတွေးမိသည်က သူမ,ရှိတတ်‌တဲ့နေရာတွေဆီလိုက်ရှာဖို့ပင်။ အဆင်ပြေရဲ့လားဆိုတဲ့မေးခွန်းအတွက် အကျိုးသင့်အကြောင်းသင့်စကားလေးတစ်ခွန်းသိရရင်ကျေနပ်ပြီမို့။

မီးရောင်တလက်လက်ဖြင့်မျက်စိနောက်ဖွယ်အတိဖြစ်သောနေရာ.. အထူးသဖြင့်ကလပ်တစ်ခုတွင်ဖြစ်သည်။ ကခုန်နေသောလူအုပ်ကြီးထဲကမိန်းကလေးတွေကြားheejinကိုမျက်စိရှင်ရှင်ထားပြီးရှာသော်လည်းမတွေ့။ ညနေစောင်းလို့မိုးမှောင်ခါနီးဆို ဒီလိုနေရာမှာရှိတတ်မှန်းသိတာမို့ အခုလိုjiminနဲ့ပြတ်ပြီးအခြေအနေမှာဆိုရှိနိုင်ခြေပိုသေချာမှန်းလည်းသူသိသည်။

လူအုပ်ကြားထဲထပ်တိုးနေလည်းမထူးတာမို့ လွတ်တဲ့တစ်ဝိုင်းမှာသူဝင်ထိုင်လိုက်သည်။ အနားရောက်လာတဲ့ဝိတ်တာကောင်လေးကိုဘာမှမလိုကြောင်းပြောပြီး ပြန်လွှတ်လိုက်သည်။ သို့သော်.. ရုတ်တရက်အတွေးဝင်လာသည်မို့ ခပ်လှမ်းလှမ်းကကောင်လေးကိုပြန်ခေါ်ကာ Heejinကိုမေးမိသည်။ လာနေကျcustomerမို့ ထိုကောင်လေးသိကောင်းသိနိုင်သည်မလား။

" ဒီမှာ....!! ငါမလိုက်ဘူးပြောနေရင် သွားလိုက်တော့လေ။ ဘာလို့လာရစ်နေတာလဲ!"

ကောင်လေးဆီမှအဖြေပင်မကြားရသေး။ အနောက်ဖက်စွန်းစွန်းကကြားလိုက်ရတဲ့စကားတွေကရုန်းရင်းဆန်ခတ်နိုင်သည်မို့ ဘာရယ်မဟုတ်ပေမယ့်namjoonလှည့်ကြည့်မိသည်။ ‌မိန်းကလေးတစ်ယောက်ပေ...၊ နှစ်ယောက်ထက်ပိုသောယောကျာ်းလေးများကဝန်းရံထားသည်မို့ သူမရဲ့မျက်နှာကို‌သေချာမမြင်ရပေမယ့် အခြေအနေဟန်မနေတာတော့သိသည်။

ဒါကြောင့်ပဲ ဝိတ်တာကောင်လေးကိုပြန်လွှတ်လိုက်ကာ.. အနောက်ဖက်ဝိုင်းသို့namjoonသွားလိုက်သည်။ ကောင်လေးတွေထဲကတစ်ယောက်ရဲ့ပုခုံးကိုဆွဲကိုင်ပြီးဖယ်လိုက်တော့ ရှင်းလင်းစွာထွက်ပေါ်လာတဲ့သူမ...။

" Heejin...?"

ရှာနေသောသူမကိုတွေ့ပြီမို့စိတ်ထဲဆို့နေသောအလုံးကြီးကျသွားတာအမှန်ပေမယ့်... ပုံမှန်အသိစိတ်မရှိတဲ့သူမကိုနှောင့်ယှက်နေတဲ့ကောင်တွေကြောင့်စိတ်နှောင့်ရသည်။ အဲ့တာထက်.. ဒီကောင်တွေကသူမ့သူငယ်ချင်း၊ အပေါင်းအသင်းမလုပ်ဖို့ Jiminအမြဲတားနေရတဲ့သူငယ်ချင်းကောင်လေးတွေပင်။

My Confusing Partner (✔︎)Where stories live. Discover now