💘Seventeen

1.5K 198 85
                                    

Unicode

ငိုထားသမျှပင်ပမ်းပြီးအိပ်ပျော်သွားသည်မို့ တစ်ရေးနိုးတဲ့အခါ... ဘယ်အချိန်ရှိပြီတောင် သူမ‌ကွဲကွဲပြားပြားမသိတော့..။ နိုးနိုးချင်း နံရံပေါ်ကနာရီဆီလှမ်းကြည့်မိမှပဲ ညနေစောင်းနေပြီဆိုတာ သူမ,သိလိုက်သည်။ ရုတ်တရက်အတွေးထဲချက်ချင်းဝင်လာသူမှာ jiminပင်။ သူအခုဘာလုပ်နေလောက်မလဲ။ သူမ,မ‌ချော့ရသေးတာမလို့ အခုထိစိတ်ဆိုးပြေမှာမဟုတ်သေးတာတော့သိသည်။

ကုတင်ပေါ်မှဆင်းကာ.. အခန်းထဲမှထွက်လာလိုက်သည်။ ဧည့်ခန်းမှာ Jiminကိုမတွေ့။ အိပ်ခန်းထဲမှာရှိနေမလား‌လို့ ဝင်ရှာကြည့်ပြန်တော့လည်းမတွေ့သေး။ ဒါပေမဲ့.... Jiminအစားတွေ့လိုက်ရတာဟာ ကုတင်‌ေခြရင်းက စားပွဲပေါ်မှာအပုံလိုက်ဖြစ်နေတဲ့မတ်ဂျူပုလင်းအခွံတွေ။

" ဘုရားရေ!! ရေခဲသေတ္တာထဲက ရှိသမျှအကုန်သောက်လိုက်သလားပဲ...။ ဒီလောက်များတာ ဘယ်လိုသောက်တုန်း။ ပြီး ဗူးအခွံတွေကိုဒီလိုပစ်စလတ်ခတ်ပစ်ထားစရာလား။ အရက်မူးသမားလေး..."

ပါးစပ်ကသာတတွတ်တွတ်ဖြင့်ပြောနေပေမယ့်... ရှိသမျှဗူးခွံတွေကိုသူမ,သိမ်းပေးနေရှာသည်။ သူ့ဘဲအခန်းက သူမ့အခန်းပဲဆိုသလိုမျိုးပေါ့။ နည်းနည်းလေးရှုပ်နေရင်တောင် ဝင်ရှင်းပေးတတ်တာက အကျင့်တစ်ခု။

တစ်အိမ်လုံးမှာရှိမနေတာမို့ ရေချိုးခန်းထဲမှာရှိနေပြီဆိုတာ သူမကောက်ချက်ချလိုက်သည်။ ထို့ကြောင့် ရေချိုးခန်းအဝနားသွားလိုက်ကာ... တံခါးတစ်ချက်ခေါက်လိုက်သည်။

" ပြီးရင် ဧည့်ခန်းထဲမှာတွေ့ရအောင်..."

ပြန်ဖြေသံမကြား‌ရပေမယ့် သူမ,လှည့်ထွက်ဖို့ခြေလှမ်းပြင်မိသည်။ သို့သော်.. လှစ်ကနဲသူမအကြည့်ရောက်မိသည်က တံခါးလက်ကိုင်..။ သူမ,လှည့်ဖွင့်ကြည့်လိုက်တော့ တံခါးကအလွယ်တကူပင်ပွင့်ကျသွားသည်။ ထင်ထားခဲ့သလိုမဟုတ်ဘဲ... အထဲမှာ သူရှိမနေ။

" Ji..jimin.."

ကြောင်နနဖြစ်နေပြီ။ လက်ထဲက အမှိုက်ထုပ်ကိုဘေးချပစ်ကာ တစ်အိမ်လုံးကိုအရူးမီးဝိုင်းသလိုရှာမိသည်။ Jiminအပြင်ထွက်သွားတာက အကြောင်းမဟုတ်။ အကြောင်းက... အခု သူမ Jiminမရှိဘဲလည်းနေလို့ရနေတယ်။ သူမသူ့ဆီက‌နေလွတ်လပ်ခွင့်ရသွားတာလား...။ အရင်ကလို စိတ်အခြေအနေနဲ့ဆို အခုချိန်မှာသူမကျိန်းသေပျော်နေမှာ။ ဒါပေမဲ့ အခုကမတူဘူး။

My Confusing Partner (✔︎)Dove le storie prendono vita. Scoprilo ora