My King (အပိုင်း 26)

9.7K 685 64
                                    


'ဂျိမ်းးးး'

JungKook ကားတံခါးအား အားဖြင့်စောင့်ပိတ်ကာ ကားစက်နှိုးလိုက်လေသည်။

'မင်းနဲ့ Jimin ရန်ဖြစ်ထားတာလား'

JungKook  ဒေါသဖြင့်ပြည့်နေသော မျက်လုံးဖြင့်စိုက်ကြည့်လိုက်လေသည်။ခုလိုဖစ်တာတွေ အကုန်လုံးရဲ့ အစ တရားခံက သူပဲလေ။ဒင်းကကျ Jimin နဲ့ အဆင်ပြေချောမွေ့နေပြီး သူကျ အပယ်ခံဘဝရောက်နေရတာ....။ဘယ်လိုပင် အချစ်ဆုံးသူငယ်ချင်းဖြစ်ပါစေ ခုလိုမျိုး Jimin နဲ့ခွဲရစေသော ဒင်းအား မည်သို့မျှပင် စေတနာကော အကြင်နာကော မရှိနိုင်ပါ။

'ဟမ် မင်းတို့ရန်ဖစ်ထားတာလားလို့'

'မင်း မမြင်ဘူးလား'

'ဘာကိုလဲ'

'ဘာမှမဟုတ်ဘူး ခုဘယ်ကိုပို့ပေးရမှာလဲ ပြော'

'xxx Center'

Jimin အခန်းထဲမှာ နားနေကာ အချိန်ဖြုန်းနေလိုက်သည်။တစ်ယောက်ထဲရှိတာထက်စာလျှင် အဖော်ရှိနေသည်က ခံစားရတာအား သက်သာစေသည်။JungKook အား လမ်းခွဲစကားပြောရန် စဥ်းစားမိသော်လည်း တကယ်တမ်း လက်တွေ့တွင်မူ JungKook အားမြင်သည်နှင့် ဘာစကားမှ မပြောနိုင်တော့ပေ။

'ဟူးးးးးး'

'မင်လေး'

'ဟုတ် Min Hyung'

'ကိုယ် အပြင်ခနသွားမို့ အခန်းထဲမှာပဲနေနော်....ကိုယ်မြန်မြန်ပြန်လာခဲ့မယ်'

'ကျွန်တော်လဲ လိုက်မယ်လေ hyung'

'ကိုယ် ခနပါပဲ ဆိုင်မှာပဲနားနေနော်'

'ဟုတ် min hyung'

Jimin sofa ပေါ်တွင် လှဲကာ ပြန်အိပ်လိုက်လေသည်။မည်မျှပြန်အိပ်ပျော်သွားသည်မသိ.. အိပ်နေရင်း မျက်နှာပေါ်တွင် နွေးသလိုခံစားချက် ရနေတာမို့ Jimin မျက်လုံးအားဖွင့်ကြည့်လိုက်သည်။မျက်နှာရှေ့တည့်တည့်တွင် ထိုင်ကာ ကြည့်နေသော JungKook ကြောင့် Jimin လန့်ကာ ထထိုင်မိလေသည်။

'Jung.....JungKook'

'sorry ကို့ကြောင့် နိုးသွားတာလား'

'arr...မဟုတ်ပါဘူး ကျွန်တော် ခနလှဲနေတာပါ'

'မျက်နှာလေးက ချောင်သွားတာပဲ။အစားသေချာမစားဘူးလား'

My KingDonde viven las historias. Descúbrelo ahora