My King (အပိုင်း ၁၄)

10.7K 825 42
                                    


'ကျွန်တော်........'

'ဘယ်သူလဲ Ji'

'ဟို....JungKook'

Jiminပုံစံကို ကြည့်လိုက်သည်နှင့် Taehyung သဘောပေါက်လေပြီ။JungKook ပြန်လာပြီး Ji အားပြန်ခေါ်သွားမည်ကို စိုးရိမ်နေခဲ့ရသော်လည်း ယခု ထိုအချိန်သို့ရောက်ရှိလေပြီ။Jimin စီမှ ဖုန်းကို ယူလိုက်ကာ....

'JungKook'

Taehyung နာမည်အား တည်ကြည်ပြတ်သားစွာပြောလိုက်လေသည်။

'Taehyung မင်းဘာလုပ်တာလဲ။မင်းနဲ့Jimin က ဘာတွေလဲ။ငါမရှိတုံး မင်းJimin ကို ဘယ်လိုအပိုင်သိမ်းလိုက်တာလဲဟမ်.......'

Taehyung ဘက်ကတည်ငြိမ်နေသလောက် မတည်ငြိမ်နိုင်ပဲ ဒေါသထွက်နေရသူမှာ JungKookပင်။

'Ji ကို ငါအပိုင်မသိမ်းပါဘူး။အပိုင်သိမ်းရအောင် Ji ကအရုပ်လဲမဟုတ်ဘူးလေကွာ။ဒီခရီးကလဲ Ji ကသွားချင်တယ်ဆိုလို့ လိုက်ပို့ပေးတာ။မင်းထင်သလို မဟုတ်ဘူး JungKook'

'မင်းက မမြူဆွယ်ပဲ Jimin က မင်းနဲ့နှစ်ယောက်ထဲ ခရီးသွားမှာမဟုတ်ဘူး။မင်းအစထဲက Jimin ကိုငါ့စီက လုယူချင်နေတာမလား။'

'JungKook မင်းထင်သလိုမဟုတ်ဘူး။မင်းအရင်ဆုံး စိတ်လျော့သင့်တယ်'

Taehyung ပြောနေရင်း Jimin အားကြည့်မိတော့ မျက်လုံးမှာ မျက်ရည်များနှင့်စိုနေလေပြီ။မဖစ်ရဘူး Ji ကိုယ်လိုချင်တာ Ji ပျော်ရွှင်တာ။Ji ဝမ်းနည်းနေတာ ကိုယ်မကြည့်ရက်ဘူး။

'ငါတို့ အခုပြန်ခဲ့မယ်။ငါပြန်လာရင် သေချာရှင်းပြမယ် JungKook'

သို့သော်.....

'ဒီကိစ္စ Tae နဲ့ ဘာမှမဆိုင်ပါဘူး JungKook။ကျွန်တော် သွားချင်လို့ Tae ကလိုက်ပို့တာပါ။'

Jimin၏လုပ်ရက်ကြောင့် Taehyungကြောင်သွားမိသည်။

'Taeနဲ့ခင်ဗျားက သူငယ်ချင်းမို့ ပြောတာကိစ္စမရှိပေမဲ့ ခုက ကျွန်တော့်ကိစ္စပါ။ခင်ဗျား ဝင်စွတ်ဖက်စရာမလိုဘူးလို့ ထင်တယ် JungKook'

ဟင်......ဒါ Jiminလား။Jimin မှဟုတ်ရဲ့လား။မဖစ်နိုင်ဘူး Jiminဆို သူ့အားထိုသို့ပြောမည်မဟုတ်ပေ။ဟုတ်တယ် ဒါ Jiminမဟုတ်ဘူး

'မင်း....မင်း...ဘယ်သူလဲ Jiminကော Jiminက ငါ့ကိုဒီလိုပြောမှာမဟုတ်ဘူး။'

My KingWhere stories live. Discover now