My King (အပိုင်း 28)

13.6K 525 95
                                    

ဆူညံနေသော ကစားကွင်းသို့ ဘာလို့လိုက်လာမိမှန်းမသိ စိတ်ညစ်နေသူမှာ yoongi ပင်။

လွန်ခဲ့သောနာရီခန့်က

yoongi အလုပ်ကိစ္စနှင့် shopping center သို့ရောက်လာခဲ့လေသည်။တွေ့စရာလူနှင့် မြန်မြန်တွေ့ကာ ဆိုင်ပြန်မည်အလုပ် ရင်းနှီးသောရီသံအား ကြားလိုက်သည်မို့ လှမ်းကြည့်မိလေသည်။ကလေးများနှင့် အတူ center ထဲရှိ ချားရဟတ်စီးကာ ရီမောနေသော Taehyungကိုတွေ့တာမို့ ရပ်ကြည့်နေမိသည်။ yoongi ကြည့်တာဖြင့်မကြာသေး လုံခြုံရေးဟုထင်ရသော ဝန်ထမ်းများနှင့် လူ၂ယောက်လောက် ရောက်လာလေသည်။
yoongi ဘာဆက်ဖစ်မလဲသိချင်တာမို့ လက်ပိုက်ကာ ကြည့်နေလိုက်သည်။ဘာတွေပြောနေမှန်းမသိသော်လည်း အခြေအတင်ဖစ်နေတာတော့ မြင်နေရသည်။ကြည့်ကောင်းကောင်းနှင့် ကြည့်နေစဥ် ရုတ်တရက် မိမိဘက်လှည့်လာကာ လက်ညှိးထိုးပြနေတာကြောင့် ကြောင်ကာ အနောက်ဘက်သို့ပင်လှည့်ကြည့်မိသည်။

မကြာ ထိုလုံခြုရေးလူများနှင့်အတူ ပြသာနာရှာသူ တစ်သိုက် မိမိရှိရာသို့ လျောက်လာကြလေသည်။

'ဒီက Mr Min Yoongi လားခဗျ'(ဒါတွေက English လိုပြောကြတာပါနော်)

'ဟုတ်ပါတယ်'

'ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ခဗျ။ကျွန်တော်က ဒီက manager ပါ။'

လူရည်သန့်သန့်ထဲက တစ်ယောက်က မိတ်ဆက်တာမို့ yoongi ကြောင်တောင်တောင်ဖြင့် ပြန်နှုတ်ဆက်လိုက်လေသည်။

'Mr Min တို့ဆိုင်အကြောင်း ကျွန်တော်သိပါတယ်။အရမ်းကောင်းတဲ့ ဆိုင်လေးတစ်ဆိုင်ပါပဲ'

'ဟုတ်'

ရုတ်တရက်လာနှုတ်ကာ ပြောနေသည်မို့ yoongi နားမလည်ခြင်းများစွာဖြင့် ပြန်ဖြေနေရလေသည်။

'အလုပ်များတာလဲ များပေမယ့် ကို့ကောင်လေးကိုတော့ အချိန်ပေးစေချင်တယ်ဗျာ။'

'ဗျာ'

yoongi ဘာမှနားမလည်တော့။သူ့ဘာသာလာနှုတ်ဆက်ကာ အခုလဲဘာတွေပြောနေမှန်းမသိတော့။သေချာသည်မှာ Kim Taehyung ၏လက်ချက်ဆိုသည်မှာ မလွဲနိုင်ပေ။

'ဒီက ညီ့ကို စိတ်ဆိုးတာလဲဆိုးပေါ့ဗျာ။အခုလို ကလေးတွေနဲ့ ပစ်ထားတာတော့ မဖစ်သင့်ပါဘူး။မြန်မြန်ပြန်ပြေလည်ပီး သွားချင်တဲ့နေရာလိုက်ပို့ပေးလိုက်ပါ။'

You've reached the end of published parts.

⏰ Last updated: Oct 27, 2021 ⏰

Add this story to your Library to get notified about new parts!

My KingWhere stories live. Discover now