My King (အပိုင်း 27)

10.7K 577 55
                                    


JungKook ရှင်းပြရန် Jimin အနားသို့သွားကာထိုင်လိုက်လေသည်။Jimin ကတော့ သူအထင်လွဲပြီးပြောထားတာမို့ မျက်နှာအောက်ငုံကာ နေနေလေသည်။

'Ji ကိုယ့်ကို ကြည့်ပါအုံး'

Jimin ၏မေးစပ်နားမှ အသာကိုင်ကာ မျက်နှာအားမော့ခိုင်းလိုက်လေသည်။ပြီးနောက် နဖူးအား တစ်ချက်နမ်းကာ စကားစလိုက်လေသည်။

'ကိုယ်ထင်တာမမှားဘူးဆို အဲ့နေ့က ကိုယ် Ji ကိုစောင့်နေရင်း ပျင်းလို့ သူနဲ့အရင်တုံးက လုပ်သလို လက်မောင်းအားလှဲတိုင်းလုပ်ကြတာ။ရှေ့ရက်တုံးကလဲ အဲ့လိုလုပ်တယ်။ပထမရက်က သူခံထားရတော့ နောက်ရက်ကျ မလုပ်ချင်ဘူးဆိုပြီး ငြင်းနေသေးတာ။ဒါပေမယ့် သူ့ကိုယ့်ကို ဘယ်တုံးက နိုင်ဖူးလို့လဲ။နောက်ဆုံးတော့လဲ ကိုယ်လုပ်ချင်တဲ့အတိုင်း လိုက်လုပ်ပေးရတာပဲ။'

'အဲ့တာ Ji က ဘာကိုအထင်လွဲတာလဲ။ကိုယ်မစဥ်းစားတတ်ဘူး'

'ကျွန်တော် အဲ့နေ့က JungKook ကိုလွမ်း.... အဲ....တွေ့ချင်တာနဲ့ ဆေးရုံကိုလာတာ။အခန်းတံခါးဖွင့်ခါနီး JungKook ရဲ့ စကားသံကြားလိုက်တာ....'

ပြောလဲပြော လူကိုလဲအသာမော့ကာကြည့်ပြီးပြန်ငုံ့သွားတာကြောင့် လူကအသဲတယားယားနဲ့ဆက်နားထောင်ရပြန်သည်။

'အင်းး..ဆက်ပြော'

'လုပ်.......လုပ်ရအောင်ဆိုပြီး..'

'ခွီးးးးးးး'

JungKook ဟန်မဆောင်နိုင်ပဲ ရီမိလေသည်။သူ့ရီသံကြောင့် Jimin မျက်စောင်းထိုးကာ ကြည့်တာကြောင့် မျက်နှာအားပြန်တည်ကာ ပြန်စကားစလိုက်လေသည်။

'အဲ့တာနဲ့ ဆက်ပြော....'

'အဲ့စကားကြားတော့ ကျွန်တော် လန့်သွားတာပေါ့။JungKook နဲ့ Tae နဲ့က ဟို....ဟိုဟာလုပ်မို့ပြောနေကြတယ်ထင်တာကိုး။Tae ကလဲ ကျွန်တော်နဲ့သွားလုပ်လို့ ပြောတာကို JungKook က ကျွန်တော်နဲ့မလုပ်ချင်ဘူး ပျင်းတယ်လို့ပြောလိုက်တယ်လေ။အဲ့တာနဲ့ ကျွန်တော် ပြန်ထွက်လာလိုက်တာ'

'ဟက်.....မင်းလေးကတော့လေ လူကိုအရမ်းအသည်းယားအောင် လုပ်တတ်တာပဲနော်'

My KingOnde histórias criam vida. Descubra agora