My King (အပိုင်း 22)

11K 741 19
                                    

ပြင်ဆင်စရာရှိသည်များ ပြင်ဆင်ပြီးသည်နှင့် အပြန်ခရီးစဥ်အား စတင်ခဲ့လေသည်။Yoongi hyungကတော့ အစဥ်အလာမပျက်စွာ နောက်ခန်းထဲတွင် အိပ်လျက်။ဘေးနားက ပေါက်စကလဲ အပြင်ဘက်ကိုသာ ငေးမောကြည့်နေလေသည်။

ဝန်ထမ်းများစီးသည့်ကားသည်လဲ လိုက်ပို့ရမည့် နေရာများစီသို့ သွားလျက်........

'Yoongi hyung......'

'omm JungKook'

'ကျွန်တော်နဲ့ Jimin ကိုရီးယားခနပြန်မို့'

'ဘယ်တော့လဲ'

'သဘက်ခါလောက်ပေါ့'

'အင်း....ဟုတ်ပြီ'

'hyung ကော လိုက်ခဲ့မလား'

'တော်ပါပြီကွာ နောက်တစ်ခါမှပေါ့'

Yoongi hyung ကိုအိမ်အရင်ပြန်လိုက်ပို့ပြီး hotel ကိုပဲမောင်းလာခဲ့လိုက်သည်။Jimin ကတော့ မေမေ့ကို လိုက်တွေ့ရမှာမို့ အတွေးထဲနစ်မြောနေတုံးပင်။

Hotel carparking ရောက်တဲ့ထိ တွေးနေသေးတာမို့ JungKook ဘဝင်မကျတော့။

'Jimin'

'Jimin.....'

'arr ဟုတ် JungKook sorry ကျွန်တော် အတွေးလွန်သွားလို့'

'မေမေ့ကို လိုက်တွေ့ရမှာမို့ စိုးရိမ်နေတာလား....'

'ကို့ကိုကြည့် Jimin......မင်းရှေ့မှာ ကိုတစ်ယောက်လုံးရှိတာမို့ ဘာကိုမှ မစိုးရိမ်ရဘူး......
အဲ့တာကြောင့် ကို့ကိုပဲ ယုံကြည်ပြီး လိုက်ခဲ့ပေး
မင်းရှေ့မှာ ကိုတစ်ယောက်လုံးရှိနေမယ် ဟုတ်ပြီလား'

'ဟုတ် JungKook'

'ကဲ လာ သွားမယ်'

'အမ်'

သွားမယ် ဆိုမှ စဥ်းစားမိတယ်။ဒါ ငါနေတဲ့နေရာမှမဟုတ်တာ။

'JungKook ကျွန်တော့်အိမ်မဟုတ်ဘူးလေ'

'သိတယ်လေ။ကိုနေတဲ့ Hotel ကိုခေါ်လာတာ။နောက်ဆို ကိုနဲ့ပဲတူတူနေရမယ်။မင်းကို တစ်ယောက်ထဲထားဖို့ စိတ်မချတော့ဘူး'

'ဒါပေမယ့်......'

'...'

'ဟုတ် JungKook နဲ့တူတူနေပါ့မယ်'

My KingWhere stories live. Discover now