My King (အပိုင်း 21)

13.9K 795 40
                                    


JungKook ပြန်မရောက်ခင် အခန်းစီအမြန်ပြန်လာရင်း တံခါးနားအရောက်မှာ အထဲကစကားသံကြားရတာမို့ တံခါးကို အသံမထွက်အောင် ဖွင့်ရင်း ဝင်လိုက်တော့ ကြားလိုက်ရတဲ့ စကားကြောင့် ဝမ်းနည်းစိတ်က ထိန်းမရတော့။

စကားပြောနေသေးတာကိုပင် ဂရုမစိုက်နိုင်နေတော့။မြင်နေရတဲ့ ကျောပြင်ကျယ်ကြီးကိုသာ သိုင်းဖက်ရင်း ငိုလိုက်မိသည်။

'အင့်.....'

'ဒါပဲနော်....နောက်မှပြန်ဆက်လိုက်မယ်'

ဖုန်းပြောနေရင်း အနောက်ကရုတ်တရက်လာဖက်တာကြောင့် အသံပါထွက်တဲ့ထိ ဖစ်သွားရတယ်။ဘယ်သူလဲလို့ လှည့်ကြည့်တော့ ပေါက်စ။
ကျောပြင်ကနေ ဖက်ပြီး ငိုနေတာမို့ လူကစိုးရိမ်လာပြီး ဖုန်းပြောနေတာကိုတောင် အမြန်ချပလိုက်ရတယ်။

'Jimin....'

'ဟင့်......ဟင့်.....'

အရှေ့လှည့်မို့ လုပ်တော့ ပေါက်စက အလှည့်မခံ။နောက်ကနေပဲ ဖက်ပြီး ငိုနေတော့တယ်။

'Jimin.....ဘာဖစ်လာတာလဲကွာ'

'......'

'Jimin ဘာဖစ်လို့လဲလို့...ကို့ကိုစိတ်ပူအောင်မလုပ်နဲ့ကွာ...နော် ဘာဖစ်လို့လဲကို့ကိုပြော'

ဖက်ထားတဲ့လက်လေးတွေကို အသာကိုင်ပြီး ရှေ့လှည့်ကြည့်လိုက်တော့ ငိုထားတာကြာင့် မျက်လုံးလေးတွေက ဖောင်းနေပြီး ပါးလေးတွေတောင် ရဲနေလေပြီ။

'ဘာဖစ်လို့ အဲ့လောက်ငိုရတာလဲ ပေါက်စရယ်။ကြည့်ပါအုံး မျက်နှာတွေတောင် ရဲနေပြီ'

'JungKook....'

'omm'

'ကျွန်တော့်ကို မချစ်တော့ဘူးပေါ့နော်'

ဟမ်.....ငါ နားကြားများမှားလေသလား.....

'ဟင်...ဟင်.....Jimin ဘာပြောလိုက်တယ်'

'ဟင့်......JungKook က ကျွန်တော့်ကိုမချစ်တော့လို့ စကားကိုတောင် သေချာမနားထောင်တော့ဘူး......ဟင့်....

'အွန့်.....'

Jimin စီကမထင်ထားတဲ့ စကား​ကြားလိုက်တော့ ကြောင်ပြီး ဘာပြောလိုက်တယ် ပြောတဲ့ဟာ သူ့စကားနားမထောင်ပါဘူးဆိုပြီး ပေါက်စက ထပ်ငိုပြန်တယ်လေ။ကျွန်တော်လဲ ငိုထားလို့ နီနေတဲ့ပါးလေးတွေရယ် ထော်ထော်ပြီး ပြောနေတဲ့ နှုတ်ခမ်းလေးကြောင့် လူက မနေနိုင်တော့.....

My KingWhere stories live. Discover now