My King (အပိုင်း ၇)

16.5K 1.1K 46
                                    

'ဟူး........ငါ မင်းကို အရမ်းချစ်တယ် Jimin'

'.......'

'Jimin....'

'nae JungKook'

'လာ ထ။ကုတင်ပေါ်မှာထိုင်။'

'ဟုတ်'

'ကိုယ် မင်းကိုချစ်တာ မင်းသိတယ်မလား။မင်းကို ဘယ်လောက်ချစ်လဲဆို ဘယ်သူလက်ထဲမှ အပါမခံနိုင်လောက်အောင် ချစ်တယ်။မင်းအသားကို တခြားသူတွေ ထိတာလဲ ကိုယ်မကြိုက်ဘူး။မင်းက တခြားလူတွေကို ဂရုစိုက်နေတာလဲ ကိုယ်မကြိုက်ဘူး။ကိုယ့်ဘဝမှာ မင်းက ပထမဆုံး ပိုင်ဆိုင်ချင်တဲ့သူပဲ။မင်းကို ဆုံးရှုံးရမှာ ကိုယ်အကြောက်ဆုံးပဲ။မင်းတခုခုဖစ်ရင် ကိုယ်အရင်ဆုံး သေလိမ့်မယ်။ကိုယ် မင်းကိုအဲ့လောက်ထိချစ်တယ် သိလား Jimin'

JungKook ၏တည်ကြည်စွာပြောနေသော စကားကြောင့် Jiminငြိမ်နေမိသည်။သူ့ဘက်က ကိုယ့်ကိုအတည်သတ်မှတ်ကာ ချစ်တာကြောင့် Jimin မလုံသလိုခံစားရမိသည်။JungKook အားကြောက်၍ အိမ်မြန်မြန်ပြန်ရရန် ချစ်တယ်ဟုပြောခဲ့သော်လည်း မနက်က ကိစ္စကြောင့် Jiminအားတွေဝေမိစေသည်။သူကိုယ်တိုင်လဲ JungKook အားချစ်နေသည်လားဆိုတာ သေချာမပြောတတ်။

'Jimin ပြန်ပြောအုံးလေ'

'ဗျာ....ဟုတ်'

'ဟုတ်လို့ဖြေခိုင်းတာမဟုတ်ဘူးလေ'

'ဟို ကျွန်တော်......'

'ကဲပါ....ငိုထားတာ ပင်ပန်းနေပြီမလား.....လာ လန်းသွားအောင် ရေချိုးပြီး ညစာသွားစားမယ်'

'ဟုတ် ကျွန်တော် သွားချိုးလိုက်အုံးမယ်'

ရေတူတူထပ်ချိုးရမည်ဆိုး၍ Jimin ရေချိုးခန်းထဲ အမြန်ပြေးခဲ့လိုက်သည်။ရေမြန်မြန်ချိုးပြီး အခန်းထဲမှအထွက် ​ရှေ့တွင် ပိတ်နေသော အရာကြောင့် Jimin နောက်ပြန်လန်မလိုဖစ်သွားသည်။

'အမေ့.......'

တိုက်မိသောအရှိန်ကြောင့် နောက်ပြန်လန်ကျမလိုဖစ်သော်လည်း ခါးအား သိုင်းဖက်ကာ ထိန်းထားသောလက်တစ်စုံကြောင့် အရှိန်ပြန်ထိန်းလိုက်နိုင်သည်။နောက်လန်ကျပြီထင်၍ မျက်စိစုံမိတ်ကာ နေနေရင်း
သိုင်းဖက်လာသော လက်ကြောင့် Jimin မျက်လုံးဖွင့်ကြည့်လိုက်သည်။မျက်နှာနားသို့ တဖြည်းဖြည်း တိုးကပ်လာသော JungKook အား မြင်၍ လန့်ကာတွန်းထုတ်လိုက်သည်။

My KingWhere stories live. Discover now