My King (အပိုင်း 16)

10.7K 789 33
                                    


ကြည်လင်နေသော ကောင်းကင်ယံ၌ အရမ်းမပြင်းသော နေရောင်ခြည်ဖြင့် အလွန်ပင်ကြည့်ကောင်းလို့နေသည်။အိပ်မပျော်သော ညများစွာများထဲမှ ဒီနေ့တော့ အတော်ပင်အိပ်ကောင်းလွန်းနေလေသည်။လူတိုင်းလိုပါပဲ အလုပ်လုပ်ရတော့မည်ဆို အရမ်းပင် အိပ်လို့ကောင်းလှသည်။ချီးပဲ.......ဒီနေ့အလုပ်စဆင်းရမှာ.....

Jimin တစ်ယောက်အအိပ်ကောင်းလွန်းနေသဖြင့် မနက် ၇နာရီပင်ကျော်နေလေပြီ။အလုပ်သွားရမှာမို့ ကုတင်ပေါ်မှ ကုန်းရုန်းကာ အမြန်ထလိုက်တာကြောင့် ခြေချော်ကာ လဲကျလေသည်။

'ဘုန်း.......'

'အ....'

ခြေထောက်နာသွားတာကြောင့် အော်ညည်းမိရင်း.....

'Ji ဘယ်လိုဖစ်တာလဲ။ဂရုလဲမစိုက်ဘူး Ji ရာ။ခြေထောက်အရမ်းနာသွားလား'

Taehyung စိတ်ပူနေမည့်ပုံအား ပြန်မြင်ယောင်မိကာ မျက်ရည်ကျမိပြန်လေသည်။

'မင်းမရှိပဲ ငါအဆင်မပြေဘူး Tae'

စိတ်ထဲတွင် ရေရွတ်လိုက်ကာ ပထမဆုံးအလုပ်ဆင်းရက်အား မနောက်ကျချင်တာကြောင့် မြန်မြန်ပြင်ဆင်ကာ ထွက်လာခဲ့လိုက်သည်။

ဆိုင်ရှေ့သို့အရောက် ခြေလှမ်းအားရပ်တန့်ကာ ဆိုင်းဘုတ်အား ဖတ်ကြည့်မိလေသည်။

'Paradise'

ခြေလှမ်းများအား ပြန်စတင်လိုက်ကာ ဆိုင်ထဲသို့ဝင်သွားလေသည်။ဆိုင်ထဲဝင်ဝင်ချင်းရမိသော အနံ့......

Jimin အသက်ရှုဖို့ပင်မေ့လျော့ကာ ဆိုင်ဝင်ပေါက်ဝတွင် ရပ်နေမိလေသည်။မှန်ပါသည်...ဒီအနံ့ JungKook စီကရနေကျ ချိုအီသော အနံ့လေ........
ထိုအနံ့လေးမရသည်မှာ အချိန်အတော်ပင်ကြာနေလေပြီ....စိတ်ထဲတွေးနေရင်း ရုတ်တရက်တွေးမိသည်က

'JungKook ရှိနေတာလား.....'

မဖစ်နိုင်ပေ။ဆိုင်က ဒီနေ့မ​ှ ဖွင့်မည်ပေ။ဒါဆို ဒီအနံ့က ဘယ်ကရနေသည်လဲ။တစ်ယောက်ထဲ အတွေးများနှင့် ကြောင်ကာ ရပ်နေစဥ်....

'ဟို ဒီက အကို ဘာများကူညီပေးရမလဲခဗျ'

ကောင်လေးတစ်ယောက်၏ အပြောကြောင့် Jimin အတွေးလွန်ရာမှ အသိပြန်ဝင်ကာ

My KingWhere stories live. Discover now