My King (အပိုင်း 15)

10.8K 802 39
                                    


မိုးဦးရာသီကုန်လွန်လို့ ဆောင်းရာသီသို့ဝင်လာချေပြီ။
Taehyung ခွဲစိတ်ရန်အတွက် လိုအပ်သည့် visaသက်တမ်းတိုးရန်၊ဆေးရုံတွင် nurse နှင့်သေချာဂရုစိုက်နိုင်ရန် စီစဥ်နေရလေသည်။visa ကိစ္စက Taehyungအမေလုပ်ပေးနေတာကြောင့် ဆေးရုံတွင်
လိုအပ်သည်များကိုသာ Jimin စီစဥ်နေတော့သည်။

'Tae...'

'omm Ji lay'

'Tae ခွဲစိတ်ပြီးတဲ့အထိ ငါနေပေးမှာမို့လို့ မကြောက်နဲ့နော်'

ထိုစကားကြောင့် Taehyung ပြုံးမိသည်။ဒီလူသားကြောင့်ပဲ ခွဲစိတ်မည့်ဆုံးဖြတ်ချက်ချခဲ့တာပင်။ကျွန်တော့်မှာ လွန်ခဲ့တဲ့ 1နှစ်လောက်ထဲက ဦးနှောက်ထဲတွင် အကျိတ်ဖစ်ခဲ့တယ်။ခွဲစိတ်ရင် အောင်မြင်မဲ့ရာခိုင်နှုန်းက 50-50 မို့ ခွဲစိတ်ဖို့ကိုခေါင်းရှောင်နေခဲ့မိတယ်။ကျွန်တော်နဲ့အမေ စကားပြောနေတာတွေကို Jimin ကြားသွားပြီး ခုလိုထိစီစဥ်ထားတာတဲ့လေ။ဘယ်လောက်တောင် ကျွန်တော့်အပေါ်နွေးထွေးပေးလိုက်လဲ။ဒါကြောင့်လဲ ဒီပေါက်စကို ဘာအရောင်အစွန်းမှ မပါတဲ့ အချစ်နဲ့ချစ်ခဲ့တယ်။ပိုင်ဆိုင်ချင်ခဲ့တယ်။ကျွန်တော် ဘက်ကလွန်တယ်ဆိုရင်တောင် ပြန်နိုးလာမလားမသေချာတော့တဲ့ အချိန်မတိုင်ခင်ထိတော့ ပိုင်ဆိုင်ပါရစေ.......

'အင်းပါ Ji ရဲ့။ကိုယ်မကြောက်ပါဘူး။ဒါပေမယ့် Ji ကိုစိတ်မချဘူးကွာ။ဒီမှာ သိတဲ့သူလဲ သိပ်ရှိသေးတာမဟုတ်ပဲနဲ့။အဲ့အလုပ်မလုပ်ပါနဲ့လား။'

'Tae ကလဲ ဒီမှာနေတာလဲ ကြာနေပြီ။ပြီးတော့ Taeရဲ့ဆေးရုံစရိတ်အတွက်လဲ Tae အမေက အကုန်ကျခံထားရတာ။Ji အတွက်ထပ်မကုန်စေချင်တော့ဘူး'

'ဟူး.......'

'Tae ကလဲ ဘာမှစိတ်မပူပါနဲ့။Tae ခွဲစိတ်တာအောင်မြင်ပြီး ပြန်နိုးလာတဲ့ချိန်ကျ Ji က ဒီမှာ ဆိုင်ပိုင်ရှင်တွေဘာတွေဖစ်နေမှာ ဟဲ....ဟဲ'

Taehyung လဲ ပေါက်စပြောနေသည့်ပုံကိုအသည်းယားတာကြောင့် နဖူးအား မနာအောင် ဖြည်းဖြည်းတောက်လိုက်ရင်း.....

'ဟုတ်ပါပြီ သူဌေးရယ် ကို့ကိုစိတ်ပူအောင်မလုပ်ရဘူးနော် ပြီးတော့.....'

ဆက်မပြောပဲ သူ့အားစိုက်ကြည့်နေတာကြောင့် Jimin မေးဆပ်ပြကာ ပြန်မေးလိုက်သည်။

My KingWhere stories live. Discover now