My King (အပိုင်း ၁၀)

14K 936 51
                                    


'ပြောပါအုံး.....ကိုယ်နဲ့ဘာများရှင်းမို့'

Jimin ဘေးတွင်ဝင်ထိုင်ပြီး မေးဆပ်ပြကာမေးလိုက်လေသည်။

'ခင်ဗျား....ဟိုအိမ်မှာ ကျွန်တော့်ကိုဘယ်လိုပြောလဲ'

'ဒီတိုင်းပဲ ပြောတာလေ။ကိုယ်တစ်ခါမှ မအော်မိပါဘူး'

'အဲ့တာကိုပြောနေတာမဟုတ်ဘူး။ခင်​ဗျား ကျွန်တော့်ကို ဘာလုပ်ခဲ့တာကို ပြောတာ'

'ကိုယ်မင်းနဲ့တူတူနေတာကိုပြောတာလား။အဲ့တာလဲ မင်းဘက်ကစ တောင်းဆိုလို့လေ'

'Jeon JungKook.....ခင်ဗျား.......'

'ဟွန် ဘာလို့အော်နေတာတုံး.....ပေါက်စရဲ့။မဟုတ်လို့လား'

'ခင်​ဗျား ကျွန်တော့်ကိုခိုးသွားတာကိုပြောတာ။အဲ့တာမဟုတ်ဘူး'

ထိုနေ့က ကိစ္စအားပြန်စဥ်းစားမိရင်း ရှက်လာတာကြောင့် ပါးနှစ်ဖက်က နီစပြုလာခဲ့သည်။

'aww....ကိုယ်က ဟိုဟာလုပ်တဲ့ကိစ္စကိုပြောတယ်ထင်နေတာ'

'မဟုတ်ဘူး'

'ကိုယ် မင်းကိုခိုးပြေးတာ ဘာဖစ်လို့လဲ'

'ခင်​ဗျား ကျွန်တော့်ကိုပြောတော့ ခိုးလာတာဆိုပြီးပြောတာလေ။ဒါပေမယ့် Tae ပြောတော့ ခင်​ဗျား အိမ်မှာ လူမရှိလို့ ကျွန်တော့်ကိုခေါ်သွားတာဆို'

'ဟုတ်တယ်လေ။ကိုယ့်စိတ်အရဆို မင်းကို ခိုးလာတာ။ဒါပေမယ့် momက မင်းအတွက်စဥ်းစားပေးသင့်တယ်လို့ပြောတယ်။မင်းက ကျောင်းလဲမပြီးသေးဘူးလေ။အဲ့တော့ မင်းသာခိုးရာလိုက်သွားတယ်ဆို မင်းမိဘတွေလဲ မျက်နှာပျက်ရမယ် မင်းအတွက်လဲမကောင်းဘူး။အဲ့တာကြောင့် mom ကအဲ့လိုပြောခိုင်းလို့...မင်းအတွက်အဲ့လိုပြောလိုက်တာ'

'ဒါပေမယ့်....ကျွန်တော်က.....'

နှုတ်ခမ်းထော်ကာ မျက်လွှာချရင်း ပြောလာတာကြောင့် JungKook အသည်းယားစွာ မျက်နှာအားမော့စေပြီး.....

'ကျွန်တော်က ဘာဖစ်လဲ.......'

'ကျွန်တော်က ခင်​ဗျား ခိုးလာပြီး တာဝန်မယူပဲ အိမ်ပြန်ပို့မှာစိုးလို့ ကျွန်တော့်.....'

My KingWhere stories live. Discover now