My King (အပိုင်း 13)

10.9K 820 27
                                    


အချိန်သုံးလပြည့်သည်အထိ မပြန်လာသေးတာကြောင့် Jimin အတော်ပင်ဒေါသထွက်မိသည်။ဒေါသထွက်ရုံပဲလားဆို မကပေ JungKookအား မမြင်ချင် လောက်အောင် မုန်းမိသည်။သူ့ဆုံးဖြတ်ချက်မှန်ပေ သည်ပြန်မလာတော့သောသူအား မျှော်နေမည့်အစား Taehyungနားတွင် နေပေးသည်မှာ မှန်ကန်ခဲ့လေပြီ။

'Ji ကျောင်းပြီးရင် ခရီးသွားမယ်ဆို။အဲ့တာမသွားသေးဘူးလား...'

'Tae ကသွားချင်နေပြီလား'

'မဟုတ်ပါဘူး။ခရီးသွားပြီးရင် Ji ဆန္ဒတခုလိုက်လျောပေးစရာရှိတယ်လေ။အဲ့တာမြန်မြန်သိချင်နေလို့'

'အွန်းပါ Ji သွားခါနီးကျ ကြိုပြောမယ်လေနော်'

'Ji ကဘယ်ကိုသွားချင်တာလဲ'

'UK ကို'

'ဟင်.....'

Jiminစကားကြောင့် Taehyungကြောင်သွားမိသည်။သူတို့နှစ်ယောက်စလုံး ပြည်တွင်းခရီးကလွဲလျင် ပြည်ပခရီးတစ်ခါမှမသွားဖူးပေ။ပထမဆုံးနိုင်ငံခြားခရီးစဉ်ဖစ်တာကြောင့် Taehyung စိတ်လှုပ်ရှားမိသည်မှာတော့ အမှန်ပင်။

'Tae က မသွားချင်လို့လား'

'မ....မဟုတ်ပါဘူး Jiရဲ့။ကိုက Ji နဲ့ဆိုဘယ်ဖစ်ဖစ်သွားချင်တယ်'

လေးထောင့်ဆန်သော ချစ်စဖွယ်အပြုံးဖြင့် ပြုံးနေသော လူသားအားကြည့်ကာ Jiminလဲလိုက်ပြုံးမိသည်။JungKook မရှိသည့်နောက်ပိုင်း သူ့အနားတွင် အမြဲရှိပေးနေသည်မှာ Taehyungပင်။Min hyungနှင့်တစ်ခါတစ်လေ တွေ့ဖစ်သော်လည်း Taehyungမကြိုက်တာကြောင့် သိပ်မတွေ့ဖစ်တော့ပေ။Taehyungက သူ့အတွက်ပိုအရေးကြီးသည်မဟုတ်လား။

'JungKook shi.....'

ချွဲပြစ်စွာဖြင့် မိမိနာမည်အားခေါ်သံကြားမိသည်နှင့် မျက်နှာပျက်သွားသော JungKook.......

'ဂင်သူဌေး.....လာပါခင်ဗျ'

'JungKook ကလဲ ကိုယ့်ကို ဒီတိုင်းနာမည်ပဲခေါ်ပါဆို သိတာပဲနှစ်လလောက်ရှိပြီ စိမ်းကားတုံးလား'

'ဟုတ် ယူနာ'

'JungKook တို့ company အခြေအနေက တဖြည်းဖြည်းကောင်းလာနေပါပြီ နောက်သုံးလလောက်ဆို အရင်လို ပြန်ဖစ်လာတော့မှာပါ'

My KingWhere stories live. Discover now