My King (အပိုင်း 24)

9.9K 694 21
                                    

Taehyung ပြန်နိုးလာပြီမို့ Jimin အရမ်းပျော်နေမိသည်။ဒါပေမယ့် မျက်နှာကတော့ မပြုံးနိုင်ပေ။
အခန်းထဲ စရောက်ထဲက JungKook ရင်ခွင်ထဲတွင်သာ Taehyung က နေနေတာမို့ ခုထိ စကားမပြောရသေးချေ။

'Ji လေး အန်တီတို့ ဆရာဝန်နဲ့သွားစကားပြောရအောင်'

Jimin အခန်းပြင်လိုက်ထွက်မို့ ပြင်တော့ JungKook  ရင်ခွင်ထဲတွင် နေနေသော Taehyung အား တွန်းဖယ်ကာ ထလိုက်လေသည်။

'Jimin ကိုယ်လဲ လိုက်မယ်'

'JungKook အမေတို့သွားပါစေ ငါ မင်းနားမှာ နေရတာ မဝသေးဘူး။ ခုမ ငါပြန်နိုးလာတာကို မင်း မပျော်လို့လားဟင်'

JungKook အား နူးညံ့နွေးထွေးလွန်းတဲ့ အကြည့်တွေနဲ့ မထွက်သွားဖို့ သနားခံနေတဲ့ Taehyung ကို ကြည့်ကာ Jimin မခံစားနိုင်တော့။

'JungKook က Taehyung နဲ့နေခဲ့လိုက်ပါ။ကျွန်တော်နဲ့ အန်တီသွားရင် ရပါတယ်'

'Jimin......'

'ကျွန်တော် ပြောတာ နားထောင်ပေးပါလား'

'ကောင်းပြီ'

JungKook သဘောတူလိုက်ပြီမို့ Taehyung အမေနဲ့အတူ ဆရာဝန်စီသွားရန် ထွက်လာခဲ့လိုက်သည်။

'ဒေါက်.......ဒေါက်'

'aww လာခဲ့ပါ'

'Doctor သားလေးက ဘယ်လိုဖစ်တာလဲဟင်.....သူက ခု လူတွေ မှားနေတယ်ထင်တယ်.....'

'ဟုတ်ကဲ့....ဒီ case က ရှားပါးတဲ့ case ပဲ​ဗျ။ကျွန်တော်တို့ ပုံမှန် ဦးနှောက်ခွဲစိတ်ရာက ပြန်နိုးလာရင် အတိတ်မေ့တတ်တာ ရှိပေမယ့် ခု လူနာက အတိတ်မေ့တာ မဟုတ်ပဲ လူချင်း မှားပြီး ဦးနှောက်က မှတ်မိနေတာပေါ့နော်'

'ဟုတ်ကဲ့'

'ဒါက မှတ်ဉာဏ်မှားယွင်းခြင်း ဖြစ်စဥ်ပါ။သူက အတိတ်မေ့တာမျိုးမဟုတ်ပဲ ကိုအရမ်းချစ်ပေမယ့် မပိုင်ဆိုင်နိုင်တဲ့သူ၊ကို့အနားအမြဲခေါ်ထားချင်ပေမယ့် မခေါ်ထားနိုင်တဲ့သူ၊ကို့စိတ်ထဲမှာ အမြဲရှိပေမယ့် ထုတ်ဖော်ပြလို့မရတဲ့သူ..... အဲ့တာတွေကြောင့် လူက အရမ်းခံစားပြီးနေနေရတာမို့ ဦး နှောက်က အဲ့လူအစား ကို့အနားမှာ ထပ်ရှိနေတဲ့သူကို ကိုယ် ချစ်တဲ့သူအဖြစ် ပြောင်းပြီးမှတ်သွားတတ်တာမျိုးပါ'

My KingWhere stories live. Discover now