My King (အပိုင်း 17)

10.6K 811 30
                                    


အိပ်ရန်ကြံစည်ကာ မျက်လုံးများမှိတ်ရုံရှိသေး.....ဝင်လာသော အဖျက်သမား Jeon JungKook

'Jimin ရော......'

'ကျစ်....ရောက်ပြီလား'

'အင်း...ခုပဲ ဘယ်မှာလဲ Jimin'

ဘယ်လိုပင် လင်တရူး အဲ အချစ်ရူးတယ်ပြောပြော ရောက်လာသည်နှင့် Jimin Jiminနှင့် တနေတာကြောင့် Yoongi အမြင်ကပ်စွာဖြင့်....

'Jimin အလုပ်မဆင်းတော့ဘူးတဲ့'

'ဟမ်....hyung ဘာလို့လဲ......သိသွားလို့လား'

'ဟုတ်တယ်....မင်းကိုမတွေ့ချင်လို့တဲ့ မလုပ်တော့ဘူးပြောတယ်'

Yoongi စကားကြားသည်နှင့် ထိုင်ခုံပေါ်သို့ ပစ်လဲကျသွားသော JungKook ကိုကြည့်ကာ Yoongi သက်ပြင်းချမိလေသည်။

'ဟူး.....တကယ်ကို မင်းအတွက်ဆေးမရှိတော့တာပဲ'

'.....'

'မင်း အရှေ့မှာမတွေ့ခဲ့ဘူးလား'

'အလုပ်သမားတွေလား...တွေ့ခဲ့တယ်'

'Jimin ကိုပြောတာ'

'omm...ဟမ် Jimin'

'အင်းလေ ​ရှေ့မှာ မရှိဘူးလား...စောနကတောင် မင်းအတွက် မုန့်သွားပြင်ဆင်မယ်ဆိုပြီး လုပ်နေတာ'

'hyung hyung အာ့ဆို Jimin ရှိတယ်ပေါ့'

'အင်း.....လာ...ငါလိုက်မိတ်ဆက်ပေးမယ်'

'omm😊'

ချက်ချင်းပင် မျက်နှာမှာ အရောင်ပြောင်းကာ ပြုံးလာလေသည်။

'JungKook က ပုတ်သင်ညိုများလား.....မျက်နှာအရောင်က ခနခနပြောင်းနေတာပဲ'

စိတ်ထဲတွင် ရေရွတ်ရင်း ​ရှေ့မှဦးဆောင်ကာ ထွက်လာလေသည်။အရှေ့ရောက်တော့ Jimin ကိုမတွေ့တာကြောင့် ဝန်ထမ်းတစ်ယောက်အားမေးလိုက်လေသည်။

'Jimin ကော...'

'ဟို Toilet ထဲဝင်သွားတာတွေ့လိုက်တယ် Min သူဌေး'

ဝန်ထမ်းကောင်လေးစကားကြောင့် JungKook Toilet သို့သွားရန် ခြေလှမ်းလိုက်သည်။

'ဘယ်သွားမို့'

'Jimin လေးစီ'

Yoongi အား မျက်စပစ်ပြကာ Toilet ထဲသို့ဝင်သွားသော JungKook ကြောင့် ဘာမှပင်မပြောနိုင်တော့ပေ။

My KingWhere stories live. Discover now