10💕

769 134 28
                                    

မနေ့ညကတွေ့ခဲ့ရတဲ့ ယွန်းဂီနဲ့ ရိုနာအကြောင်းကို ဂျီအာ့ကိုပြန်ပြီးပြောပြလိုက်သည်။ သူကသာ ဒေါသတွေထွက်နေပေမယ့် ဂျီအာ့ကိုကြည့်ရတာတော့ ခပ်အေးအေးပင်။ လက်သည်းနီဆိုးတာကိုပဲ အာရုံစိုက်နေပြီး သူပြောတဲ့စကားတွေကိုကြားပုံမရပေ။

"ဂျီအာ..... ငါပြောတာရော ကြားရဲ့လား"

"ကြားပါတယ်ဟ...."

"နင်ဘယ်လိုမှမခံစားရဘူးလား..... ယွန်းဂီနဲ့ ရိုနာ အရင်ကအချစ်တွေပြန်နိုးထလာရင်ဘယ်လိုလုပ်မလဲ...."

"ဘာလို့ခံစားရမှာလဲဟ.... ငါမှသူ့ကိုမချစ်တာ ပြီးတော့ သူတို့နှစ်ယောက်အချစ်တွေပြန်နိုးထပြီးယူသွားရင်လည်း ကောင်းတာပဲ.... ငါအေးအေးဆေးဆေးနေရတာပေါ့ ငါကသူနဲ့ယူပြီးရင် ဇိမ်လေးနဲ့သူဌေးကတော်လုပ်မလားလို့တွေးပြီး ပြန်ရောက်လာတာ....ဒီလိုဖြစ်မှန်းသိရင်ပြန်မလာပါဘူး...အခုတော့ ငါအပြင်သွားစရာရှိလို့ သွားပြင်လိုက်ဦးမယ်"

သူကသာ စိတ်ဆိုးဒေါသထွက်နေသလောက် ဂျီအာကတော့ ဂရုတောင်မစိုက်ပေ။ ဂျီအာပြောတာလည်းမှန်ပေသည်။ အချစ်မပါပဲ မိဘချင်းသဘောတူ၍သာ ယူခဲ့ရတာကြောင့် ယွန်းဂီ ဘာပဲဖြစ်နေဖြစ်နေ ဂျီအာအဖက်လုပ်မှာမဟုတ်ပေ။ သူကသာ မဆီမဆိုင်ဒေါသထွက်နေမိခြင်းဖြစ်သည်။

ယွန်းဂီက ကိုယ့်အစ်မကိုပစ်ပြီး တခြားမိန်းကလေးတစ်ယောက်ကိုချစ်မိသွားမှာစိုးတာကြောင့် စိတ်ပူပြီး ဒေါသထွက်နေရခြင်းဖြစ်သည်။ကာယကံရှင် ကိုယ်တိုင်က ဂရုမစိုက်ဘူးဆိုတော့ သူလည်း မသိချင်ယောင်သာဆောင်နေလိုက်တော့မည်။
ထိုအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ယွန်းဂီရဲ့ဖုန်း ဝင်လာလေသည်။

"ဟဲလို...."

"ဂျီမင် ကိုယ်အရေးကြီးတဲ့ဖိုင်တစ်ခုကျန်ခဲ့လို့.... အခုချက်ချင်းလာပို့ပေးနိုင်မလား...."

"ဟုတ်ကဲ့ ကျွန်တော်အခုချက်ချင်းလာပို့ပေးပါ့မယ်...."

"ကိုယ့်စားပွဲပေါ်မှာတင်ထားတဲ့ အနီရောင်ဖိုင်လေးနော် အမြန်လေးလာပို့ပေး...."

ယွန်းဂီ ဖုန်းချသွားတာနဲ့ ဂျီမင် ယွန်းဂီရဲ့အခန်းထဲဝင်ပြီး ဖိုင်ကိုယူလိုက်သည်။
တစ်ယောက်တည်းနေပေမယ့်လည်း ယွန်းဂီရဲ့အခန်းလေးကရှင်းလင်းနေသည်။

PROMISE ME|| 윤민 [Completed]Where stories live. Discover now