11💕

752 137 21
                                    

အနည်းငယ်ရှည်စပြုနေသည့် မုတ်ဆိတ်မွှေးတွေကို မုတ်ဆိတ်ရိတ်ဓားနဲ့ အသာရိတ်လိုက်သည်။ ဒီရက်ပိုင်းအတွင်း သောကရောက်စရာတွေများနေတာကြောင့် မုတ်ဆိတ်တောင်မရိတ်မိခဲ့ပေ။ ဒီနေ့တော့ အလုပ်လည်း ပိတ်တာကြောင့် သေချာအချိန်ယူပြီး မုတ်ဆိတ်ရိတ်ဖြစ်ခြင်းဖြစ်သည်။

ဓားထိမှာစိုးလို့ ဂရုစိုက်ပြီးရိတ်နေကာမှ ရုတ်တရက်မြည်လာတဲ့ဖုန်းသံကြောင့် လန့်သွားပြီး အနည်းငယ်ရှသွားလေသည်။ ဖုန်းကိုကြည့်လိုက်တော့ ရိုနာဖြစ်နေတာကြောင့် အမ်ြကိုင်လိုက်ရသည်။

"ဟဲလို....."

"ယွန်းဂီရေ နင်ဒီနေ့အားလား...."

"အားတယ်လေ.... ဘာလို့လဲ"


"ညနေကျရင် အဖေနဲ့အမေက ငါ့အတွက်ကြိုဆိုပွဲလုပ်ပေးမလို့တဲ့... အဲ့တာ နင်နဲ့နင့်အမျိုးသမီးနဲ့အတူလာခဲ့ကြလေ.... မနေ့ကတွေ့ခဲ့တဲ့ နင့်ယောက်ဖနဲ့ အတွင်းရေးမှူးကိုပါခေါ်ခဲ့လိုက်.... လာမယ့်ဧည့်သည်တွေထဲမှာ ငါ့သူငယ်ချင်းတွေကနည်းနေလို့.... နော် နော်"


"အေးပါ လာခဲ့မယ်...."

"အိုကေ.... ငါ့ချစ်သူငယ်ချင်းလေး"


ရိုနာဖုန်းချသွားတော့ မျက်နှာအမြန်သစ်ပြီး ရှသွားတဲ့ဒဏ်ရာကိုဆေးထည့်ဖို့လုပ်ရလေသည်။ ဆေးသေတ္တာဘယ်နေရာမှာထားမှန်းမသိတာကြောင့် ဂျီမင်ကိုမေးဖို့စိတ်ကူးလိုက်သည်။

"ဂျီမင် ဆေးသေတ္တာလေးခနပေးပါလား...."


"ဟုတ် အကိုခနလေးနော်....."

အခန်းထဲမှာအဝတ်တွေမီးပူတိုက်နေတဲ့ ဂျီမင်က ချက်ချင်းပင် ဆေးသေတ္တာဘူးယူပေးလေသည်။

"ဒီမှာ အကို.....​နေမကောင်းလို့လား"

"မဟုတ်ဘူး..... နှုတ်ခမ်းမွှေးရိတ်ရင်းနည်းနည်းထိသွားလို့ ဆေးထည့်မလို့...."

"ကျွန်တော်ဆေးထည့်ပေးမယ်လေ...."

"ရတယ် မလိုဘူး....."

"လာပါ ကျွန်တော်ထည့်ပေးပါ့မယ်...."


ဆိုဖာပေါ်မှာအတင်းထိုင်ခိုင်းပြီး ဆေးထည့်ဖို့ပြင်နေတဲ့ ဂျီမင်ကြောင့် ယွန်းဂီ မထိုင်ချင်ပဲထိုင်လိုက်ရသည်။ ဆေးထည့်ပေးနေတဲ့ အချိန်အတွင်း သူနဲ့ဂျီမင် မျက်နှာချင်းဆိုင်ဖြစ်နေတာကြောင့် အကြည့်တွေကိုတခြားကို အာရုံလွှဲထားလိုက်ရသည်။

PROMISE ME|| 윤민 [Completed]Where stories live. Discover now