"ဂျီအာထွက်သွားတော့
ဘယ်လိုလုပ်ကြမလဲ ဂျယ်အွန်း....
ငါတော့ သေချင်တာပဲ...အဟင့်..""တော်ပါပြီဟာ ငိုနေလို့ပြီးတာမှမဟုတ်တာ...
ငါတို့အကောင်းဆုံးစီစဉ်ကြတာပေါ့...""ဘယ်လိုလုပ်မှာလဲ..
အဲ့ကောင်မလေးမှ မရှိတော့တာ..
နင့်သားကို ဘယ်သူနဲ့ပေးစားရမှာလဲ အဟင့်...
ကောင်မစုတ်လေး...မိဘတွေကို မျက်နှာပျက်အောင်လုပ်တဲ့ကောင်မစုတ်လေး..ဗြဲ..."အသက်ကြီးသော်လည်း ကလေးစိတ်မပျောက်သေးသော ဆိုရီတစ်ယောက် အကျယ်ကြီးအော်ငိုလျက်..။
ဂျယ်အွန်းမှာတော့
သူမနှင့်ဆန့်ကျင်ဘက်
အေးဆေးတည်ငြိမ်ကာ မည်သို့ဖြေရှင်းရမည်ကို
စဉ်းစားနေလျက်..။ဂျီမင်မှာတော့ မိခင်အားချော့ရမလို
အစ်မအားပြေးရှာရတော့မလိုနှင့်
တကယ်တမ်းကျတော့ ဖခင်ဆီကိုသာသွား၍ အသိပေးလိုက်တော့သည်..။တစ်ယောက်ပိုသိသွားလျှင် အကြံဥာဏ်တစ်ခုပိုရနိုင်သည်မဟုတ်လား..။
"Mr.Park,ဆိုရီ,ဂျီမင်...."
လူလေးယောက်သာ ရှိနေသော အခန်းအတွင်းတွင်
အေးဆေးတည်ငြိမ်သော မျက်နှာနှင့်
လူသုံးယောက်နာမည်ကိုအသေအချာခေါ်ကာ
သူ့အားအာရုံစိုက်စေလိုက်သော ဂျယ်အွန်း..။"အင်း ပြော ဘာအကြံရပြီလဲ
မြန်မြန်ပြောစမ်းပါ...
ငါရင်တုန်လို့..."ဆိုရီမှစိတ်မရှည်စွာဖြင့် တည်ငြိမ်လွန်းလှသော ဂျယ်အွန်းအား မေးလိုက်တော့သည်..။
"ဂျီမင်....သားလေး...
အန်တီ့သား ယွန်းဂီကိုလက်ထပ်ပေးပါ...""ဗျာ...."
"ဟင်..."
"ဘယ်လို..."
သားအမိသားအဖ ၃ယောက်ထံမှ အာမေဋိတ်အသံများပြိုင်တူထွက်လာလျက်..။
"ဆိုရီရော Mr.Park ရော ငါတောင်းဆိုပါတယ်...
ဒီမင်္ဂလာပွဲက ငါ့သားအတွက်အရေးကြီးတယ်...
သားက အရမ်းမာနလဲရှိတယ် အရှက်အကြောက်လဲကြီးတယ်..
ဒီမင်္ဂလာပွဲသာ ပျက်သွားရင် သူရှက်လို့သေလိမ့်မယ်...
သားကလဲ ဂျီအာကိုမှ မမြင်ဖူးတာ...
ဂျီမင်ကိုဂျီအာ့အစား... "
YOU ARE READING
PROMISE ME|| 윤민 [Completed]
Fanfictionငါ့ကိုလိမ်ညာခဲ့တဲ့အတွက် မင်းအမြဲတမ်းနာကျင်ခံစားစေရမယ် မရည်ရွယ်ပဲနဲ့ မှားခဲ့တဲ့အမှားတွေအတွက် ကျွန်တော်တောင်းပန်ပါတယ် ဒါပေမယ့် ကျွန်တော် အကို့ကိုသိပ်ချစ်တယ်