19 💕

621 123 27
                                    

[ Zawgyi ]

ဆားဓာတ်ပါတဲ့ ပင်လယ်လေကို အဆုတ်ထဲအထိပြည့်နေအောင်ရှူသွင်းလိုက်သည်။ ပြန်ထုတ်လိုက်တဲ့ ထွက်လေတွေထဲမှာတော့ သူ့ရဲ့စိတ်ဆင်းရဲစရာ သောကရောက်စရာတွေပါသွားရင်သိပ်​ကောင်းမှာပဲလို့ တွေးမိသည်။

တသွဲ့သွဲ့တိုက်ခတ်နေတဲ့ လေပြေတွေ လှိုင်းပုတ်သံတွေ ပင်လယ်စင်ရော်တွေတဲ့အော်သံတွေနဲ့ပြည့်နှက်နေတဲ့ ဒီကမ်းခြေလေးက သူ့ကိုခနတာတော့ စိတ်အေးချမ်းမှုကိုပေးစွမ်းလေသည်။ ဒီနေ့နဲ့ဆို သူဒီကိုရောက်တာ ၃ရက်ရှိလေပြီ။

အိမ်ပြန်ရမယ့်ရက်နီးလာလေ အတွေးတွေပြည့်နှက်လေပါပဲ။ ယွန်းဂီ သူ့ကိုခွင့်ပေးလိုက်ကတည်းက အမေ့အမျိုးတွေရှိတာ ဒီဘူဆန်မြို့လေးကို သူရောက်လာခဲ့သည်။ ရောက်တဲ့နေကတည်းက ပင်လယ်ကမ်းစပ်ကိုလာပြီး လေညှင်းခံခဲ့သည်။

ပင်လယ်ရဲ့လေပြည်လေညှင်းလေးတွေက သူ့စိတ်ကိုအေးချမ်းစေခဲ့သည်။ ဂျပန်မှာဖြစ်ခဲ့ရတဲ့ကိစ္စတွေကို ခနတာမေ့ပျောက်နိုင်ခဲ့လေသည်။ ဒီကနေပြန်ရင်တော့ သူ့စိတ်တွေကို တည်ငြိမ်အောင်ထားနိုင်ဖို့ကြိုးစားရပေဦးမည်။

"အကို ဂျီမင်...."

သူ့နာမည်ကိုခေါ်သံကြားတာကြောင့် လှည့်ကြည့်မိလိုက်တော့ သူ့ညီဝမ်းကွဲလေး မင်ယောင်း ဖြစ်နေသည်။

"ညနေစာစားဖို့အကို့ကိုလာခေါ်တာ... ထင်သားပဲ အကိုဒီမှာပဲရှိမယ်လို့..."

"အကိုလည်း နေလို့ကောင်းတာနဲ့နေ နေလိုက်တာ... အချိန်တွေတောင်ဒီလောက်ဖြစ်သွားပြီပဲ..."

အခုမှသာ ပတ်ဝန်းကျင်ကိုသေချာကြည့်မိတော့ ကမ်းခြေမှာ သူတစ်ယောက်သာရှိတော့လေသည်။ နေဝင်သွားပြီးတော့ အမှောင်ရိပ်တွေတောင်သန်းလာနေလေပြီ။ မင်ယောင်းရဲ့ပုခုံးကို လှမ်းဖက်ပြီး အဒေါ်ဖြစ်သူရဲ့အိမ်ကိုပြန်လာခဲ့လိုက်သည်။

အဝေးမှာကျန်ခဲ့တဲ့ ပင်လယ်လှိုင်းသံလေးတွေက သူ့ကိုနှုတ်ဆက်နေသလားတောင် စိတ်ထဲကထင်မှတ်မိသည်။ ဒီမှာနေ နေတဲ့ ၃ရက်အတွင်း ပင်လယ်ကြီးကသူ့ကိုအဖော်ပြုပေးခဲ့တယ်မလား။

PROMISE ME|| 윤민 [Completed]Hikayelerin yaşadığı yer. Şimdi keşfedin