7💕U&Z

786 135 5
                                    

ထုံးစံအတိုင်းချွေးတစ်လုံးလုံးနှင့် မီးဖိုထဲမှာ အလုပ်ရှုပ်နေရသည်။ ဒီနေ့ အမေ သူငယ်ချင်းဟောင်းတွေ့ဆုံပွဲသွားတာကြောင့် ဂျီမင်တစ်ယောက်တည်း ကြဲနေရခြင်းဖြစ်သည်။ ယွန်းဂီ အိမ်ပြန်ရောက်ခါနီးချိန်ဖြစ်တာကြောင့် အသဲအသန်ချက်ပြုတ်နေချိန်မှာပဲ အိမ်ရှေ့က အသံကြားလိုက်ရတာကြောင့် ယွန်းဂီပြန်ရောက်လာပုံရသည်။ မီးဖို မီးကိုပိတ်ကာ အိမ်ရှေ့ထွက်ပြီး ယွန်းဂီကိုကြိုလိုက်သည်။

တကယ်တမ်းကြတော့ အိမ်ပြန်ရောက်လာသူမှာ ယွန်းဂီမဟုတ်ခဲ့ချေ။သူ နေ့တိုင်းမျှော်နေခဲ့သည့် သူ့အမ ဂျီအာဖြစ်နေခဲ့သည်။

"ဟဲလို.... ငါ့မောင်လေး ဘယ်လိုတွေဖြစ်နေတာတုန်း..."

ဂျီမင်ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ပြောလာ​သော ဂျီအာ့စကားကြောင့် ဂျီမင်ဒေါသထွက်သွားခဲ့လေသည်။

"ဘယ်လိုဖြစ်နေတာတုန်း ဟုတ်လား.... နင်ရှာခဲ့တဲ့ ပြသာနာကြောင့်လေ ငါဘယ်လောက် ဒုက္ခရောက်ခဲ့ရလဲနင်သိလား.... ငါ့မှာ လူရောစိတ်ရော ဆင်းရဲခဲ့ရတာ ငါလေဖြစ်နိုင်ရင် နင့်ကိုလည်ပင်းပါ ညှစ်သတ်ချင်စိတ်ပေါက်နေတာ...."

"စိတ်လျှော့ပါ ငါ့မောင်ရယ်... နင်အခုအေးဆေးနေလို့ရပါပြီ ငါ ငါ့နေရာကိုပြန်ယူဖို့ ပြန်လာခဲ့တာ.... ဒါနဲ့ယွန်းဂီရော"

"ဒီအချိန် အိမ်မှာဘယ်လိုလုပ်ရှိမှာလဲ.... အလုပ်မှာပေါ့ ပြန်လာချိန်တော့နီးနေပါပြီ ဒါနဲ့ နင်ကဘာကိစ္စထွက်ပြေးသွားပြီး အခုမှပြန်ပေါ်လာရတာလဲ"

"အစကတော့ ငါနဲ့သိလည်းမသိ မြင်လဲမမြင်ဖူးတဲ့ လူတစ်ယောက်နဲ့ လက်မထပ်ချင်လို့ ထွက်ပြေးခဲ့တာ.... ဒါပေမယ့် ငါသေချာစဉ်းစားကြည့်တယ်လေ ယွန်းဂီက အရာရာမှာပြီးပြည့်စုံတဲ့သူတစ်ယောက် အဲ့လိုလူကိုငါ လက်မခံနိုင်စရာအကြောင်းမရှိဘူးဆိုတာ သိလိုက်ရတယ်... အဲ့တာကြောင့် ငါပြန်လာခဲ့တာ... "

ဖြစ်ခဲ့တဲ့ကိစ္စတွေကအရေးမကြီးသလို သူ,မမှားခဲ့သလို ပေါ့ပေါ့ပါးပါးနှင့် ပြောနေသည့် ဂျီအာ့ဟာ သူ့အမဆိုပေမယ့် ဂျီမင်စိတ်ထဲမှာ တော်တော်ချဉ်မိသွားသည်။

PROMISE ME|| 윤민 [Completed]Where stories live. Discover now