18💕

642 125 33
                                    

"မနက်ဖြန် ပြန်ဖို့ လေယာဉ်လက်မှတ်ဖြတ်ထားလိုက်ပါပြီ သူဌေး...."

"အင်း.... အခုကတည်းကအဆင်သင့်ပြင်ထားလိုက်.... ခနနေ Kelvin လာလိမ့်မယ် ငါတို့ကို လိုက်ဧည့်ခံမလို့တဲ့... သူတစ်ယောက်တည်းလာမှာဆိုတော့ ပေါ့ပေါ့ပါးပါးပဲဝတ်ခဲ့...."

Kelvin ဆိုတာ အခု ယွန်းဂီ နဲ့လုပ်ငန်းစပ်တူလုပ်တဲ့ တစ်ဖက်ကုမ္ပဏီက သူဌေးဖြစ်သည်။ ယွန်းဂီ နိုင်ငံခြားမှာကျောင်းတက်ခဲ့စဉ်က သူငယ်ချင်းတွေဖြစ်ခဲ့ကြသည်။ အခုတော့ လုပ်ငန်းတူ ပါတနာတွေဖြစ်သွားကြရသည်။

"ဟုတ်ကဲ့ သူဌေး...."

ဂျီမင်အခန်းကို ပြန်ပြီးအဝတ်အစားတွေသိမ်းနေလိုက်သည်။ ပြောရရင်တော့ဘယ်ကိုမှမလိုက်ပဲ အခန်းထဲမှာပဲ နားနေချင်သည်။ ဒါပေမယ့်လည်း ယွန်းဂီ စိတ်ဆိုးသွားမှာစိုးတာကြောင့် အထုတ်တွေသိမ်းပြီးတာနဲ့ ရေချိုးပြီး ပြင်ဆင်ထားလိုက်သည်။

အဝတ်အစားလဲပြီး ဖုန်းသုံးနေချိန်မှာပဲ အခန်းတံခါးသံကြားတာကြောင့် ထဖွင့်ကြည့်လိုက်တော့ ယွန်းဂီဖြစ်နေလေသည်။

" Kelvin အောက်မှာစောင့်နေပြီတဲ့ သွားကြတာပေါ့...."

ဆံပင်ကိုဖွထားပြီး ရှပ်အင်္ကျီအနက် ဘောင်းဘီအနက်ကိုဝတ်ထားတဲ့ ယွန်းဂီရဲ့ပုံက လူငယ်လေးတစ်ယောက်လို လန်းဆန်းနေလေသည်။ အမြဲတမ်း တည်တံ့တဲ့မျက်နှာထားရယ် အနောက်တိုင်းဝတ်စုံတွေကိုပဲ ဝတ်ဆင်တတ်တဲ့ ယွန်းဂီကိုကြည့်လိုက်ရင် ရင့်ကျက်တည်ငြိမ်သူတစ်ယောက်လိုခံစားရလေသည်။ အခုလိုပုံစံလေးတစ်မျိုးပြောင်းလိုက်တော့လည်း ငယ်ရွယ်တဲ့ပုံပေါ်ပြီး ကြည့်ကောင်းလှလေသည်။

အနီးကပ်လျှောက်ရင် သူ့ရင်ခုန်သံတွေကိုကြားသွားမှာ စိုးရိမ်မိတာကြောင့် ယွန်းဂီရဲ့ ခပ်ဝေးဝေးကနေသာနေလိုက်ရသည်။

"ယွန်းဂီ... ဒီနေ့ငါ မင်းကိုတိုကျိုမြို့က နာမည်ကြီး club ကိုလိုက်ပို့မယ်...."

"ဟာကွာ... မသွားချင်ပါဘူး မျက်စိရှုပ်နားရှုပ်နဲ့...."

"မင်း ဟိုရောက်ရင် သဘောကျသွားမှာပါ....ငါသိနေတယ် "

PROMISE ME|| 윤민 [Completed]Dove le storie prendono vita. Scoprilo ora