22 💕

673 129 25
                                    

{ Zawgyi }

အုံခဲနေတဲ့ခေါင်းကို လက်နဲ့အသာထိန်းကိုင်ပြီး မျက်လုံးတွေကိုဖွင့်လိုက်မိတော့ နေရောင်ကမျက်လုံးကိုတည့်တည့်ထိုးနေတာကြောင့် ကျိန်းစက်သွားရလေသည်။ ဒါကြောင့် မျက်နှာကိုတစ်ဖက်ကိုစောင်းလိုက်တော့ တွေ့လိုက်ရတဲ့ ကျောပြင်ဖြူဖြူလေး။

ရုတ်တရက်တွေ့လိုက်ရတဲ့ ထိုကျောပြင်ငယ်ကြောင့် သူလန့်သွားရသည်။ ဘာတွေများဖြစ်ကုန်တာပါလိမ့်။ ကိုယ်လုံးကိုအသာကြွပြီး ကျောပေးအိပ်နေသူကိုကြည့်လိုက်တော့ သူလုံးဝ မထင်မှတ်ထားသည့် ဂျီမင်ဖြစ်နေလေသည်။

ဘာတွေများဖြစ်ကုန်တာပါလိမ့်။ မျက်စိအစုံကိုမှိတ်ကာ မနေ့ညကအကြောင်းတွေပြန်တွေးမိတော့မှာ ပုံရိပ်တွေကတစ်ခုချင်းစီ ပေါ်လာရလေသည်။ နမ်ဂျွန်းနဲ့ ဆိုင်ထဲကနေ သိုင်းကွက်နင်းပြီးပြန်ထွက်လာတာတွေ ကားပေါ်ကဆင်းလာတဲ့ သူ့ကိုပြေးပွေ့ပြီး အိမ်ပေါ်ကိုခေါ်လာတဲ့ ဂျီမင်...။

ထို့နောက် ဂျီမင်ကို သူ့ခံစားချက်တွေဖွင့်ထုတ်ဖြစ်ခဲ့သည်။ အဲ့ဒီနောက်မှာတော့ ထပ်တူကျသွား​သော နှုတ်ခမ်းများ အရိုင်းဆန်ရဲ့ သူ့ရဲ့အပြုအမူတွေ နာကျင်စွာငြီးတွားနေတဲ့ ဂျီမင်ရဲ့မျက်နှာလေးအားလုံးက အစီအရီပေါ်လာလေသည်။

အရက်မူးပြီး သူ့ခံစားချက်တွေအကုန်လုံးကိုဖွင့်ဟမိခဲ့တာပဲ။ သူ့စကားကိုရော အပြုအမူ​တွေကိုပါ မငြင်းဆန်ခဲ့တဲ့ ဂျီမင်က သူ့အပေါ်မှာခံစားချက်တွေရှိနေတာလား။ ဂျီမင်ရဲ့ကျောပြင်ကိုကြည့်ပြီး သူတွေးနေတုန်းမှာပဲ လူးလူးလွန့်လွန့်နဲ့ အပျင်းကြောဆွဲပြီး ဂျီမင် နိုးလာလေသည်။

သူ့ကိုတွေ့တော့ ရှက်သွားပြီး မျက်နှာလေးရဲတက်သွားလေသည်။ သူကိုယ်တိုင်လည်း ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေခဲ့လေသည်။

"နိုး.. နိုးပြီလား "

တစ်ခါမှမထစ်စဖူး စကားတွေတောင်ထစ်နေခဲ့လေသည်။ ဂျီမင်ကတော့ သူ့အမေးကို ခေါင်းလေးအသာငြိမ့်ပြပြီး အဖြေပေးလေသည်။ အခုချိန်ထိ ကိုယ်တစ်ပိုင်းဗလာဖြစ်နေတာကြောင့် ကုတင်ခြေရင်းက အင်္ကျီကိုလှမ်းယူပြီးဝတ်လိုက်သည်။ ဂျီမင်ကိုလည်းအင်္ကျီလှမ်း​ပေးလိုက်သည်။

PROMISE ME|| 윤민 [Completed]Where stories live. Discover now