" ဂျီမင်... ဒီနေ့ကစပြီး ယွန်းဂီဆီမှာအလုပ်ဝင်ပြီး
ပညာယူရမယ်...."မနက်စာထမင်းဝိုင်းမှာ အဖေပြောလိုက်တဲ့စကားကြောင့် ဂျီမင် လန့်သွားရလေသည်။
"အဖေ ရုတ်တရက်ကြီး.... ပြီးတော့ အကိုယွန်းဂီရောအဆင်ပြေပါ့မလား... ကျွန်တော့ကိုသင်ပေးဖို့...."
"အဆင်ပြေပါတယ်... ဟိုနေ့ကတည်းက ဦးလေးပြောထားတယ် ခနနေကျရင်အတူသွားကြတာပေါ့...."
ယွန်းဂီရဲ့စကားကြောင့် ဂျီမင်လည်း ထမင်းကို အမြန်လက်စသတ်လိုက်ပြီး ဝတ်စားပြင်ဆင်လိုက်သည်။ထိုအချိန်မှာပဲ အခန်းထဲကိုဂျီအာဝင်လာလေသည်။
" ဒီနေ့ကစပြီး အနီးကပ်နေကြရတော့မှာပေါ့...."
"ဘာကိုပြောတာလဲ ဂျီအာ...."
"ဘာမှမဟုတ်တော့ပါဘူး.... ငါ့မောင်လေးကြိုးစားထားလို့လာပြောတာ...."
ဂျီမင်လည်း ဂျီအာ့ကိုပြန်ရန်မတွေ့နိုင်ပဲ အခန်းထဲကနေအမြန်ပြေးထွက်လာခဲ့လိုက်သည်။ အချိန်တိကျတဲ့ ယွန်းဂီသူ့ကိုဆူမှာ စိတ်အူနေမိခြင်းဖြစ်သည်။
တိတ်ဆိတ်နေတဲ့ကားပေါ်မှ ဂျီမင်နေရထက်နေခဲ့သည်။ စကားစပြောချင်ပေမယ့်လည်း ဘာပြောရမှန်းမသိဖြစ်နေခဲ့သည်။
"ကျောင်းပြီးကတည်းက ဘာအလုပ်မှမလုပ်ဖူးခဲ့ဘူးလား....."
"ဟုတ် ဘာအလုပ်မှမလုပ်ခဲ့ဖူးဘူး...."
ရုတ်တရက် ယွန်းဂီဘက်ကစကားစပြောလာတာကြောင့် ဂျီမင်ကျေနပ်သွားသည်။ မဟုတ်ရင် အလုပ်သွားတဲ့ လမ်းတစ်လျှောက်လုံး သူနေရကြပ်နေမှာသေချာသည်။
"အေးပေါ့လေ အလုပ်လုပ်ဖို့ထပ်အရေးကြီးတဲ့ အရာတွေလုပ်နေရတာကိုး...."
"ဗျာ...."
အစကတော့ ယွန်းဂီဘာအဓိပ္ပါယ်နဲ့ပြောလိုက်တာလည်းဆိုတာ ဂျီမင် နားမလည်လိုက်ပေ။ သေချာစဉ်းစားကြည့်တော့မှ သူလိမ်ခဲ့တဲ့ကိစ္စကိုအရွဲ့တိုက်ပြီးပြောနေတာမှန်း သိလိုက်ရလေသည်။ ဒီလိုနဲ့ပဲ သူတို့ကြားမှာပြောစရာစကားတွေပျောက်ဆုံးသွားခဲ့ရလေသည်။
ကုမ္ပဏီကိုရောက်တော့ ယွန်းဂီကသူ့ကို ဂျောင်ကုနဲ့အတူအလုပ်တွဲလုပ်စေလေသည်။ ဂျောင်ကုရဲ့ အလုပ်စားပွဲမှာပဲ သူ့ကိုအတူထိုင်ခိုင်းလေသည်။
YOU ARE READING
PROMISE ME|| 윤민 [Completed]
Fanfictionငါ့ကိုလိမ်ညာခဲ့တဲ့အတွက် မင်းအမြဲတမ်းနာကျင်ခံစားစေရမယ် မရည်ရွယ်ပဲနဲ့ မှားခဲ့တဲ့အမှားတွေအတွက် ကျွန်တော်တောင်းပန်ပါတယ် ဒါပေမယ့် ကျွန်တော် အကို့ကိုသိပ်ချစ်တယ်