3💕 U&Z

1.1K 184 12
                                    

ညနေခင်းလေးတွင်ဂျယ်ဂျူကျွန်းသို့
သွားရန်ကောင်လေးနှစ်ယောက်ပြင်ဆင်လျက်..။
နှစ်ယောက်အတူနေရန် အိမ်သက်သက်ကို
မိဘများကပြင်ဆင်ပေးထားသော်လည်း
ယခုအချိန်ထိ တစ်ယောက်မျှမသွားရသေး..။
ယွန်းဂီကတော့ အဆင်သင့်ဖြစ်နေသော်လည်း
ဂျီမင်မှာ ယခုထိအဆင်သင့်မဖြစ်နိုင်သေး..။
ယခုလဲ ဂျီမင် အ၀တ်အစားများယူမည်ဟုဆိုကာ
မိဘအိမ်အားပြန်ပြေးလာခြင်းပင်..။

“မေမေ...ကျွန်တော်မသွားချင်ဘူး...”

“မသွားလို့မှ မရတာ...
လိုက်သွားပြီး မသိအောင်သာရှောင်နေတော့...
သိသွားလို့မဖြစ်ဘူးတဲ့
ဂျယ်အွန်းကပြောထားတယ်...
နောက်ကျမှအမေတို့ သေချာရှင်းပြမှာမို့လို့
အခုတော့ ဒီအတိုင်းလိုက်သွားပေး....”

“မေမေ!!!!!
ကျွန်တော်မသွားချင်ဘူးလို့....
သွားရင်...ကျွန်တော်ယောက်ျားလေးဆိုတာကို
သိသွားလိမ့်မယ်လို့!!!!”

“မသွားလို့မရဘူး ဂျီမင်..
သားတို့ပြန်လာတာနဲ့ အမေတို့သေချာရှင်းပြပေးမယ်
ခဏလေးပဲ ခဏလေးပဲဟန်ဆောင်နေပေးပါနော်...”

သားအမိနှစ်ယောက် ငြင်းဆိုနေခိုက်
အိမ်ရှေ့သို့ရောက်လာသော ကားလေးတစ်စီး..။

“ယွန်းဂီရောက်လာပြီထင်တယ် သွားတော့သား...”

“မေမေ....”

မိခင်အားအသနားခံသည့်မျက်နှာနှင့်ကြည့်လာသော
သားဖြစ်သူအား သနားမိသော်လည်း
ဘာမှပြန်မပြောတော့ပဲ
ယွန်းဂီဆီသို့ သွားရန်သာပြင်လိုက်တော့သည်..။

“မြန်မြန် အင်္ကျီအထုပ်တွေ ယူလာခဲ့တော့...”

လှည့်မထွက်ခင်
သားဖြစ်သူအား ကြည့်မိတော့ ခပ်မဲ့မဲ့မျက်နှာထားဖြစ်နေသည်မို့
သူမရင်နာခဲ့ရပါသေးသည်..။
ထို့ကြောင့် အတတ်နိုင်ဆုံးအမှန်တရားကိုဖွင့်ပြောရန် နည်းလမ်းရှာနေမိ၏..။

“သားအစ္မအက်ႌေတြ မယူသြားပဲ
သားအက်ႌေတြပဲ ယူသြား...”

“ဗ်ာ...”

အံ့ဩသလိုဖြစ်သွားသော သားဖြစ်သူ၏မျက်နှာအား
ကြည့်၍သူမ ရင်နာသွားမိသည်..။
သူမ၏သမီးအားလည်း ဒေါသထွက်ဖြစ်ကာ ထုရိုက်ချင်စိတ်ကတဖွားဖွား..။

PROMISE ME|| 윤민 [Completed]जहाँ कहानियाँ रहती हैं। अभी खोजें