25💕

582 108 23
                                    

{ Zawgyi }

" ပတ်ခ်ဂျီမင် "

အဖေ့ရဲ့အော်ခေါ်သံဟာ သူ့နားထဲ မိုးကြိုပစ်သံအလား ကျယ်လောင်စွာမြည်ဟီးသွားခဲ့လေသည်။ လက်ထဲကဖုန်းကလည်း ကြမ်းပြင်ပေါ်ကိုပြုတ်ကျသွားခဲ့သလို မျက်ဝန်းမှမျက်ရည်များလည်း ကျဆင်းလာခဲ့ရသည်။

ဒီလိုအခြေအနေကိုကြုံတွေရမယ်ဆိုတာ သူသိနေခဲ့ပေမယ့်လည်း တကယ်တမ်းရင်ဆိုင်ရတဲ့အချိန်မှာတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိနဲ့ ကြောင်အနေခဲ့မိသည်။

"ဂျီမင် အခုချက်ချင်းလာခဲ့စမ်း...."

အဖေ့ရဲ့ဒုတိယအကြိမ်မြောက်အော်ခေါ်သံအကြားမှာတော့ သူ့ကိုယ်လေးတုန်တက်မတက်လန့်သွားရလေသည်။ တုန်ရင်နေသောခြေလှမ်းတွေနဲ့အတူ အဖေရှိရာဧည့်ခန်းကိုထွက်လာခဲ့လိုက်ရလေသည်။

"ဒါကဘယ်လိုဖြစ်တာလဲ.... ငါ့ကိုရှင်းပြစမ်း "

အဖေရှေ့အရောက်မှာပဲ အဖေကသူရှေ့ကိုသတင်းစာတစ်စောင်ပစ်ချပေးလေသည်။ ယူပြီးကြည့်စရာမလိုတောင် ဒီသတင်းစာထဲမှာ ဘာအကြောင်းအရာတွေပါလဲဆိုတာ သူသိနေခဲ့ပြီးပြီဖြစ်သည်။

"သား....သားရှင်းပြပါ့မယ် "

"ဘာရှင်းပြမှာလဲ... မင်း စဉ်းစားဆင်ခြင်ဥာဏ်မရှိနဲ့ လုပ်လိုက်တဲ့ကိစ္စကတစ်မိသားစုလုံးကိုအရှက်ရစေနိုင်တယ်ဆိုတာ မင်းသိရဲ့လား...."

"သား သိပါတယ်... ဒါပေမယ့် သား သူ့ကိုအရမ်းချစ်မိသွားလို့ပါ...."

"ဘာ မင်း..... ဘာစကားပြောလိုက်တာလဲ အဲ့တာဖြစ်သင့်တယ်လို့မင်းထင်လား.... မင်း အစ်မရဲ့အရင်ယောက်ျားနဲ့ချစ်သူတွေဖြစ်တယ်ဆိုတာ ဖြစ်သင့်တဲ့ကိစ္စမဟုတ်ဘူးဆိုတာ မင်း နားလည်ရဲ့လား...."

အဖေ ဘယ်လောက်တောင်ဒေါသထွက်နေမလဲဆိုတာ ဂျီမင်သိတာကြောင့် အဖေ့မျက်နှာကိုတောင်မော့မကြည့်ရဲပေ။ ဒီနေ့မနက်မှာတက်လာတဲ့သတင်းက သူတို့မိသားစုအတွက် ထိတ်လန့်စရာအကောင်းဆုံးဖြစ်ခဲ့ရလေသည်။ အမေကတော့ ခုံပေါ်မှာထိုင်ရင်းငိုနေရှာပြီး သူ့ကိုဘာစကားမှမပြောပေ။

PROMISE ME|| 윤민 [Completed]Dove le storie prendono vita. Scoprilo ora