15💕

663 118 26
                                    

ဂျီမင် သူနဲ့ရိုနာကိုတွေ့ပြီးအထင်လွဲသွားမှန်း သူသိသည်။ ဒါပေမယ့်လည်း အကြောင်းအရင်းအမှန်ကို ပြန်ရှင်းပြချင်စိတ်မရှိပေ။ သူနဲ့ရိုနာ တစ်ခုခုပတ်သတ်နေတယ်လို့ထင်ရင်လည်း ထင်ပါစေတော့။ အစ်မကိုသိပ်ချစ်တဲ့ ဂျီမင်တစ်ယောက် အစ်မနဲ့လက်ထပ်ထားသူက တခြားမိန်းကလေးတစ်ယောက်နဲ့ပတ်သတ်နေလို့ ထင်သွားရင် ဘယ်လောက်တောင် ဒေါသဖြစ်နေလိုက်မလဲ။

ဖြစ်စမ်းပါစေ သူဖြစ်ခဲ့ရတဲ့ ဒေါသနဲ့ယှဉ်ရင် ဒီလောက်ကဘာမှမဟုတ်ပေ။ ဒါက အကင်းပဲရှိသေးတယ် ဂျီမင် နောက်ဆို ဒီထပ်ပိုဆိုးတာတွေလာတော့မှာ။

"သူဌေး ခေါ်တယ်ဆို...."

ရုံးခန်းထဲကို ကုပ်ကုပ်လေးဝင်လာတဲ့ ဂျီမင်ကို ကြည့်ပြီး ယွန်းဂီ မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိသည်။

"သတိပေးမလို့... နောက်ဆို ငါမခေါ်ပဲရုံးခန်းထဲမလာနဲ့.... ဧည့်သည်လာလို့ ကော်ဖီပို့ဖို့လိုရင် ငါပြောမယ် မင်းသဘောနဲ့မင်းမလုပ်နဲ့... ပြီးတော့ ရိုနာက ဧည့်သည်မဟုတ်ဘူး ငါ့အတွက်အရေးပါတဲ့သူပဲ... အဲ့တာကြောင့် သူလာရင်မေးတာမြန်းတာမျိုး မလုပ်နဲ့ ငါမကြိုက်ဘူး ဟုတ်ပြီလား...."

"ဟုတ်ကဲ့ ကျွန်တော်မှတ်ထားပါ့မယ်...."

"ဒါဆို အလုပ်သွားပြန်လုပ်တော့ရပြီ...."

ဂျီမင်ရုံးခန်းထဲကပြန်ထွက်သွားတော့ သူလည်း အလုပ်ဆက်လုပ်နေလိုက်သည်။ တကယ်တော့ ရိုနာ မျက်တောင်မွှေးကျွတ်ပြီး မျက်လုံးထဲဝင်နေတာကြောင့် သူ လေနဲ့မှုတ်ထုတ်ပေးနေခဲ့တာကို နောက်ကျောကနေမြင်လိုက်ရတဲ့ ဂျီမင်က အထင်လွဲသွားခြင်းဖြစ်သည်။

ကော်ဖီခွက်တွေပါ လွတ်ကျသွားလောက်အောင် အံ့သြသွားမယ်လို့ သူ မထင်ခဲ့မိပေ။ အခုတော့ မထင်မှတ်ထားတဲ့ကိစ္စလေးက ဂျီမင်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာကို သိရတော့ သူဝမ်းသာမိသည်။ နောက်လည်း ဂျီမင် ဒီထပ်ပိုပြီး စိတ်ဆင်းရစေဖို့ သူမျှော်လင့်မိလေသည်။

^*^*^*^*^*^*^*^

ရုံးခန်းထဲကို တကူးတကခေါ်ပြီး မှာတဲ့စကားတွေကြောင့် ဂျီမင် စိတ်တိုရလေသည်။ ရိုနာကငါ့အတွက်အရေးပါတဲ့သူ ဆိုတဲ့စကားကိုပို စိတ်တိုမိသည်။

PROMISE ME|| 윤민 [Completed]Where stories live. Discover now