4💕 U&Z

892 149 7
                                    

Ting Tong Ting Tong

တံခါးမဖွင့်ပေးမချင်း အဆက်မပြတ်ကြားနေရသော ဘဲလ်သံကြောင့်
ကျွန်တော် sofaပေါ်တွင်အိပ်နေရာမှ အိပ်ချင်မူးတူးနှင့်
အတင်းထကာ တံခါးသွားဖွင့်ပေးလိုက်ရ၏..။
ကုတင်ပေါ်တွင် အိပ်နေသော ယွန်းဂီကတော့ ဘဲလ်သံကိုလည်း ကြားမည့်ပုံမပေါ်..။

"ဟင် ဂျီအာ..."

တံခါးဖွင့်လိုက်သည်နှင့် အစ်မအားမြင်လိုက်ရသဖြင့်
အိပ်ချင်နေသောမျက်လုံးများသည်ပင်
ချက်ချင်း ၀ိုင်းစက်သွားခဲ့တော့သည်..။

"အံ့ဩသွားတာလား...
အံ့ဩမနေနဲ့တော့ နင်ပြန်လို့ရပြီ.."

ဟင်...ရုတ်တရက်ကြီး ပြန်ပေါ်လာပြီး ပြောလိုက်တာက ပြန်တော့တဲ့လား အစ်မပြန်ရောက်လာတာနဲ့ ကျွန်တော်ကယွန်းဂီဘေးနားကနေ ထွက်သွားရတော့မှာများလား...။

"ငါက ဘာလို့??"

စိတ်အတွင်း၌တုန်လှုပ်သွားသော်လည်း
အတတ်နိုင်ဆုံး သတိထားကာ အစ်မဖြစ်သူအား အဖြေကိုသိနေလျက်နှင့် မေးခွန်းပြန်ထုတ်လိုက်သည်..။

"ငါ ငါ့နေရာကိုပြန်ရောက်လာပြီလေ...
ငါ မင်္ဂလာပွဲနေ့က ထွက်သွားမိတာ တကယ်နောင်တရတယ်သိလား..
နင်ကငါ့နေရာအစားဝင်ဟန်ဆောင်ပေးနေရတာ
ငါအားနာလို့ ပြန်လာတာ...
တောင်းပန်ပါတယ်မောင်လေး.."

"ဟင်..."

ပြောစရာစကားလုံးဝပျောက်သွားတယ်ဆိုတာ ဒီလိုဖြစ်ရပ်မျိုးမှာ ပြောရမည့်စကားထင်ပါရဲ့..။

"အခု ပြန်လို့ရပြီ...
မင်ယွန်းဂီကိုငါပဲရှင်းပြလိုက်တော့မယ်..
ရော့ Air Ticket ပါ ၀ယ်ထားပေးတယ်..
သွားတော့..."

"ဟင့်အင်း မသွားဘူး.."

ဟမ် ကျွန်တော်ဘာလို့ ငြင်းနေမိပါလိမ့်..
တကယ်တမ်းဆို ကျွန်တော်ပျော်နေသင့်တာမဟုတ်လား..။
"သွားတော့လို့ ငါပြောနေတယ်လေ..
မင်ယွန်းဂီ နိုးမလာခင်မြန်မြန်သွားတော့..."

"မသွားဘူး!!!လုံးဝပဲ!!"

ဟောဗျာ ထပ်ငြင်းမိပြန်ပြီ ကျွန်တော်စိတ်ကဘာလို့ အခုလိုဖြစ်နေရတာပါလိမ့်..။

"Yah Park Jimin!!!တကယ်မသွားဘူးပေါ့.."

"အင်း လုံးဝ မသွားဘူး!!!"

PROMISE ME|| 윤민 [Completed]Onde histórias criam vida. Descubra agora