အပိုင်း ၁၂

5.1K 481 10
                                    


Unicode


တခဏအတွင်းမှာ ပိတ်စဆိုင်အတွင်းရှိအပူချိန်မှာ စိုးရိမ်အမှတ်အောက် သိသိသာသာ ကျဆင်းသွားတယ်။
ကြားလိုက်ရတဲ့အသံနဲ့အတူ သက်ရောက်လာတဲ့ အရှိန်အဝါကြီးက လူတယောက်ကို အသေသတ်တာထက်ဆိုးဝါးစွာ ခံစားရစေသည်။

ရှီဖုန်း ပိုင်ဝေ့ရှင်း သွားရာတလျှောက်နောက်မှ အေးဆေးစွာလိုက်လာခဲ့တယ် ။ သူမ ဝင်ကြည့်ခဲ့သောဆိုင်များမှ ကိုင်ခဲ့သမျှ အရာအားလုံးအား တခုမကျန်ဝယ်စေ၍ ကျန့်ဇီနဲ့အတူပါလာသော အမှုထမ်းတဦးအား အကုန်ကိုင်ခိုင်းထားလိုက်သည်။ ဘယ်လောက်များလဲဆို
မနိုင်မနင်းဖြစ်လာသောကြောင့် လှည်းနဲ့ အိမ်ကို အရင်ပြန်ပို့စေသည့်အထိပင်။
(အမလေး ဘောစိလောင်ကုန်းကြောင့် ငါ့သားလေးတော့ပင်ပန်းနေပါပြီဟယ်)
ပိတ်စဆိုင်ရှေ့အရောက် သူမနှစ်သက်ရာကိုတွေ့သွားသည်နှင့်ထင်သည်။ ဘေးကကောင်မလေးလက်ကိုဆွဲကာ အပြေးဝင်ရောက်သွားသည်။ သူမ ဝယ်ချင်တာ ဝယ်ဖို့အတွက် ငွေကြေးမပါတာသိသည့်အတွက် တသက်လုံးတခါမှမဝင်ဖူးတဲ့ အမျိုးသမီးတွေအတွက် ပိတ်စရောင်းတဲ့ဆိုင်ထဲအား ဝင်ရန်ပြင်လိုက်စဥ်
ကြားလိုက်ရသောစကားသံများကြောင့် ခေတ္တရပ်ကာ နားထောင်လိုက်မိသည် ။

ယဥ်ကျေးသိမ့်မွေ့၍ ကြင်နာတတ်ပြီး စိတ်ထားဖြူစင်သည်ဟု သူသတ်မှတ်ထားသော သူ့ရဲ့ချစ်ရသောသူ၏စကားသံများကြောင့် အလွန်ပင်ဒေါသထွက်သွားရသည်။ အရင်က ပိုင်ဝေ့ရှင်းပြောခဲ့သည်များကို ပြန်လည်ကြားယောင်လာခဲ့သည်။ ဒါ့အပြင် ပိုင်ဝေ့ရှင်းအကြောင်းကို သူမပြောပြခဲ့သောစကားများမှာလဲ အမှန်တရားလုံးဝမဖြစ်နိုင်တော့ချေ ။ ဒါဆို သူ ပိုင်ဝေ့ရှင်းအပေါ် အထင်လွဲခဲ့တာပေါ့ ။ အာ့တာတောင် အတော်ကြီးကိုကြီးမားတာ ။
အခုလဲ ကြားလိုက်ရတဲ့စကား မြင်လိုက်ရသောမြင်ကွင်းကြောင့် ဒေါသမထိန်းနိုင်ပဲ ထိုနေရာရှိ လူအားလုံးအားသတ်ချင်စိတ်ပေါက်သွားရသည်။ အဓိကအပြင်းဆုံးကတော့
သူတောင်မနမ်းရသေးတဲ့ပါးပြင်လေးကို ရိုက်ချလိုက်ရတာ သူ့ရဲ့သည်းခံနိုင်စွမ်းအတိုင်းအတာကို လုံးဝကျော်လွန်သွားတာပဲ ။ သူ့ကိုသူ ပဏာမဇနီးအဖြစ် အပိုင်တွက်ထားတာက အတော်ကို ဘဝင်မြင့်လွန်းသည်။
သူ့ဘက် ပြတ်ပြတ်သားသားမလုပ်နိုင်ပဲဆက်နေရင်
သူ့ဇနီးလေး ဒီထက်ပိုပြီး မျက်နှာငယ်ရမဲ့ကိန်းဖြစ်နေပြီ ။ တော်ဝင်မိသားစုရဲ့မိသားစုဝင်ကို ထိရင် ဘာဖြစ်မလဲဆိုတာ ပြသရန်လိုပေပြီ။

ချစ်သောဗီလိန်လေး 1  (Complete) Where stories live. Discover now