အပိုင်း ၁၉

4.3K 381 11
                                    


Unicode

                           နန်းတော်သို့ရောက်သောအခါ ပိုင်ဝေ့ရှင်း ရှောင်ဖေးအကူအညီဖြင့်  မြင်းလှည်းပေါ်မှ ဆင်းကာ အရှေ့သို့ ကြည့်လိုက်ရာ
ဂိတ်တံခါးဝတွင်  ထိုင်ခုံငယ်လေးအပေါ်၌ အမိုးလေးသာပါပြီး ဘေးဘက်မှာ ပဝါပါးလေးသာ ကာယံထားသောဝေါယာဥ်ငယ်လေးဖြင့် ရှီဖုန်းတယောက် စောင့်နေတာကိုတွေ့လိုက်ရတယ်။ ပိုင်ဝေ့ရှင်းရှိရာဆီသို့ လျှောက်လာကာ..

'' ချစ်ဇနီးလေး  မင်းကို ကိုယ်လာစောင့်နေတာ.  ''

'' ကျမ လာတတ်ပါတယ် ဟိုတလောကလေးတင် ရောက်သေးတာကို  အာ့လောက်လဲ သတိမမေ့တတ်ပါဘူး ''

'' ကိုယ်က  ကိုယ်တိုင်လာကြိုချင်လို့ပါ. ဒီမှာ ချစ်ဇနီးလေး ပင်ပန်းမှာစိုးလို့ ဝေါယာဥ်ပါသယ်လာတယ်  လာ တက်..''

        ပိုကိုပိုလွန်းတယ်ဟူသော သဘောဖြင့် မျက်စောင်းထိုးလိုက်ပြီး  ဝေါယာဥ်ပေါ်သို့  အသာတက်သွားလိုက်သည်။  လမ်းတလျှောက် အပြင်အဆင်များအား ငေးမောရင်း ပိုင်ဝေ့ရှင်း သဘောကျနေမိသည်။ အရင်ကထဲက  ပန်းအပြင်အဆင်ဒီဇိုင်းများအား ဝါသနာပါသည့်အတွက် ဒီဘက်ခေတ်ရဲ့ပုံစံတွေဟာ သူမအတွက် ထူးခြားလှပနေတယ် ။ တခဏအကြာတွင်  အခမ်းအနားပွဲကျင်းပမည့် နန်းတော်အလယ်ရှိ ကျယ်ပြန့်တဲ့ကွင်းကျယ်ကြီးသို့ရောက်လာခဲ့သည်။  ရှီဖုန်း ပိုင်ဝေ့ရှင်းဆီသို့ လက်ကမ်းပေးကာ အောက်သို့ရောက်အောင်ကူညီပေးလိုက်သည်။ ပိုင်ဝေ့ရှင်း  ပွဲအနေအထားကိုအကဲခတ်ရင်း မစ်ရှင်ဆောင်ရွက်ရန်အတွက် မျက်စိကစားနေလိုက်တယ် ။

''  ဒုတိယမင်းသား  ထန်တိုင်းပြည်က သံတမန်နဲ့ဧည့်သည်တော်တွေအား ပွဲတော်ကျင်းပရာသို့ ခေါ်ဆောင်လာပြီးကြောင်းပါ မင်းသား လိုက်လံ စစ်ဆေးတော်မူပါ ''

'' ဟုတ်ပြီ   ငါမင်းသား လိုက်ကြည့်မယ် မင်းအရင်သွားနှင့်လိုက်  ''

     ရှီဖုန်း   ပိုင်ဝေ့ရှင်းဘက်လှည့်ကာ......
''   ရှင်းအာ ကိုယ် ကိစ္စလေးရှိလို့ ဟိုဘက်နားသွားဦးမယ် ဒိီက  အထိန်းတော်ကြီးက လိုက်ပြပေးလိမ့်မယ် နေရာကို  အရင်သွားနှင့်လိုက်နော် ကိုယ်နောက်ကလိုက်လာခဲ့မယ်  ''

ချစ်သောဗီလိန်လေး 1  (Complete) Where stories live. Discover now