အပိုင်း ၁

7.5K 547 20
                                    

unicode

ပိုင်ဝေ့ရှင်း ကူးပြောင်းလာတဲ့အချိန်က ရှီဖုန်းက သူမနဲ့လက်ထပ်ပြီး အိမ်တော်မှာ ပစ်ထားကာ သူ့ချစ်သူဇာတ်လိုက်မလုံဟွာနဲ့ ပျော်ပါးနေသောအချိန်ဖြစ်သည်။ ပိုင်ဝေ့ရှင်းလဲ သူမ့ရဲ့သွင်ပြင်ကို ကြည့်ချင်သောကြောင့် မှန်လိုက်ရှာရာ ဝါးတားတားနဲ့ အမြင်မကြည်လင်သော ကြေးမုံပြင်တခုကိုသာတွေ့လေသည်။ မြင်လိုက်ရတဲ့သူမ့မျက်နှာက ပိုင်ဝေ့ရှင်းရဲ့မူရင်းမျက်နှာထက်အဆပေါင်းများစွာ လှပနေတာတွေ့လိုက်ရသည်။

"အမလေး..အရူးကောင်ရယ် ဒိလောက်လှတဲ့ဇနိီးမယားကိုထားပြီး အကျင့်မကောင်းတဲ့မိန်းမရဲ့ဖျားယောင်းမှုအောက်မှာရောက်နေရတယ်လို့.. သနားလိုက်တာမောင်လေးရယ်''

"Hostရေ''

"ဟက်ပလုတ်တုတ်... လန့်လိုက်တာ ''

ပိုင်ဝေ့ရှင်း သူမ့စိတ်ကူးနဲ့ဇာတ်လိုက်ကို မေတ္တာပို့နေရာမှ system အဖြူလုံးလေးရဲ့အသံကိုကြားလိုက်ရာ လန့်သွားသဖြင့် စိတ်ထဲမှာ ဆဲလိုက်သည်။(f**kပဲ)

System... အကုန်ကြားရတယ်နော်hostရေ hostတွေးသမျှကို ကြားနိုင်အောင်ချိတ်ဆက်ထားတယ်လို့ ပြောထားတယ်နော်

ပိုင်ဝေ့ရှင်း...အော် အဖြူလုံးလေးရယ် မမကဘာမှမပြောပါဘူး ဟိုအရူးကောင်ကို ပညာပေးဖို့ပဲ စဥ်းစားနေတာပါ အဖြူလုံးလေးကိုမဆဲရပါဘူးနော်

Sys... host is the ဗြောင်လိမ်ဗြောင်စား

ပိုင်ဝေ့ရှင်း...ကဲပါ အခုကစပြီး ဖြူလုံးလေးလို့ပဲခေါ်မယ်နော် system1005ဆိုတာကြီးက ရှည်လွန်းသလားလို့ပါ.ဒါနဲ့ အခု ဇာတ်လိုက် ဘယ်မှာလဲဆိုတာ သိလို့ရနိုင်လား

Sys...hostရယ် အထင်သေးလိုက်တာ ဒီက အာ့ထက်အများကြီးစွမ်းပါတယ်နော်.အာ့ထက်လုပ်နိုင်တာအများကြီးပါ

ပိုင်ဝေ့ရှင်း...အာ့တာဆို mission clearပြီးတော့ ငါ့အိမ်ပြန်ပို့လေ

Sys...အာ့တာကတော့မရဘူးလေ.hostကလဲ အဟဲ မနောက်ရဘူး.

ပိုင်ဝေ့ရှင်း... အာ့ဆိုစကားမများနဲ့.မေးတာသာဖြေ

Systemကို အနိုင်ကျင့်တယ် ဗြဲ ဒီhostကိုလဲပေး လဲပေး.....

Sys...ဇာတ်လိုက်က ဇာတ်လိုက်မနဲ့ ကြာပန်းဆီမီးခွက်မျှောတဲ့ပွဲကို သွားပါတယ် အခု မြစ်ကမ်းနဘေးမှာပါ

ချစ်သောဗီလိန်လေး 1  (Complete) Where stories live. Discover now