အပိုင်း ၂၀

3.9K 375 13
                                    


Unicode
 

            ထန်နိုင်ငံသံတမန်ဆောင်ဘက်သို့အရောက်  လူသုံးယောက်ကို မသင်္ကာစရာတွေ့၍ နောက်မှ အသာလေးချောင်းကာလိုက်သွားလိုက်တယ် ။ တနေရာအရောက်တွင် ထိုလူများအား ကျောပေးအနေအထားဖြင့် ရပ်နေသော လူတယောက် အတိအကျပြောရရင် ယောကျာ်းတယောက်လိုဝတ်စားထားသောမိန်းမတယောက်  ။ ဟုတ်သည် ထိုအမျိုးသမီးဝတ်စားထားပုံမှာ ၂၁ရာစုက အနောက်တိုင်းဝတ်စုံနှင့်တူညီလှသည်။
ပိုင်ဝေ့ရှင်း  တိတ်တဆိတ်အနေနှင့်ဖြင့် အသာချောင်းနားထောင်နေလိုက်သည်။  ထိုလူသုံးယောက်မှာ အမျိုးသမီးအား  ကိုယ်ကိုကိုင်းညွတ်ပြီး အရိုအသေပေးကာ အပြာရောင်ဝတ်စုံဖြင့် ခေါင်းပေါ်မှာ ပေါင်မုန့်လိုဟာလေးတင်ထားသောတယောက်က.....

" ပိုင်သခင်မ မှာကြားထားသလို ကျတော်မျိုးတို့ ပြင်ဆင်ပြီးပါပြီ  ''

'' ကောင်းပြီ  ဒီကိစ္စက အရေးကြီးတယ် မင်းတို့ လုံးဝမှားလို့်မရဘူးဆိုတာသိတယ်မလား..  ပြီးသွားရင် ကိုယ့်ကိစ္စကိုယ်ရှင်းရမယ်ဆိုတာလဲ မမေ့နဲ့  ဘယ်သူ့အပေါ်ကိုမှ မီးခိုးမထွက်စေနဲ့   
ကြားလား ''

'' အမိန့်အတိုင်းပါ သခင်မ ''

ဘေးတွင်ရပ်ကာနေသည့် ကျန်နှစ်ယောက်အနက်မှ တယောက်က..
''  သခင်မရဲ့ သမီးလေး လာမယ်ဆိုတာ သိပြီးပြီလား သခင်မ... သူ့ရဲ့ကြင်ယာတော်မင်းသားက ဒီပွဲကို ဦးစီးကျင်းပတာတဲ့ ခုနက ကျတော်တို့ကို လာပြီး မိတ်ဆက်သွားတယ်.. သခင်မ မိသားစုနဲ့ တွေ့ဖို့ မကြိုးစားတော့ဘူးလား သခင်မ ''

''ချီကွေ့  မင်း မဆိုင်တာတွေပြောပြန်ပြီလား.. ''

''  ဒီအစေခံ လျှာရှည်မိပါတယ် သခင်မ အပြစ်ပေးပါ ''ဟုဆိုကာ  ခါးကို ၁၈၀ဒီဂရီအထိချိုးနှိမ်လိုက်လေသည်။

''  ဒီတခါတော့ရှိပစေ   မင်း ချီထန်းနဲ့လိုက်သွားပြီး  အာ့ကြွေခွက်ကို  အိမ်ရှေ့စံ သောက်ဖြစ်အောင် သေချာစီစဥ်လိုက် ချီထုန်းကတော့ ငါနဲ့အတူ  အခမ်းအနားဆီသွားဖို့ ပြင်ဆင်ကြမယ် မှတ်ထားနော်  ငါက  အနောက်နိုင်ငံရဲ့ ဂီတပညာရှင် ပိုင်လန်းဆိုပြီးပဲ မိတ်ဆက်ပေးရုံပဲ ကျန်တာ မပြောဘဲ ကိုယ့်နေရာကိုယ်ထိုင်ကြမယ် ''

ချစ်သောဗီလိန်လေး 1  (Complete) Where stories live. Discover now