အပိုင်း ၁၃

5.2K 485 16
                                    

     Unicode

                              ရှီဖုန်း ပိုင်ဝေ့ရှင်းမျက်လုံးအိပါးစပမ်ကနေ ပုလဲလုံးလေးလိုမျက်ရည်ကြည်လေးများ ကျဆင်းလာတာကို တွေ့လိုက်ရချိန်မှာ သူ့နှလုံးသားတခုလုံး ပဲ့ကြွေသွားသလိုခံစားလိုက်ရသည်။
   
ပိုင်ဝေ့ရှင်းရဲ့အပြောင်းအလဲအမြန်နှုန်းကို လုံဟွာတယောက်လိုက်မမှီပဲ ပါးစပ်အဟောင်းသားဖြင့်သာ ကြည့်နေမိသည်။ ရှီဖုန်းမျက်နှာပေါ်က အမူအရာခက်ထန်မှုကို မြင်လိုက်ရတဲ့နောက် သူမ့အပြစ်ကိုလွတ်စေရန် အလျင်အမြန် ကြိုးစားလိုက်သည်။

''အကိုဖုန်း  ညီမက  ပိုင်ဝေ့ရှင်းကို နားလည်အောင်ဆုံးမနေတာပါ..  အရင်လိုသူများတွေကို လိုက်အနိုင်မကျင့်ဖို့... ယောကျာ်းတွေနဲ့ပူးပူးကပ်ကပ်မနေဖို့... ပြောပြနေတာပါ..''

''မင်းက ငါ့ကို အသုံးမကျတဲ့ကောင်လို့ထင်နေတာလား
မိန်းမတစ်ယောက်ကိုတောင် မထိန်းသိမ်းနိုင်တဲ့ငတုံးငအလို့မှတ်နေတာလား..''

'' အကိုဖုန်း နားလည်မှုမလွဲပါနဲ့..ညီမက ဒီအတိုင်းလေးပြောလိုက်တာပါ. ''

'' တောင်းပန် ''

'' အကိုဖုန်းကို ညီမတောင်းပန်ပါတယ်''

''ငါ့ကိုမဟုတ်ဘူး..ငါ့ဇနီးကိုတောင်းပန် ''

သူ သူ့ဇနီးလို့ပြောလိုက်တာလား။  အခန်းငယ်တွင်းရှိ အားလုံးရဲ့အကြည့်ဟာ ရှီဖုန်းနဲ့ ကြမ်းပြင်ပေါ်မှာ လဲကျနေတဲ့ပိုင်ဝေ့ရှင်းအပေါ်ကို ကျရောက်လာတယ် ။
လုံဟွာနဲ့အတူ ပါလာသော သခင်မလေးများလဲ အံ့သြသင့်နေလေသည်။ လုံဟွာက ပြောထားသည်မှာ ပိုင်ဝေ့ရှင်းကို မင်းသားရှီဖုန်းက မကြိုက်ကြောင်း ၊ အလေးမထားကြောင်း ၊ သူမ(လုံဟွာ)ကိုသာ ချစ်မြတ်နိုးပြီး လက်ထပ်ယူမည်ဟု ကတိပေးထားကြောင်း ၊ ပိုင်ဝေ့ရှင်းဟာ အသုံးမကျတဲ့ ဘဝင်မြင့်မာနကြီးတဲ့ အပေါစားသခင်မလေးဖြစ်ကြောင်း ဟု သိထားရခြင်းဖြစ်၍ အခုလို သူမအနိုင်ကျင့်မှုမှာ ဝင်ရောက်အားပေးကူညီခဲ့ကြခြင်းဖြစ်သည်။  အခုတော့ သူမပြောထားတာနဲ့ ဆန့်ကျင့်ဘက် လုံးဝကွဲလွဲနေသည်။

ပိုင်ဝေ့ရှင်း  ခေါင်းငုံ့ထားရင်း ရှီဖုန်းရဲ့စကားကြောင့် အနည်းငယ် အံ့သြမိသည်။  သူမကို သူ့ဇနီးအဖြစ် သတ်မှတ်လိုက်တာလား။ ဒါဆို သူမ့အတွက် အခွင့်အရေးပိုပြီးရသွားပြီပေါ့။  သူမ့တာဝန် ပိုပြီး မြန်မြန်ပြီးနိုင်ပြီပေါ့။  စိတ်ထဲတွင် မီးရှူးမီးပန်းများ လွတ်တင်ကာ အောင်ပွဲခံနေလိုက်သည်။  သို့သော် မျက်နှာအမှုအရာအား အနိမ့်ကျဆုံးအထိနိမ့်ထားကာ  တသိမ့်သိမ့် ငိုကြွေးနေဟန် လုပ်ထားသည်။
Systemဖြူလုံးလေး သူ့hostရဲ့လှည့်ကွက်တွေကို လိုက်မမှီတော့ချေ။ဒီလောက်ဆို အမွှေးတိုင်ကြိုထွန်းလို့ရပြီလား??..

ချစ်သောဗီလိန်လေး 1  (Complete) Where stories live. Discover now